ဆရာ/ ဆရာမ အားလုံး က်ဴရွင္ သင္ခြင့္ မျပဳ ရတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး အေျခခံပညာဒုၫႊန္ ခ်ဳပ္ ရွင္း ၿပီ

လက္ရွိတြင္ ပညာေရးဝန္ႀကီးဌာန အေျခခံ ပညာဦးစီးဌာန လက္ေအာက္ ရွိ အေျခခံေက်ာင္းမ်ား အပါအဝင္ အဆင့္ျမင့္ပညာ ဦးစီးဌာန ေအာက္ရွိ တကၠသိုလ္ ေက်ာင္းမ်ားတြင္ပါ ဆရာမ်ား အေနျဖင့္ က်ဴရွင္ သင္ခြင့္မျပဳ ေၾကာင္းသိရသည္။ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္ စုဝန္ႀကီး (ၿငိမ္း) ေဒါက္တာေဒၚခင္စန္းရီ လက္ထက္တြင္ ဆရာ၊ ဆရာမ မ်ားအေနျဖင့္ ေက်ာင္းခ်ိန္ ၿပီးဆုံးပါက မိမိတတ္ကြၽမ္းသည့္ ပညာ ရပ္ျဖင့္ အသက္ေမြးဝမ္း ေက်ာင္းျပဳသည္ကို ခြင့္ျပဳေၾကာင္း သတင္းမီဒီယာ မ်ားသို႔ ေျပာၾကားခဲ့မႈတို႔ရွိသည္။

က်ဴရွင္ မသင္ခိုင္း ရျခင္းမွာ က်ဴရွင္ယူသည့္ ကေလးႏွင့္ မယူသည့္ကေလး တို႔ၾကား ဆရာအခ်ိဳ႕ ၏ ဘက္လိုက္မႈ၊ ပစ္ပယ္မႈတို႔ ရွိျခင္း ေၾကာင့္ ျဖစ္ေၾကာင္း အေျခခံ ပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာၾကားလိုက္သည္။ ႏွစ္စဥ္ က်ဴရွင္မသင္ရဘူး။ လက္မွတ္ထိုးတာေတာ့ ထိုးတာပါပဲ။ ထိုးၿပီး ေတာ့ တိုင္ခံရတာမရွိဘူးဆိုရင္ ဒီလိုပဲ သင္ေနၾကတာေပါ့။ တကယ္လို႔ မေက်နပ္လို႔ တိုင္ရင္ေပါ့။ အခုလည္းမၾကာမၾကာတိုင္စာေတြ ဆရာတို႔ဆီေရာက္ပါတယ္။

တိုင္စာက သင္တဲ့လူနဲ႔ မသင္တဲ့လူၾကားမွာရွိတာနဲ႔ သင္တဲ့လူအခ်င္းခ်င္းလုတာနဲ႔ အဲဒီျပႆနာ ေတြေပါ့။သင္ၿပီးေတာ့ မထိေရာက္ဘဲနဲ႔ ေက်ာင္းသူ၊ ေက်ာင္းသားေတြ စိတ္ဓါတ္ေတြ ယိုယြင္းေအာင္လုပ္တဲ့ ဆရာ၊ ဆရာမေတြတခ်ိဳ႕က ရွိတာေပါ့။ ဘက္လိုက္တာတို႔ ၊ ႏွိပ္ကြက္ တာတို႔၊ သူ႔က်ဴရွင္ကို လာမတက္ရင္ ဒီကေလးကို ပစ္ပယ္တာမ်ိဳးတို႔ ဘက္လိုက္တာမ်ိဳးတို႔ ဒါမ်ိဳးေတြလုပ္တဲ့ဆရာ၊ ဆရာမတခ်ိဳ႕ ရွိေနတာ ေၾကာင့္မို႔လို႔ ေကာင္းတဲ့ဆရာ၊ဆရာမအမ်ားစုကေတာ့ မခံမရပ္ ႏိုင္ျဖစ္တာေပါ့” ဟု ဒုၫႊန္ခ်ဳပ္ကေျပာသည္။

Credit : people media myanmar

UNICODE

လက်ရှိတွင် ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာန လက်အောက် ရှိ အခြေခံကျောင်းများ အပါအဝင် အဆင့်မြင့်ပညာ ဦးစီးဌာန အောက်ရှိ တက္ကသိုလ် ကျောင်းများတွင်ပါ ဆရာများ အနေဖြင့် ကျူရှင် သင်ခွင့်မပြု ကြောင်းသိရသည်။ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး (ငြိမ်း) ဒေါက်တာဒေါ်ခင်စန်းရီ လက်ထက်တွင် ဆရာ၊ ဆရာမ များအနေဖြင့် ကျောင်းချိန် ပြီးဆုံးပါက မိမိတတ်ကျွမ်းသည့် ပညာ ရပ်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုသည်ကို ခွင့်ပြုကြောင်း သတင်းမီဒီယာ များသို့ ပြောကြားခဲ့မှုတို့ရှိသည်။

ကျူရှင် မသင်ခိုင်း ရခြင်းမှာ ကျူရှင်ယူသည့် ကလေးနှင့် မယူသည့်ကလေး တို့ကြား ဆရာအချို့ ၏ ဘက်လိုက်မှု၊ ပစ်ပယ်မှုတို့ ရှိခြင်း ကြောင့် ဖြစ်ကြောင်း အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားလိုက်သည်။ နှစ်စဉ် ကျူရှင်မသင်ရဘူး။ လက်မှတ်ထိုးတာတော့ ထိုးတာပါပဲ။ ထိုးပြီး တော့ တိုင်ခံရတာမရှိဘူးဆိုရင် ဒီလိုပဲ သင်နေကြတာပေါ့။ တကယ်လို့ မကျေနပ်လို့ တိုင်ရင်ပေါ့။ အခုလည်းမကြာမကြာတိုင်စာတွေ ဆရာတို့ဆီရောက်ပါတယ်။

တိုင်စာက သင်တဲ့လူနဲ့ မသင်တဲ့လူကြားမှာရှိတာနဲ့ သင်တဲ့လူအချင်းချင်းလုတာနဲ့ အဲဒီပြဿနာ တွေပေါ့။သင်ပြီးတော့ မထိရောက်ဘဲနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ စိတ်ဓါတ်တွေ ယိုယွင်းအောင်လုပ်တဲ့ ဆရာ၊ ဆရာမတွေတချို့က ရှိတာပေါ့။ ဘက်လိုက်တာတို့ ၊ နှိပ်ကွက် တာတို့၊ သူ့ကျူရှင်ကို လာမတက်ရင် ဒီကလေးကို ပစ်ပယ်တာမျိုးတို့ ဘက်လိုက်တာမျိုးတို့ ဒါမျိုးတွေလုပ်တဲ့ဆရာ၊ ဆရာမတချို့ ရှိနေတာ ကြောင့်မို့လို့ ကောင်းတဲ့ဆရာ၊ဆရာမအများစုကတော့ မခံမရပ် နိုင်ဖြစ်တာပေါ့” ဟု ဒုညွှန်ချုပ်ကပြောသည်။

Credit : people media myanmar

Add a Comment

Your email address will not be published. Required fields are marked *