လာမည့္(၂၀၂၀)ေ႐ြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီ မွ ကိုယ္စားလွယ္ေလာင္း (၁၀၀၀)ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟု ေဒါက္တာနႏၵာလွျမင့္ေျပာၿပီ

ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီအတြက္ တပ္မေတာ္မွ အၿငိမ္းစား ယူထားသည့္ ကိုယ္စားလွယ္ ေပါင္း၉၀ ဦး ပါဝင္ၿပီး ယခု အႀကိမ္မွာေတာ့ ၈၈ ဦးသာ ပါဝင္ေၾကာင္း ေဒါက္တာနႏၵာလွျမင့္ ကေျပာသည္။ ဒီတပ္မေတာ္ အၿငိမ္းစားဆို တာက ေတာ့ အခုမွ တပ္မေတာ္ က အၿငိမ္းစားယူၿပီးေတာ့ ကြၽန္ေတာ္တို႔ ပါတီ ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မွာ မဟုတ္ပါဘူး။

နဂိုကတည္း က အၿငိမ္းစားယူၿပီးသား ။ အခုလည္း ေဒသခံျပည္သူလူုရဲ႕ ေဒသခံပါတီရဲ႕ ေ႐ြးခ်ယ္မႈ အရ ကြၽန္ေတာ္ တို႔ ပါတီ မွာ ဝင္ ေရာက္ယွဥ္ၿပိဳင္ တာျဖစ္ပါတယ္”ဟု ၎ ကေျပာသည္။လာမည့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီ မွ ကိုယ္ စားလွယ္ေလာင္း ၁၁၂၉ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ ကေျပာသည္။

ၾသဂုတ္လ ၁၈ ရက္ေန႔က ပါတီ၏ ဌာနခ်ဳပ္တြင္ က်င္းပျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ရွင္းလင္းေျပာၾကားခဲ့သည္။ ဒီတစ္ႀကိမ္ မွာေတာ့ ကိုယ္စားလွယ္ ၁၁၂၉ ဦးနဲ႔ လာမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ၂၇ ေနရာေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္း မျပဳပါဘူး။

တခ်ိဳ႕တိုင္းရင္းသားေဒသေတြမွာ တိုင္းရင္းသားေဒသခံပါတီေတြရဲ႕ ေပါင္းစပ္ညႇိႏႈိင္း လိုလားမႈ ေနာက္တခါ သူတို႔ေဒသ ဖြံ႕ၿဖိဳးေရးကို သူတို႔ ကိုယ္တိုင္ ဦးစီး လုပ္ေဆာင္ခ်င္တဲ့ တိုင္းရင္းသားေတြရဲ႕ ဆႏၵသေဘာထားကို ေလးစားေသာ အားျဖင့္ အေလးနက္ထားေသာ အားျဖင့္ တိုင္းရင္းသား ေဒသအခ်ိဳ႕မွာ ညႇိႏႈိင္းခ်က္အရ ဝင္ေရာက္ မယွဥ္ၿပိဳင္တာ ျဖစ္ပါတယ္”ဟု ေဒါက္တာနႏၵာလွျမင့္ ကေျပာသည္။

ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ကိုယ္စားလွယ္မ်ား တြင္ ၂၀၁၀/၂၀၁၅ ခုႏွစ္ တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖူးသည့္ ကိုယ္စားလွယ္ ၄၀၀ ေက်ာ္ ျပန္ လည္ပါဝင္ေၾကာင္း သိရသည္။

REF: THE FIFTH WAVE NEWS

UNICODE

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအတွက် တပ်မတော်မှ အငြိမ်းစား ယူထားသည့် ကိုယ်စားလှယ် ပေါင်း၉၀ ဦး ပါဝင်ပြီး ယခု အကြိမ်မှာတော့ ၈၈ ဦးသာ ပါဝင်ကြောင်း ဒေါက်တာနန္ဒာလှမြင့် ကပြောသည်။ ဒီတပ်မတော် အငြိမ်းစားဆို တာက တော့ အခုမှ တပ်မတော် က အငြိမ်းစားယူပြီးတော့ ကျွန်တော်တို့ ပါတီ ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။

နဂိုကတည်း က အငြိမ်းစားယူပြီးသား ။ အခုလည်း ဒေသခံပြည်သူလူုရဲ့ ဒေသခံပါတီရဲ့ ရွေးချယ်မှု အရ ကျွန်တော် တို့ ပါတီ မှာ ဝင် ရောက်ယှဉ်ပြိုင် တာဖြစ်ပါတယ်”ဟု ၎င်း ကပြောသည်။လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ မှ ကိုယ် စားလှယ်လောင်း ၁၁၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ကပြောသည်။

သြဂုတ်လ ၁၈ ၇က်နေ့က ပါတီ၏ ဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။ ဒီတစ်ကြိမ် မှာတော့ ကိုယ်စားလှယ် ၁၁၂၉ ဦးနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၇ နေရာတော့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုပါဘူး။

တချို့တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဒေသခံပါတီတွေရဲ့ ပေါင်းစပ်ညှိနှိုင်း လိုလားမှု နောက်တခါ သူတို့ဒေသ ဖွံ့ဖြိုးရေးကို သူတို့ ကိုယ်တိုင် ဦးစီး လုပ်ဆောင်ချင်တဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားကို လေးစားသော အားဖြင့် အလေးနက်ထားသော အားဖြင့် တိုင်းရင်းသား ဒေသအချို့မှာ ညှိနှိုင်းချက်အရ ဝင်ရောက် မယှဉ်ပြိုင်တာ ဖြစ်ပါတယ်”ဟု ဒေါက်တာနန္ဒာလှမြင့် ကပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်များ တွင် ၂၀၁၀/၂၀၁၅ ခုနှစ် တွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသည့် ကိုယ်စားလှယ် ၄၀၀ ကျော် ပြန် လည်ပါဝင်ကြောင်း သိရသည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *