ဘာသာေရးဘုရားေက်ာင္းေတြကို က်န္းမာေရးဝန္ႀကီးဌာန၏ ကိုဗစ္စည္းမ်ဥ္းနဲ႔ အညီ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳ

လက္ရွိျမန္မာႏိုင္ငံမွာ လည္း တစ္လၾကာျပည္တြင္းကူးစက္မႈ မရွိရာကေန ဩဂုတ္လ (၁၆)ရက္ေန႔ကထုတ္ျပန္ခဲ့တဲ့ လူနာက ျပည္တြင္း ကူးစက္လူ နာျဖစ္တဲ့အတြက္ ကိုဗစ္ ဒုတိယလႈိင္းကို စိုးရိမ္မႈေတြလည္း ရွိေနၾကပါတယ္။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကလည္း အခ်ိန္နဲ႔အမွ် ျပည္သူေတြကိုဗစ္နဲ႔ ပတ္သက္ၿပီး မေပါ့ဆၾကဖို႔ကိုလည္း တိုက္တြန္းႏႈိးေဆာ္လ်က္ ရွိေနပါတယ္။

ဩဂုတ္လ(၁၇)ရက္ေန႔ မနက္ပိုင္းထုတ္ျပန္ခ်က္အထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္လူနာ (၃၇၅) ဦးရွိကာ ျပန္ေကာင္းမြန္သူ (၃၂၉) ဦးနဲ႔ ေသ ဆုံးသူ (၆) ဦးရွိပါတယ္။ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဘာသာေရးဘုရားေက်ာင္းေတြကို ဩဂုတ္လ (၁၅)ရက္ေန႔ကစၿပီး ကိုဗစ္စည္း မ်ဥ္းေတြနဲ႔အညီ ျပန္လည္ဖြင့္လွစ္ခြင့္ေပးလိုက္ၿပီလို႔ သိရပါတယ္။

ဘုန္းႀကီးေက်ာင္းေတြ၊ ဟိႏၵဴဘုရားေက်ာင္းေတြ အပါအဝင္ ဗလီနဲ႔ ခရစ္ယာန္ေက်ာင္းေတြ အားလုံးကို ဖြင့္လွစ္ခြင့္ေပးခဲ့တာပါ။ အခုလိုခြင့္ ျပဳလိုက္တာဟာ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြနဲ႔အညီ ခြင့္ျပဳခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဟုတ္ပါတယ္ ။ အကုန္လုံးကို ဖြင့္ခြင့္ေပး လိုက္တာပါ။ ဗလီလည္း ပါတယ္၊ ဘုန္းႀကီးေက်ာင္းေတြေရာ အားလုံး ပါပါတယ္။

ဒါေပမယ့္ ကိုဗစ္နဲ႔ပတ္သက္တဲ့ စည္းကမ္းခ်က္ေတြကိုေတာ့ လိုက္နာေဆာင္႐ြက္ၾကဖို႔လိုပါတယ္” ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ တြဲ ဖက္အတြင္းေရးမႉး ဦးမိုးဟိန္းက ေျပာပါတယ္။လက္ရွိမွာေတာ့ ဘာသာေရးေက်ာင္းေတြကို ျပန္လည္ ဖြင့္လွစ္ခြင့္ ေပးထား ေပမယ့္ ရန္ ကုန္တိုင္းေဒသႀကီး အတြင္းရွိ ဘုရားေစတီေတြကိုေတာ့ ဆက္လက္ ပိတ္ထားဆဲျဖစ္ပါတယ္။

ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရး ဗဟိုေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္အရ ကိုဗစ္နဲ႔ပတ္သက္တဲ့ စည္းကမ္းခ်က္ေတြကို ဩဂုတ္လကုန္အထိ တိုး ျမႇင့္ သတ္မွတ္ထားတာေၾကာင့္ ရန္ကုန္မွ ဘုရားေစတီေတြ ကိုေတာ့ အဲဒီကာလအ ထိဆက္လက္ပိတ္ထားမယ္လို႔သိရပါတယ္။

REF: LET PAN

UNICODE

လက်ရှိမြန်မာနိုင်ငံမှာ လည်း တစ်လကြာပြည်တွင်းကူးစက်မှု မရှိရာကနေ ဩဂုတ်လ (၁၆)ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ လူနာက ပြည်တွင်း ကူးစက်လူ နာဖြစ်တဲ့အတွက် ကိုဗစ် ဒုတိယလှိုင်းကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း အချိန်နဲ့အမျှ ပြည်သူတွေကိုဗစ်နဲ့ ပတ်သက်ပြီး မပေါ့ဆကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်လျက် ရှိနေပါတယ်။

ဩဂုတ်လ(၁၇)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ (၃၇၅) ဦးရှိကာ ပြန်ကောင်းမွန်သူ (၃၂၉) ဦးနဲ့ သေ ဆုံးသူ (၆) ဦးရှိပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘာသာရေးဘုရားကျောင်းတွေကို ဩဂုတ်လ (၁၅)ရက်နေ့ကစပြီး ကိုဗစ်စည်း မျဉ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

ဘုန်းကြီးကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေ အပါအဝင် ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေ အားလုံးကို ဖွင့်လှစ်ခွင့်ပေးခဲ့တာပါ။ အခုလိုခွင့် ပြုလိုက်တာဟာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဟုတ်ပါတယ် ။ အကုန်လုံးကို ဖွင့်ခွင့်ပေး လိုက်တာပါ။ ဗလီလည်း ပါတယ်၊ ဘုန်းကြီးကျောင်းတွေရော အားလုံး ပါပါတယ်။

ဒါပေမယ့် ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကိုတော့ လိုက်နာဆောင်ရွက်ကြဖို့လိုပါတယ်” ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တွဲ ဖက်အတွင်းရေးမှူး ဦးမိုးဟိန်းက ပြောပါတယ်။လက်ရှိမှာတော့ ဘာသာရေးကျောင်းတွေကို ပြန်လည် ဖွင့်လှစ်ခွင့် ပေးထား ပေမယ့် ရန် ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရားစေတီတွေကိုတော့ ဆက်လက် ပိတ်ထားဆဲဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို ဩဂုတ်လကုန်အထိ တိုး မြှင့် သတ်မှတ်ထားတာကြောင့် ရန်ကုန်မှ ဘုရားစေတီတွေ ကိုတော့ အဲဒီကာလအ ထိဆက်လက်ပိတ်ထားမယ်လို့သိရပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *