ဘ ဝ မှာ တော် ရုံမလုပ်ဖူး တဲ့ ကိစ္စလေးတစ်ခု ကို ဖွေးေ ဖွး နဲ့တွေ့မှ ထိန်းမရတော့ တဲ့အကြောင်း ကျော်မင်းဦးပြောပြပြီ





REF: SHWE WIKI

UNICODE

ကျော်မင်းဦးကတော့ နိုင်ငံကျော်မင်းသမီး ဖွေးဖွေးနဲ့ တွေ့ချိန်မှာတော့ ဓာတ်ပုံရိုက်ဝါသနာမပါပေမယ့် အမှတ်တရဓာတ်ပုံလေး ရိုက်ကူး ဖြစ်တဲ့အကြောင်းကို အမှတ်တရပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်မင်းဦးနဲ့ ဖွေးဖွေးရဲ့ အမှတ်တရပုံရိပ်လေးကို သ ဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

နိုင် ငံကျော် မြန်မာ့လက်ရွေးစင်ဘောလုံးသမား ကျော်မင်းဦးကတော့ မင်းသားတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်မင်းဦးကတော့ သူ့ရဲ့ ဒူးဒဏ်ရာကြောင့် အချိန်အတော်ကြာ ဘောလုံးလောကကနေ အနားယူခဲ့ပြီး လက် ရှိမှာတော့ ဘောလုံးအားကစားနဲ့ အနုပညာအလုပ် တွေကို သင့်တင့်စွာ အချိန်ပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ကျော်မင်းဦးကတော့ ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်ပေမယ့် ကြော်ငြာတော်တော်များများမှာတော့ နေရာယူထားနိုင်တာကို တွေ့ မြင်နိုင်မှာပါ။ကျော်မင်းဦးက ဖွေးဖွေးရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ SYKO Brand ကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကို ပရိသတ် ကြီး သတိထားမိပြီးပြီ ထင်ပါတယ်။

ကျော်မင်းဦးက ဖွေးဖွေးနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ ” ကျွန်တော် တော်ရုံဓာတ်ပုံရိုက်မယ်လိုပြောခဲတယ်။ မဖွေးနဲ့လည်း တွေ့ရော မနေနိုင်တော့ဘူး🥰❤️” ဆိုပြီး သူ့ရဲ့ အဖြစ်လေးကို ပြောပြလာပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *