ကမာၻ႔အေကာင္းဆုံး ေက်ာက္စိမ္းေတြထြက္ေပမယ့္ ေလာဘေတြ ေၾကာင့္ လမ္းေကာင္း တလမ္းမွ မရွိတဲ့ၿမိဳ႕

ဖားကန႔္ေဒသဟာ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္းမွာေတာ့ ေက်ာက္တူးေဖာ္ခြင့္ ရတဲ့ ကုမၺဏီေတြက စက္ယႏၲရား အႀကီးစားေတြနဲ႔ တူးေဖာ္ၾက တာ ယေန႔ထိပါပဲ။ ေက်ာက္စိမ္းလုပ္ကြက္ေတြဟာ အစိုးရနဲ႔ ကုမၺဏီေတြၾကား အက်ိဳးတူ ဖက္စက္ တူးေဖာ္ လုပ္ကိုင္တာ ရွိသလို ကုမၺဏီ ေတြက အျပည့္အဝ တူးေဖာ္တာလည္းရွိပါတယ္။ KIA ကေတာ့ ၂၀၁၁ ခုႏွစ္မွာ အစိုးရနဲ႔ အပစ္အခတ္ ပ်က္ၿပီး တိုက္ပြဲေတြ ျပန္ျဖစ္ေနေပ မယ့္ ေက်ာက္စိမ္း တူးေဖာ္ေရး ကုမၺဏီေတြကို အခြန္ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေငြေၾကး ေကာက္ခံပါတယ္။ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္း ေတြကေန KIA ဟာလည္းႏွစ္စဥ္ သိန္း ေထာင္နဲ႔ခ်ီ ဝင္ေငြ ရပါတယ္။

တဖက္မွာေတာ့ တရားဝင္အေနနဲ႔ဆိုရင္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအရ သယံဇာတ အႀကီးစား တူးေဖာ္ထုတ္လုပ္တာနဲ႔ ပတ္သတ္ရင္ ျပည္ေထာင္စု အစိုးရျဖစ္တဲ့ ဗဟိုအစိုးရကပဲ လုပ္ပိုင္ခြင့္ခ်ေပးခြင့္ ရွိသလို ရသမွ်အခြန္ကိုလည္း ျပည္ေထာင္စုကပဲ ရတာပါ။ ျပည္ေထာင္စု အစိုးရအေနနဲ႔ ေက်ာက္စိမ္းတူးေဖာ္မႈေၾကာင့္ ေနာက္ဆက္တြဲ ျဖစ္လာတဲ့ ဆိုးက်ိဳးေတြကိုေတာ့ ေျဖရွင္းေပးဖို႔ ဌာေန တိုင္းရင္းသားေဒသ ခံေတြနဲ႔ ညႇိႏႈိင္းတာ၊ လမ္းပန္းဆက္သြယ္ေရး ေကာင္းေအာင္ ေဆာင္႐ြက္ေပးတာမ်ိဳး မေတြ႕ရပါဘူး။ကမာၻ႔အေကာင္းဆုံး ေက်ာက္စိမ္းမ်ား ထြက္ရာ ေဒသလို႔ နာမည္ေက်ာ္ၾကားေပမယ့္ ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕မွာ လမ္းေကာင္းေကာင္းဆိုလို႔ တလမ္းမွ မရွိပါဘူး။

ျမန္မာႏိုင္ငံတြင္းက ဆင္းရဲမြဲေတၿပီး အဖိုးတန္သယံဇာတ ထြက္ရွိျခင္း မရွိတဲ့ သာမန္ ေက်းလက္ေဒသက လမ္းေတြထက္ေတာင္ အေျခအ ေနဆိုးၿပီး ၿမိဳ႕တြင္းေရာ ၿမိဳ႕ျပင္ ေရာ လမ္း အားလုံးက ခ်ိဳင့္ခြက္ေတြနဲ႔ ျပည့္ေနပါတယ္။ကခ်င္ျပည္နယ္ ၿမိဳ႕ေတာ္ျမစ္ႀကီးနား ဘက္ ကေန လာရင္ ကာမိုင္းၿမိဳ႕ကစၿပီး ဖားကန႔္ၿမိဳ႕ထိ ဆက္သြယ္ထားတဲ့ ကားလမ္းဟာ အေတာ္ႀကီးကို ဆိုးဝါးလြန္းလွပါတယ္။ ဖားကန႔္ၿမိဳ႕တြင္းက လမ္းတိုင္းေရာ ၿမိဳ႕ျပင္ကေန ေက်ာက္စိမ္းလုပ္ကြက္ေတြကို သြားတဲ့လမ္းေတြပါ ခ်ိဳင့္ခြက္ႀကီး ခ်ိဳင့္ခြက္ငယ္ေပါင္းမ်ားစြာပါ။ ကခ်င္ျပည္ နယ္ ဖားကန႔္ၿမိဳ႕ဟာ တကမာၻလုံး ရဲ႕ ေက်ာက္စိမ္း ထုတ္လုပ္မႈက႑မွာ ၇၀ ရာခိုင္ႏႈန္းေက်ာ္ ေက်ာက္ထြက္တဲ့ ေဒသျဖစ္ၿပီး။

ကမာၻ႔အေကာင္းဆုံး သက္တမ္းရင့္ အရည္အေသြး ေကာင္းတဲ့ ေက်ာက္စိမ္းေတြ ထြက္တဲ့ ၿမိဳ႕နယ္ ျဖစ္ပါတယ္။ ေက်ာက္စိမ္းထဲမွာ ေဂ်း ဒိုက္ (Jadeite ) နဲ႔ နက္ဖ႐ိုက္ (Nephrite) ဆိုၿပီး ေက်ာက္အမ်ိဳးအစားကြဲမ်ား ရွိရာ ဖားကန႔္ဟာ ေက်ာက္စိမ္းထဲမွာမွ အရည္အေသြး အ ေကာင္းဆုံး ကမာၻေက်ာ္ ေဂ်းဒိုက္အမ်ိဳးစား ေက်ာက္မ်ား ထြက္ပါတယ္။ဖားကန႔္က ထြက္တဲ့ ေက်ာက္စိမ္းေတြကို ဗိုလ္ခ်ဳပ္မႉးႀကီး (ၿငိမ္း) သန္းေ႐ႊနဲ႔ သူ႔ေနာက္လိုက္ အရာရွိႀကီးေတြ၊ သူတို႔ မိသားစုေတြ၊ ခ႐ိုနီသူေဌးႀကီးေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြထဲမွာ အင္ အားအႀကီးဆုံး ျဖစ္တဲ့ ဝျပည္ေသြးစည္းညီၫြတ္ေရး တပ္မေတာ္ (UWSA)၊ တ႐ုတ္လုပ္ငန္းရွင္ေတြက ကုမၺဏီေတြ တရားဝင္ဖြင့္ၿပီး။

ဆယ္စုႏွစ္ တခုၾကာ တူးေဖာ္ လုပ္ကိုင္ေနခဲ့ၾကတာပါ။ သယံဇာတ စီမံအုပ္ခ်ဳပ္မႈဆိုင္ရာ မူဝါဒ ေရးရာ အႀကံေပးအဖြဲ႕ Natural Resources Governance Institute (NRGI) က ၂၀၁၉ ခုႏွစ္အတြင္းက ထုတ္ျပန္တဲ့ အခ်က္အလက္ေတြအရ ျမန္မာႏိုင္ငံက ေက်ာက္ စိမ္းကေန ႏွစ္စဥ္ အေမရိကန္ ေဒၚလာ ၁၅ ဘီလ်ံခန႔္ဝင္ေငြ ရရွိေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ေက်ာက္တူးေဖာ္ေရးလုပ္ငန္းကို တူးေဖာ္ခြင့္ ရရွိေနသူေတြရဲ႕ ဝင္ေငြ၊ အက်ိဳးအျမတ္ေတြကေတာ့ တိတိက်က် မသိရသလို တိုင္းျပည္အတြက္ အခြန္ဘ႑ာ ဘယ္ေလာက္ ေပးေဆာင္သလဲ၊ မေပးေဆာင္ဘူးလဲ မသိရွိ ရပါဘူး။ဧရာဝတီက မ်က္ဝါးထင္ထင္ ေတြ႕ခဲ့ရတာ ကေတာ့ ဖားကန႔္နဲ႔ လုံခင္းၿမိဳ႕ပတ္လည္ မွာ အရင္က ေတာင္တန္းႀကီးေတြဟာ ခ်ိဳင့္ဝွမ္းႀကီးေတြ ျဖစ္သြားပါၿပီ။

အရင္က လွ်ိဳေျမာင္ႀကီးေတြမွာ ေက်ာက္စိမ္းတူးထုတ္ထားတဲ့ စြန႔္ပစ္ ေျမစာပုံႀကီးေတြ ေတာင္လိုပုံလာခဲ့တာပါပဲ။ ေဒသခံ ဌာေနတိုင္း ရင္းသား ေခါင္းေဆာင္ တဦးျဖစ္တဲ့ ကခ်င္အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳး တိုးတတ္ေရး အသင္းရဲ႕ ဥကၠဌ ဦးလေမာင္လေတာင္ကေတာ့ ေက်ာက္ တူးေဖာ္သူေတြအေနနဲ႔ ဖားကန႔္ကို ေစတနာရွိရင္ ေက်ာက္စိမ္းနဲ႔ေတာင္ လမ္းခင္းလို႔ ရတယ္လို႔ ေျပာပါတယ္။ ျပင္ပကေန ဝင္ေရာက္ လာၿပီး ေက်ာက္တူးေဖာ္တဲ့သူေတြက အက်ိဳးအျမတ္ေတြ ရၿပီး အိမ္ျပန္သြားၾကေပမယ့္ ဌာေနတိုင္းရင္းသားေတြကေတာ့ ေတာေတာင္ ေတြ ျပဳန္းလို႔ သဘာဝပတ္ဝန္းက်င္ ပ်က္စီးတဲ့ ဒဏ္၊ ေျမၿပိဳတဲ့ ဒဏ္နဲ႔ လမ္းပန္းဆက္သြယ္ေရး ဆိုးတဲ့ ဒဏ္ေတြကို သားစဥ္ေျမးဆက္ ခံစားၾကရမွာလို႔လည္း ဦးလေမာင္လေတာင္က ေျပာပါတယ္။

ဖားကန႔္မွာ ကုမၺဏီေတြ ဝင္လာၿပီး ေက်ာက္စိမ္းတူးေဖာ္မႈ လုပ္ငန္းကို စစ္အစိုးရနဲ႔ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) တို႔ အၾကား အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ခ်ဳပ္ၿပီးေနာက္ ၁၉၉၅ ခုႏွစ္မွာ စတင္ခဲ့ၾကတာပါ။

သတင္း- နန္းလြင္ႏွင္းပြင့္။ဓါတ္ပုံ – ေဇာ္ေဇာ္

CREIT ဧရာဝတီ

UNICODE

ဖားကန့်ဒေသဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ကျောက်တူးဖော်ခွင့် ရတဲ့ ကုမ္ဗဏီတွေက စက်ယန္တရား အကြီးစားတွေနဲ့ တူးဖော်ကြ တာ ယနေ့ထိပါပဲ။ ကျောက်စိမ်းလုပ်ကွက်တွေဟာ အစိုးရနဲ့ ကုမ္ဗဏီတွေကြား အကျိုးတူ ဖက်စက် တူးဖော် လုပ်ကိုင်တာ ရှိသလို ကုမ္ဗဏီ တွေက အပြည့်အဝ တူးဖော်တာလည်းရှိပါတယ်။ KIA ကတော့ ၂၀၁၁ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ် ပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်နေပေ မယ့် ကျောက်စိမ်း တူးဖော်ရေး ကုမ္ဗဏီတွေကို အခွန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ငွေကြေး ကောက်ခံပါတယ်။ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း တွေကနေ KIA ဟာလည်းနှစ်စဉ် သိန်း ထောင်နဲ့ချီ ဝင်ငွေ ရပါတယ်။

တဖက်မှာတော့ တရားဝင်အနေနဲ့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သယံဇာတ အကြီးစား တူးဖော်ထုတ်လုပ်တာနဲ့ ပတ်သတ်ရင် ပြည်ထောင်စု အစိုးရဖြစ်တဲ့ ဗဟိုအစိုးရကပဲ လုပ်ပိုင်ခွင့်ချပေးခွင့် ရှိသလို ရသမျှအခွန်ကိုလည်း ပြည်ထောင်စုကပဲ ရတာပါ။ ပြည်ထောင်စု အစိုးရအနေနဲ့ ကျောက်စိမ်းတူးဖော်မှုကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ ဆိုးကျိုးတွေကိုတော့ ဖြေရှင်းပေးဖို့ ဌာနေ တိုင်းရင်းသားဒေသ ခံတွေနဲ့ ညှိနှိုင်းတာ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် ဆောင်ရွက်ပေးတာမျိုး မတွေ့ရပါဘူး။ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းများ ထွက်ရာ ဒေသလို့ နာမည်ကျော်ကြားပေမယ့် ကချင်ပြည်နယ် ဖားကန့်မြို့မှာ လမ်းကောင်းကောင်းဆိုလို့ တလမ်းမှ မရှိပါဘူး။

မြန်မာနိုင်ငံတွင်းက ဆင်းရဲမွဲတေပြီး အဖိုးတန်သယံဇာတ ထွက်ရှိခြင်း မရှိတဲ့ သာမန် ကျေးလက်ဒေသက လမ်းတွေထက်တောင် အခြေအ နေဆိုးပြီး မြို့တွင်းရော မြို့ပြင် ရော လမ်း အားလုံးက ချိုင့်ခွက်တွေနဲ့ ပြည့်နေပါတယ်။ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား ဘက် ကနေ လာရင် ကာမိုင်းမြို့ကစပြီး ဖားကန့်မြို့ထိ ဆက်သွယ်ထားတဲ့ ကားလမ်းဟာ အတော်ကြီးကို ဆိုးဝါးလွန်းလှပါတယ်။ ဖားကန့်မြို့တွင်းက လမ်းတိုင်းရော မြို့ပြင်ကနေ ကျောက်စိမ်းလုပ်ကွက်တွေကို သွားတဲ့လမ်းတွေပါ ချိုင့်ခွက်ကြီး ချိုင့်ခွက်ငယ်ပေါင်းများစွာပါ။ ကချင်ပြည် နယ် ဖားကန့်မြို့ဟာ တကမ္ဘာလုံး ရဲ့ ကျောက်စိမ်း ထုတ်လုပ်မှုကဏ္ဍမှာ ၇၀ ရာခိုင်နှုန်းကျော် ကျောက်ထွက်တဲ့ ဒေသဖြစ်ပြီး။

ကမ္ဘာ့အကောင်းဆုံး သက်တမ်းရင့် အရည်အသွေး ကောင်းတဲ့ ကျောက်စိမ်းတွေ ထွက်တဲ့ မြို့နယ် ဖြစ်ပါတယ်။ ကျောက်စိမ်းထဲမှာ ဂျေး ဒိုက် (Jadeite ) နဲ့ နက်ဖရိုက် (Nephrite) ဆိုပြီး ကျောက်အမျိုးအစားကွဲများ ရှိရာ ဖားကန့်ဟာ ကျောက်စိမ်းထဲမှာမှ အရည်အသွေး အ ကောင်းဆုံး ကမ္ဘာကျော် ဂျေးဒိုက်အမျိုးစား ကျောက်များ ထွက်ပါတယ်။ဖားကန့်က ထွက်တဲ့ ကျောက်စိမ်းတွေကို ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေနဲ့ သူ့နောက်လိုက် အရာရှိကြီးတွေ၊ သူတို့ မိသားစုတွေ၊ ခရိုနီသူဌေးကြီးတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အင် အားအကြီးဆုံး ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ တရုတ်လုပ်ငန်းရှင်တွေက ကုမ္ဗဏီတွေ တရားဝင်ဖွင့်ပြီး။

ဆယ်စုနှစ် တခုကြာ တူးဖော် လုပ်ကိုင်နေခဲ့ကြတာပါ။  သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒ ရေးရာ အကြံပေးအဖွဲ့ Natural Resources Governance Institute (NRGI) က ၂၀၁၉ ခုနှစ်အတွင်းက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံက ကျောက် စိမ်းကနေ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၅ ဘီလျံခန့်ဝင်ငွေ ရရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျောက်တူးဖော်ရေးလုပ်ငန်းကို တူးဖော်ခွင့် ရရှိနေသူတွေရဲ့ ဝင်ငွေ၊ အကျိုးအမြတ်တွေကတော့ တိတိကျကျ မသိရသလို တိုင်းပြည်အတွက် အခွန်ဘဏ္ဍာ ဘယ်လောက် ပေးဆောင်သလဲ၊ မပေးဆောင်ဘူးလဲ မသိရှိ ရပါဘူး။ဧရာဝတီက မျက်ဝါးထင်ထင် တွေ့ခဲ့ရတာ ကတော့ ဖားကန့်နဲ့ လုံခင်းမြို့ပတ်လည် မှာ အရင်က တောင်တန်းကြီးတွေဟာ ချိုင့်ဝှမ်းကြီးတွေ ဖြစ်သွားပါပြီ။

အရင်က လျှိုမြောင်ကြီးတွေမှာ ကျောက်စိမ်းတူးထုတ်ထားတဲ့ စွန့်ပစ် မြေစာပုံကြီးတွေ တောင်လိုပုံလာခဲ့တာပါပဲ။ ဒေသခံ ဌာနေတိုင်း ရင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကချင်အမျိုးသားများ ဖွံ့ဖြိုး တိုးတတ်ရေး အသင်းရဲ့ ဥက္ကဌ ဦးလမောင်လတောင်ကတော့ ကျောက် တူးဖော်သူတွေအနေနဲ့ ဖားကန့်ကို စေတနာရှိရင် ကျောက်စိမ်းနဲ့တောင် လမ်းခင်းလို့ ရတယ်လို့ ပြောပါတယ်။ ပြင်ပကနေ ဝင်ရောက် လာပြီး ကျောက်တူးဖော်တဲ့သူတွေက အကျိုးအမြတ်တွေ ရပြီး အိမ်ပြန်သွားကြပေမယ့် ဌာနေတိုင်းရင်းသားတွေကတော့ တောတောင် တွေ ပြုန်းလို့ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ ဒဏ်၊ မြေပြိုတဲ့ ဒဏ်နဲ့ လမ်းပန်းဆက်သွယ်ရေး ဆိုးတဲ့ ဒဏ်တွေကို သားစဉ်မြေးဆက် ခံစားကြရမှာလို့လည်း ဦးလမောင်လတောင်က ပြောပါတယ်။

ဖားကန့်မှာ ကုမ္ဗဏီတွေ ဝင်လာပြီး ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းကို စစ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ အကြား အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးနောက် ၁၉၉၅ ခုနှစ်မှာ စတင်ခဲ့ကြတာပါ။

သတင်း- နန်းလွင်နှင်းပွင့်။ဓါတ်ပုံ – ဇော်ဇော်

CREIT ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *