သူေဌးျဖစ္ေလာက္ေအာင္ ပိုက္ဆံအမ်ားႀကီးရတဲ့ ေၾကာက္မက္ဖြယ္ အလုပ္အကိုင္မ်ား

(၁)ေရငုတ္ၿပီး ေဂါက္သီးဆယ္ရတဲ့ အလုပ္

ဒီအလုပ္က ၾကားလိုက္ရင္ အလုပ္လို႔ေတာင္ ဘယ္သူမွ ထင္မိမွာ မဟုတ္ပါဘူး။ အဲ့ထက္ အံ့ၾသဖို႔ေကာင္းတာက ေရကန္ေတြထဲ က်ေနတဲ့ ေဂါက္သီးေတြကို ဆယ္တဲ့သူေတြက တစ္ႏွစ္ကို ေဒၚလာ တစ္သိန္းခြဲထိ ရႏိုင္ပါတယ္။ သူတို႔အေနနဲ႔က ေရငုတ္ဝတ္စုံေတြ ဝတ္ဆင္ၿပီး ေတာ့ ေရေအာက္ေတြထဲ ဆင္းကာ ေဂါက္သီးေတြကို ရွာေဖြ ဆယ္ယူရတာပဲျဖစ္ပါတယ္။ ဆယ္ယူလာလို႔ ရတဲ့ ေဂါက္သီးေတြကို ျပန္ ေရာင္းခ်လို႔ရတဲ့ ေဈးကြက္ရွိေနတာေၾကာင့္ အဲ့ဒီအလုပ္အကိုင္က ဝင္ေငြမ်ားေနရတာပဲျဖစ္ပါတယ္။

သင္တို႔ သိတဲ့အတိုင္း ေဈးကြက္ရွိေနရင္ေတာ့ ဝင္ေငြရွိေနမွာပဲေလ။ မဟုတ္ဘူးလား။ ဒါေပမယ့္လည္း ေဂါက္သီးေရငုတ္ဆယ္ရတဲ့ အလုပ္ က ထင္သေလာက္ေတာ့ မလြယ္ကူလွပါဘူး။ ပထမဆုံးအေနနဲ႔ ေရငုတ္တတ္ဖို႔ လိုအပ္ၿပီး ေနာက္တစ္ခ်က္ကေတာ့ ေရထဲမွာရွိတဲ့ ေႁမြတို႔ အခက္မသင့္ရင္ မိေခ်ာင္းေတြနဲ႔ ႀကဳံေတြ႕ႏိုင္ပါတယ္။ တစ္ခါကလည္း ေတာင္အေမရိကလူမ်ိဳးျဖစ္တဲ့ ဗန္ဒါဆန္းက ေဂါက္သီးဆယ္ေန ရင္းနဲ႔ မိေခ်ာင္းကိုက္တာ ခံလိုက္ရၿပီး အသက္ဆုံးရႈံးသြားခဲ့ပါတယ္။

(၂)ေရေအာက္မွာ ဂေဟေဆာ္ရတဲ့ အလုပ္

သင္တို႔အေနနဲ႔လည္း ေရကူးရတာလည္း ႏွစ္သက္တယ္၊ ေရငုတ္တဲ့ေနရာမွာလည္း ကြၽမ္းက်င္တယ္ဆိုရင္ေတာ့ ပိုက္ဆံအမ်ားႀကီးရတဲ့ အလုပ္ကို ေလွ်ာက္လို႔ရပါတယ္ေနာ္။ အဲ့ဒါကေတာ့ ေရေအာက္မွာ ဂေဟေဆာ္ရတဲ့ အလုပ္ပဲျဖစ္ပါတယ္။ အလုပ္ဝင္စ အေတြ႕အႀကဳံ မရွိ ေသးတဲ့သူဆိုရင္ တစ္ႏွစ္ကို ေဒၚလာ သုံးေသာင္းေလာက္ ရႏိုင္ၿပီး အေတြ႕အႀကဳံနည္းနည္းရွိသြားရင္ေတာ့ တစ္ႏွစ္ကို ခုႏွစ္ေသာင္းခြဲထိ ရႏိုင္ပါတယ္။ အဲ့ဒါနဲ႔မၿပီးေသးပါဘူး။ သင့္အေနနဲ႔ ေရေအာက္အနက္ႀကီးေတြထိ သြားၿပီးေတာ့ ဂေဟေဆာ္ရဲတယ္ဆိုရင္ေတာ့ သင္သြားႏိုင္ တဲ့ အနက္ေပၚမူတည္ၿပီး ထပ္ေစာင္း အပိုဝင္ေငြေတာင္ ရႏိုင္ပါေသးတယ္။

ကံေကာင္းရင္ေတာ့ တစ္လအတြင္းမွာပဲ ေဒၚလာ ၇ ႏွစ္ေသာင္းခြဲရသြားႏိုင္ပါတယ္ေနာ္။ ဒါေပမယ့္… ေျပာတာ ေသခ်ာေလး နားေထာင္ပါ ေနာ္။ သင္တို႔ ျမင္ဖူးေနၾကျဖစ္တဲ့ အလွ ေရငုတ္သမားေတြလိုေတာ့ မထင္လိုက္ပါနဲ႔ေနာ္။ ခုလို ေရေအာက္မွာ ဂေဟေဆာ္ရတဲ့သူေတြက အရမ္းေအးတဲ့ ေရထဲမွာ အၾကာႀကီးေနရသလို အခက္မသင့္ရင္ ျပင္းထန္တဲ့ ေရစီးေၾကာင္းထဲ ေရာက္သြားရင္ အသက္အႏၲရာယ္ေတာင္ ထိခိုက္ႏိုင္ပါတယ္။ ဒါေတြ အကုန္လုံးကို မေၾကာက္ဖူးဆိုရင္ေတာ့ ဒီအလုပ္ကို သြားေလွ်ာက္လို႔ရပါၿပီေနာ္။

(၃)သစ္ခုတ္ရတဲ့ အလုပ္

သစ္ခုတ္တဲ့အလုပ္ နဲ႔ ငါးဖမ္းတဲ့အလုပ္ကေတာ့ အႏၲရာယ္အမ်ားဆုံး အလုပ္ေတြပဲျဖစ္ၿပီး အေသအေပ်ာက္အမ်ားဆုံး အလုပ္အကိုင္ေတြ လည္း ျဖစ္ပါတယ္။ သစ္ခုတ္သမားေတြအေနနဲ႔ သစ္ေတာေတြထဲမွာ တစ္ရက္လုံးအခ်ိန္ကုန္ဆုံးရၿပီး သစ္ပင္ေတြကို ခုတ္ျဖတ္ေနရတာ ျဖစ္လို႔ အားအင္ေတာ္ေတာ္ေလးစိုက္ထုတ္ရတဲ့ အလုပ္ပဲျဖစ္ပါတယ္။ ဒါနဲ႔မၿပီးေသးပဲ မေတာ္တဆ သစ္ခုတ္သမားေတြအေနနဲ႔ သစ္ပင္ ေပၚကလည္းျပဳတ္က်နိင္သလို သစ္ပင္ကလည္း သစ္ခုတ္သမားေတြအေပၚ ျပဳတ္က်လာႏိုင္ပါတယ္။

ရာသီဥတု ဆိုးတဲ့အခါမ်ိဳးေတြမွာဆို သူတို႔အတြက္ ပိုၿပီးေတာ့ေတာင္ အႏၲရာယ္မ်ားလွပါတယ္။ ဒါေပမယ့္လည္း သူတို႔အေနနဲ႔ တစ္ႏွစ္ကို ေဒၚလာ ၅ ေသာင္းေလာက္ရႏိုင္တာျဖစ္လို႔ ပရိတ္သတ္တို႔ထဲမွာေကာ အသက္ထက္ ပိုက္ဆံကို ဦးစားေပးရဲတဲ့သူေတြ ရွိၾကလား မသိဘူး ေနာ္။

(၄)ဂဏန္းငါးဖမ္း၇တဲ့ အလုပ္

ပင္လယ္ထဲမွာ ငါးဖမ္းတဲ့ အလုပ္အကိုင္က ေယဘုယအားျဖင့္ အသက္အႏၲရာယ္မ်ားတဲ့ အလုပ္အကိုင္တစ္ခုျဖစ္ၿပီး လူအေသအေပ်ာက္ လည္း မ်ားတဲ့ အလုပ္အကိုင္တစ္ခုျဖစ္ပါတယ္။ ခုေျပာျပမယ့္ ဂဏန္းငါးဖမ္းတာက ပိုလို႔ေတာင္ ဆိုးေနပါတယ္။ ေလွၾကမ္းျပင္ေတြက ေခ်ာေနတာရယ္၊ ေလွေပၚက ႀကီးမားတဲ့ စက္ယႏၲရားေတြ ရွိေနတာရယ္ နဲ႔၊ ျပင္းထန္တဲ့ ေရလိုင္းေတြရယ္ေၾကာင့္ ပင္လယ္ျပင္မွာ ဂဏန္း ဖမ္းတဲ့ အလုပ္အကိုင္က အႏၲရာယ္အမ်ားဆုံး အလုပ္အကိုင္တစ္ခုပဲျဖစ္ပါတယ္။

ေအးလြန္းလွတဲ့ ရာသီဥတုမွာ ေရစိုစိုႀကီးနဲ႔ အခ်ိန္အၾကာႀကီး လုပ္ကိုင္ရတဲ့ အလုပ္တစ္ခုလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂဏန္းဖမ္း တဲ့အလုပ္က ပိုက္ဆံအေျမာက္အမ်ားကို အခ်ိန္တိုတိုအတြင္းရွာႏိုင္ပါတယ္။ သူတို႔အေနနဲ႔ သုံးလအတြင္းမွာ ေဒၚလာ ႏွစ္ေသာင္းကေန ၅ ေသာင္းအတြင္းရႏိုင္ပါတယ္။ တစ္ႏွစ္ကို သူတို႔အေနနဲ႔ ေဒၚလာ တစ္သိန္းနီးပါးေလာက္ရၾကတယ္လို႔ သိရပါတယ္။

(၅)လွ်ပ္စစ္ပါဝါႀကိဳးေတြကို တပ္ဆင္ ျပင္ဆင္ရတဲ့ အလုပ္

ပရိသတ္တို႔အေနနဲ႔ အျမင့္ကို မေၾကာက္ၾကဘူးဆိုရင္ အခု အလုပ္အကိုင္ကို စဥ္းစားလို႔ရပါတယ္။ လွ်ပ္စစ္ပါဝါႀကိဳး တပ္ဆင္သူေတြအေန နဲ႔ တစ္ႏွစ္ကို ေဒၚလာ ၇ ေသာင္းေလာက္ရႏိုင္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအလုပ္အကိုင္က အရမ္းျမင့္မားတဲ့ တာဝါတိုင္ေတြနဲ႔ အျခား အေဆာက္အအုံးေတြေပၚ တက္ဖို႔ လိုအပ္ပါတယ္။ ေနာက္ၿပီး အဲ့လိုအလုပ္ေတြက ျပင္ဆင္သူေတြအေနနဲ႔ ျမန္ျမန္လုပ္ကိုင္ဖို႔ေတာ့ လိုအပ္ ပါတယ္။ မဟုတ္ရင္ေတာ့ ျပည္သူေတြ လွ်ပ္စစ္မီးမရွိပဲ အၾကာႀကီး ေစာင့္ေနရမွာကို မျဖစ္မခံႏိုင္ပါဘူးေလေနာ္။

ဒါနဲ႔မၿပီးေသးပဲ.. သင့္အေနနဲ႔ လွ်ပ္စစ္ဗို႔အားႀကီးတဲ့ ဝါယာ႐ိုးေတြကို ကိုင္တြယ္လုပ္ေဆာင္ရမွာျဖစ္တာေၾကာင့္ အခက္မသင့္ရင္ အသက္ ေသဆုံးသြားႏိုင္တဲ့အထိ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ အျမင့္မေၾကာက္သူ ျဖစ္ရမယ့္အျပင္ အလုပ္မွာ ကြၽမ္းက်င္မႈ ရွိဖို႔လည္း လိုအပ္ပါတယ္။

(၆)ေရနံတူးစင္ေပၚက အလုပ္

ေရနံတူးစင္ေပၚမွာ အလုပ္လုပ္တဲ့သူေတြက အျခား အလုပ္ၾကမ္းလုပ္ရတဲ့ လူေတြထက္စာရင္ ပိုက္ဆံ အမ်ားႀကီးပိုရပါတယ္။ သူတို႔ရဲ႕ တစ္ ႏွစ္ဝင္ေငြက ေဒၚလာ တစ္သိန္းနီးပါးေလာက္ရွိၿပီး ကြၽမ္းက်င္မႈေပၚမူတည္ၿပီး အဲ့ထက္ ႏွစ္ဆ ရတဲ့သူေတြလည္းရွိပါတယ္။ အဲ့လို ေငြအ ေျမာက္အမ်ားရတဲ့ေနာက္ကြယ္မွာလည္း အေၾကာင္းရင္းမ်ားစြာရွိေနပါတယ္။ ပထမဆုံးအေနနဲ႔ေျပာရရင္ အဲ့ဒီအလုပ္အကိုင္က အရမ္း အႏၲရာယ္မ်ားၿပီး ႏွစ္စဥ္ ေသဆုံးမႈ ၂၁ ေယာက္ထိရွိတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ခုလို အမ်ားႀကီးေပးရတာရဲ႕ ေနာက္ကြယ္မွာလည္း မေတာ္တဆမႈေတြ မျဖစ္ရေအာင္ တာဝန္ယူရတာေတြမ်ားစြာရွိပါတယ္။

၂၀၁၁ ခုႏွစ္မွာ ျဖစ္ခဲ့တဲ့ Deep Water Horizon (ဒိ ဝါးတား ေဟာ္႐ြိဳင္ဇုန္) ျဖစ္ရပ္ဆိုးမွာဆိုရင္ လူမေတာ္တဆမႈေၾကာင့္ ျဖစ္ပ်က္ခဲ့တာ ျဖစ္ၿပီး လူ ၁၁ ေယာက္ထိ ေသဆုံးခဲ့ရပါတယ္။ ဒါေၾကာင့္ အဲ့ဒီအလုပ္အကိုင္ကို လုပ္ၿပီဆိုရင္ သင့္လုပ္ေဖာ္ကိုင္ဘက္ နဲ႔ သင့္ရဲ႕ အသက္ကို ကာကြယ္ဖို႔အတြက္ အမွားမလုပ္မိေအာင္ ေသခ်ာဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္လည္း ကိုယ္ယူရတဲ့ တာဝန္နဲ႔ ထိုက္တန္တဲ့ ေငြ ေၾကးကို ရတာျဖစ္လို႔ ပရိသတ္တို႔ထဲမွာေကာ စြန္႔စားရဲတဲ့သူေတြ ရွိၾကလား မသိဘူးေနာ္။

(၇)အခင္းျဖစ္တဲ့ေနရာကို သန္႔ရွင္းေရးလုပ္ေပးရတဲ့ အလုပ္

ဒီအလုပ္အကိုင္ကေတာ့ အျခားအလုပ္ေတြနဲ႔ မတူပဲ အသည္းငယ္တဲ့သူေတြ၊ ေသြးျမင္ရင္ ေမ့လဲတတ္သူေတြ လုပ္လို႔ မရတဲ့ အလုပ္တစ္ခုပဲ ျဖစ္ပါတယ္။ ဒီအလုပ္ကေတာ့ မႈခင္းျဖစ္ပြားရာေနရာမွာ က်န္ခဲ့တဲ့ အရာေတြကို သန္႔ရွင္းေရ လုပ္ရတာပဲျဖစ္ပါတယ္။ ဆူဆိုက္လုပ္တာ၊ လူသတ္မႈျဖစ္တာ နဲ႔ ပုတ္ေသြးေဆြးေျမ့ေနတဲ့ အေလာင္းေတြအကုန္လုံးကိုရဲ႕ ေသြးေတြနဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို သန္႔ရွင္းေရးလုပ္ ေပးရပါတယ္။ သူတို႔အေနနဲ႔ တစ္ရက္လုံး မႈခင္းျဖစ္ရာေနရာက ၾကမ္ခင္းေပၚက ေသြးစက္ေတြကို ေျပာင္သြား ေအာင္ သုတ္ရတယ္၊

ေကာ္ေဇာၾကားထဲမွာ က်ေနတဲ့ အ႐ိုးစေလးေတြကိုလည္း လိုက္ေကာက္ေပးရတယ္၊ ဒါနဲ႔မၿပီးေသးပဲ ေခါင္းကို ေသနတ္နဲ႔ ပစ္ခံရတာမ်ိဳး ဆိုရင္ ဦးေႏွာက္စေလးေတြကို ေသခ်ာ လိုက္ေကာက္ေပးရပါေသးတယ္။ ဒါေၾကာင့္ သူတို႔အေနနဲ႔ တစ္နာရီကို ေဒၚလာ ၂၅၀ ေလာက္ရၾက ၿပီး တစ္ႏွစ္ကို ေဒၚလာ ငါးေသာင္း ဝန္းက်င္ေလာက္ ဝင္ေငြရၾကပါတယ္။ သင္တို႔အေနနဲ႔ မေၾကာက္တတ္ဘူးဆိုရင္ေတာ့ အဲ့ဒီအလုပ္မွာ သြားေလွ်ာက္လို႔ရပါတယ္။ ဘြဲ႕ရယုံနဲ႔ လုပ္ကိုင္လို႔ရၿပီး က်န္တဲ့ လိုအပ္ခ်က္ေတြကို ကုမၸဏီက သင္ၾကားျပသေပးသြားမွာပဲျဖစ္ပါတယ္။

(၈)မိလႅာပိုက္၊ ေရဆိုးပိုက္ သန္႔ရွင္းေရလုပ္သူ

ဒီအလုပ္ကေတာ့ ၾကားလိုက္တာနဲ႔တင္ ႐ြံစရာေကာင္းတဲ့ အလုပ္အကိုင္တစ္ခုပဲျဖစ္ပါတယ္။ သူတို႔ရဲ႕ အလုပ္ကေတာ့ မိလႅာပိုက္ေခါင္းေတြ ထဲ ဆင္းသြားရၿပီးေတာ့ နံပါတ္ တစ္ နဲ႔ နံပါတ္ႏွစ္ ပိတ္ေနတာမ်ိဳးေတြကို သန္႔ရွင္းေရး လုပ္ေပးရပါတယ္။ မဟုတ္ရင္ေတာ့ လမ္းေၾကာင္း မွာ ပိတ္ေနၿပီး ျပည္သူေတြ ဒုကၡေရာက္သြားႏိုင္ပါတယ္။ အဲ့ထက္ဆိုးတာက မိလႅာလမ္းေၾကာင္းေတြမွာ ျပည္သူေတြ စြန္႔ပစ္လိုက္တဲ့ ပစၥည္းေတြက အရည္အေပ်ာ္ႏိုင္ပဲ အစိုင္အခဲေတြျဖစ္ၿပီးေတာ့ လမ္းေၾကာင္းပိတ္ေနတတ္ပါတယ္။

အဲ့လိုအေျခအေနမ်ိဳးမွာဆိုရင္ မိလႅာလမ္းေၾကာင္းတစ္ခုလုံးကို လူ ၁၀ ေယာက္ေလာက္က လိုက္လံ သန္႔ရွင္းေရးလုပ္ရၿပီး ၁၀ ပတ္ ေလာက္ထိ အခ်ိန္ေပးရတယ္လို႔ သိရပါတယ္။ ဝင္ေငြအေနနဲ႔ကေတာ့ တစ္ႏွစ္ကို ေဒၚလာ ၆ ေသာင္းေလာက္ရရွိတာျဖစ္လို႔ လုပ္ရတာနဲ႔ တန္တယ္လို႔ ထင္ပါသလား။ ပရိသတ္တို႔ေကာ.. ဘယ္လိုလဲ.. အဲ့လို အလုပ္ကို လုပ္ရဲၾကတဲ့သူ ရွိၾကလား မသိဘူးေနာ္။

ခုေျပာျပသြားတဲ့ အလုပ္အကိုင္ေတြက သာမန္နဲ႔ မတူပဲ အႏၲရာယ္မ်ားေနေပမယ့္လည္း ဝင္ေငြအေနနဲ႔ကေတာ့ မယုံႏိုင္စရာ ေကာင္း ေလာက္ေအာင္ကို ရရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီကေန႔မွာေတာ့ ပိုက္ဆံအမ်ားႀကီးရတဲ့ ေၾကာက္မက္ဖြယ္အေကာင္းဆုံး အလုပ္အကိုင္ေတြ အေၾကာင္းကို တင္ဆက္ေပးသြားတာ ျဖစ္ပါတယ္။

CRD: TIKTOK MYANMAR

UNICODE

(၁)ရေငုတ်ပြီး ဂေါက်သီးဆယ်ရတဲ့ အလုပ်

ဒီအလုပ်က ကြားလိုက်ရင် အလုပ်လို့တောင် ဘယ်သူမှ ထင်မိမှာ မဟုတ်ပါဘူး။ အဲ့ထက် အံ့သြဖို့ကောင်းတာက ရေကန်တွေထဲ ကျနေတဲ့ ဂေါက်သီးတွေကို ဆယ်တဲ့သူတွေက တစ်နှစ်ကို ဒေါ်လာ တစ်သိန်းခွဲထိ ရနိုင်ပါတယ်။ သူတို့အနေနဲ့က ရေငုတ်ဝတ်စုံတွေ ဝတ်ဆင်ပြီး တော့ ရေအောက်တွေထဲ ဆင်းကာ ဂေါက်သီးတွေကို ရှာဖွေ ဆယ်ယူရတာပဲဖြစ်ပါတယ်။ ဆယ်ယူလာလို့ ရတဲ့ ဂေါက်သီးတွေကို ပြန် ရောင်းချလို့ရတဲ့ ဈေးကွက်ရှိနေတာကြောင့် အဲ့ဒီအလုပ်အကိုင်က ဝင်ငွေများနေရတာပဲဖြစ်ပါတယ်။

သင်တို့ သိတဲ့အတိုင်း ဈေးကွက်ရှိနေရင်တော့ ဝင်ငွေရှိနေမှာပဲလေ။ မဟုတ်ဘူးလား။ ဒါပေမယ့်လည်း ဂေါက်သီးရေငုတ်ဆယ်ရတဲ့ အလုပ် က ထင်သလောက်တော့ မလွယ်ကူလှပါဘူး။ ပထမဆုံးအနေနဲ့ ရေငုတ်တတ်ဖို့ လိုအပ်ပြီး နောက်တစ်ချက်ကတော့ ရေထဲမှာရှိတဲ့ မြွေတို့ အခက်မသင့်ရင် မိချောင်းတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ တစ်ခါကလည်း တောင်အမေရိကလူမျိုးဖြစ်တဲ့ ဗန်ဒါဆန်းက ဂေါက်သီးဆယ်နေ ရင်းနဲ့ မိချောင်းကိုက်တာ ခံလိုက်ရပြီး အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

(၂)ရေအောက်မှာ ဂဟေဆော်ရတဲ့ အလုပ်

သင်တို့အနေနဲ့လည်း ရေကူးရတာလည်း နှစ်သက်တယ်၊ ရေငုတ်တဲ့နေရာမှာလည်း ကျွမ်းကျင်တယ်ဆိုရင်တော့ ပိုက်ဆံအများကြီးရတဲ့ အလုပ်ကို လျှောက်လို့ရပါတယ်နော်။ အဲ့ဒါကတော့ ရေအောက်မှာ ဂဟေဆော်ရတဲ့ အလုပ်ပဲဖြစ်ပါတယ်။ အလုပ်ဝင်စ အတွေ့အကြုံ မရှိ သေးတဲ့သူဆိုရင် တစ်နှစ်ကို ဒေါ်လာ သုံးသောင်းလောက် ရနိုင်ပြီး အတွေ့အကြုံနည်းနည်းရှိသွားရင်တော့ တစ်နှစ်ကို ခုနှစ်သောင်းခွဲထိ ရနိုင်ပါတယ်။ အဲ့ဒါနဲ့မပြီးသေးပါဘူး။ သင့်အနေနဲ့ ရေအောက်အနက်ကြီးတွေထိ သွားပြီးတော့ ဂဟေဆော်ရဲတယ်ဆိုရင်တော့ သင်သွားနိုင် တဲ့ အနက်ပေါ်မူတည်ပြီး ထပ်စောင်း အပိုဝင်ငွေတောင် ရနိုင်ပါသေးတယ်။

ကံကောင်းရင်တော့ တစ်လအတွင်းမှာပဲ ဒေါ်လာ ၇ နှစ်သောင်းခွဲရသွားနိုင်ပါတယ်နော်။ ဒါပေမယ့်… ပြောတာ သေချာလေး နားထောင်ပါ နော်။ သင်တို့ မြင်ဖူးနေကြဖြစ်တဲ့ အလှ ရေငုတ်သမားတွေလိုတော့ မထင်လိုက်ပါနဲ့နော်။ ခုလို ရေအောက်မှာ ဂဟေဆော်ရတဲ့သူတွေက အရမ်းအေးတဲ့ ရေထဲမှာ အကြာကြီးနေရသလို အခက်မသင့်ရင် ပြင်းထန်တဲ့ ရေစီးကြောင်းထဲ ရောက်သွားရင် အသက်အန္တရာယ်တောင် ထိခိုက်နိုင်ပါတယ်။ ဒါတွေ အကုန်လုံးကို မကြောက်ဖူးဆိုရင်တော့ ဒီအလုပ်ကို သွားလျှောက်လို့ရပါပြီနော်။

(၃)သစ်ခုတ်ရတဲ့ အလုပ်

သစ်ခုတ်တဲ့အလုပ် နဲ့ ငါးဖမ်းတဲ့အလုပ်ကတော့ အန္တရာယ်အများဆုံး အလုပ်တွေပဲဖြစ်ပြီး အသေအပျောက်အများဆုံး အလုပ်အကိုင်တွေ လည်း ဖြစ်ပါတယ်။ သစ်ခုတ်သမားတွေအနေနဲ့ သစ်တောတွေထဲမှာ တစ်ရက်လုံးအချိန်ကုန်ဆုံးရပြီး သစ်ပင်တွေကို ခုတ်ဖြတ်နေရတာ ဖြစ်လို့ အားအင်တော်တော်လေးစိုက်ထုတ်ရတဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဒါနဲ့မပြီးသေးပဲ မတော်တဆ သစ်ခုတ်သမားတွေအနေနဲ့ သစ်ပင် ပေါ်ကလည်းပြုတ်ကျနိင်သလို သစ်ပင်ကလည်း သစ်ခုတ်သမားတွေအပေါ် ပြုတ်ကျလာနိုင်ပါတယ်။

ရာသီဥတု ဆိုးတဲ့အခါမျိုးတွေမှာဆို သူတို့အတွက် ပိုပြီးတော့တောင် အန္တရာယ်များလှပါတယ်။ ဒါပေမယ့်လည်း သူတို့အနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၅ သောင်းလောက်ရနိုင်တာဖြစ်လို့ ပရိတ်သတ်တို့ထဲမှာကော အသက်ထက် ပိုက်ဆံကို ဦးစားပေးရဲတဲ့သူတွေ ရှိကြလား မသိဘူး နော်။

(၄)ဂဏန်းငါးဖမ်း၇တဲ့ အလုပ်

ပင်လယ်ထဲမှာ ငါးဖမ်းတဲ့ အလုပ်အကိုင်က ယေဘုယအားဖြင့် အသက်အန္တရာယ်များတဲ့ အလုပ်အကိုင်တစ်ခုဖြစ်ပြီး လူအသေအပျောက် လည်း များတဲ့ အလုပ်အကိုင်တစ်ခုဖြစ်ပါတယ်။ ခုပြောပြမယ့် ဂဏန်းငါးဖမ်းတာက ပိုလို့တောင် ဆိုးနေပါတယ်။ လှေကြမ်းပြင်တွေက ချောနေတာရယ်၊ လှေပေါ်က ကြီးမားတဲ့ စက်ယန္တရားတွေ ရှိနေတာရယ် နဲ့၊ ပြင်းထန်တဲ့ ရေလိုင်းတွေရယ်ကြောင့် ပင်လယ်ပြင်မှာ ဂဏန်း ဖမ်းတဲ့ အလုပ်အကိုင်က အန္တရာယ်အများဆုံး အလုပ်အကိုင်တစ်ခုပဲဖြစ်ပါတယ်။

အေးလွန်းလှတဲ့ ရာသီဥတုမှာ ရေစိုစိုကြီးနဲ့ အချိန်အကြာကြီး လုပ်ကိုင်ရတဲ့ အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂဏန်းဖမ်း တဲ့အလုပ်က ပိုက်ဆံအမြောက်အများကို အချိန်တိုတိုအတွင်းရှာနိုင်ပါတယ်။ သူတို့အနေနဲ့ သုံးလအတွင်းမှာ ဒေါ်လာ နှစ်သောင်းကနေ ၅ သောင်းအတွင်းရနိုင်ပါတယ်။ တစ်နှစ်ကို သူတို့အနေနဲ့ ဒေါ်လာ တစ်သိန်းနီးပါးလောက်ရကြတယ်လို့ သိရပါတယ်။

(၅)လျှပ်စစ်ပါဝါကြိုးတွေကို တပ်ဆင် ပြင်ဆင်ရတဲ့ အလုပ်

ပရိသတ်တို့အနေနဲ့ အမြင့်ကို မကြောက်ကြဘူးဆိုရင် အခု အလုပ်အကိုင်ကို စဉ်းစားလို့ရပါတယ်။ လျှပ်စစ်ပါဝါကြိုး တပ်ဆင်သူတွေအနေ နဲ့ တစ်နှစ်ကို ဒေါ်လာ ၇ သောင်းလောက်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအလုပ်အကိုင်က အရမ်းမြင့်မားတဲ့ တာဝါတိုင်တွေနဲ့ အခြား အဆောက်အအုံးတွေပေါ် တက်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး အဲ့လိုအလုပ်တွေက ပြင်ဆင်သူတွေအနေနဲ့ မြန်မြန်လုပ်ကိုင်ဖို့တော့ လိုအပ် ပါတယ်။ မဟုတ်ရင်တော့ ပြည်သူတွေ လျှပ်စစ်မီးမရှိပဲ အကြာကြီး စောင့်နေရမှာကို မဖြစ်မခံနိုင်ပါဘူးလေနော်။

ဒါနဲ့မပြီးသေးပဲ.. သင့်အနေနဲ့ လျှပ်စစ်ဗို့အားကြီးတဲ့ ဝါယာရိုးတွေကို ကိုင်တွယ်လုပ်ဆောင်ရမှာဖြစ်တာကြောင့် အခက်မသင့်ရင် အသက် သေဆုံးသွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အမြင့်မကြောက်သူ ဖြစ်ရမယ့်အပြင် အလုပ်မှာ ကျွမ်းကျင်မှု ရှိဖို့လည်း လိုအပ်ပါတယ်။

(၆)ရေနံတူးစင်ပေါ်က အလုပ်

ရေနံတူးစင်ပေါ်မှာ အလုပ်လုပ်တဲ့သူတွေက အခြား အလုပ်ကြမ်းလုပ်ရတဲ့ လူတွေထက်စာရင် ပိုက်ဆံ အများကြီးပိုရပါတယ်။ သူတို့ရဲ့ တစ် နှစ်ဝင်ငွေက ဒေါ်လာ တစ်သိန်းနီးပါးလောက်ရှိပြီး ကျွမ်းကျင်မှုပေါ်မူတည်ပြီး အဲ့ထက် နှစ်ဆ ရတဲ့သူတွေလည်းရှိပါတယ်။ အဲ့လို ငွေအ မြောက်အများရတဲ့နောက်ကွယ်မှာလည်း အကြောင်းရင်းများစွာရှိနေပါတယ်။ ပထမဆုံးအနေနဲ့ပြောရရင် အဲ့ဒီအလုပ်အကိုင်က အရမ်း အန္တရာယ်များပြီး နှစ်စဉ် သေဆုံးမှု ၂၁ ယောက်ထိရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ခုလို အများကြီးပေးရတာရဲ့ နောက်ကွယ်မှာလည်း မတော်တဆမှုတွေ မဖြစ်ရအောင် တာဝန်ယူရတာတွေများစွာရှိပါတယ်။

၂၀၁၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ Deep Water Horizon (ဒိ ဝါးတား ဟော်ရွိုင်ဇုန်) ဖြစ်ရပ်ဆိုးမှာဆိုရင် လူမတော်တဆမှုကြောင့် ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး လူ ၁၁ ယောက်ထိ သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် အဲ့ဒီအလုပ်အကိုင်ကို လုပ်ပြီဆိုရင် သင့်လုပ်ဖော်ကိုင်ဘက် နဲ့ သင့်ရဲ့ အသက်ကို ကာကွယ်ဖို့အတွက် အမှားမလုပ်မိအောင် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကိုယ်ယူရတဲ့ တာဝန်နဲ့ ထိုက်တန်တဲ့ ငွေ ကြေးကို ရတာဖြစ်လို့ ပရိသတ်တို့ထဲမှာကော စွန့်စားရဲတဲ့သူတွေ ရှိကြလား မသိဘူးနော်။

(၇)အခင်းဖြစ်တဲ့နေရာကို သန့်ရှင်းရေးလုပ်ပေးရတဲ့ အလုပ်

ဒီအလုပ်အကိုင်ကတော့ အခြားအလုပ်တွေနဲ့ မတူပဲ အသည်းငယ်တဲ့သူတွေ၊ သွေးမြင်ရင် မေ့လဲတတ်သူတွေ လုပ်လို့ မရတဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအလုပ်ကတော့ မှုခင်းဖြစ်ပွားရာနေရာမှာ ကျန်ခဲ့တဲ့ အရာတွေကို သန့်ရှင်းရေ လုပ်ရတာပဲဖြစ်ပါတယ်။ ဆူဆိုက်လုပ်တာ၊ လူသတ်မှုဖြစ်တာ နဲ့ ပုတ်သွေးဆွေးမြေ့နေတဲ့ အလောင်းတွေအကုန်လုံးကိုရဲ့ သွေးတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သန့်ရှင်းရေးလုပ် ပေးရပါတယ်။ သူတို့အနေနဲ့ တစ်ရက်လုံး မှုခင်းဖြစ်ရာနေရာက  ကြမ်ခင်းပေါ်က သွေးစက်တွေကို ပြောင်သွား အောင် သုတ်ရတယ်၊

ကော်ဇောကြားထဲမှာ ကျနေတဲ့ အရိုးစလေးတွေကိုလည်း လိုက်ကောက်ပေးရတယ်၊ ဒါနဲ့မပြီးသေးပဲ ခေါင်းကို သေနတ်နဲ့ ပစ်ခံရတာမျိုး ဆိုရင် ဦးနှောက်စလေးတွေကို သေချာ လိုက်ကောက်ပေးရပါသေးတယ်။ ဒါကြောင့် သူတို့အနေနဲ့ တစ်နာရီကို ဒေါ်လာ ၂၅၀ လောက်ရကြ ပြီး တစ်နှစ်ကို ဒေါ်လာ ငါးသောင်း ဝန်းကျင်လောက် ဝင်ငွေရကြပါတယ်။ သင်တို့အနေနဲ့ မကြောက်တတ်ဘူးဆိုရင်တော့ အဲ့ဒီအလုပ်မှာ သွားလျှောက်လို့ရပါတယ်။ ဘွဲ့ရယုံနဲ့ လုပ်ကိုင်လို့ရပြီး ကျန်တဲ့ လိုအပ်ချက်တွေကို ကုမ္ပဏီက သင်ကြားပြသပေးသွားမှာပဲဖြစ်ပါတယ်။

(၈)မိလ္လာပိုက်၊ ရေဆိုးပိုက် သန့်ရှင်းရေလုပ်သူ

ဒီအလုပ်ကတော့ ကြားလိုက်တာနဲ့တင် ရွံစရာကောင်းတဲ့ အလုပ်အကိုင်တစ်ခုပဲဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်ကတော့ မိလ္လာပိုက်ခေါင်းတွေ ထဲ ဆင်းသွားရပြီးတော့ နံပါတ် တစ် နဲ့ နံပါတ်နှစ် ပိတ်နေတာမျိုးတွေကို သန့်ရှင်းရေး လုပ်ပေးရပါတယ်။ မဟုတ်ရင်တော့ လမ်းကြောင်း မှာ ပိတ်နေပြီး ပြည်သူတွေ ဒုက္ခရောက်သွားနိုင်ပါတယ်။ အဲ့ထက်ဆိုးတာက မိလ္လာလမ်းကြောင်းတွေမှာ ပြည်သူတွေ စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေက အရည်အပျော်နိုင်ပဲ အစိုင်အခဲတွေဖြစ်ပြီးတော့ လမ်းကြောင်းပိတ်နေတတ်ပါတယ်။

အဲ့လိုအခြေအနေမျိုးမှာဆိုရင် မိလ္လာလမ်းကြောင်းတစ်ခုလုံးကို လူ ၁၀ ယောက်လောက်က လိုက်လံ သန့်ရှင်းရေးလုပ်ရပြီး ၁၀ ပတ် လောက်ထိ အချိန်ပေးရတယ်လို့ သိရပါတယ်။ ဝင်ငွေအနေနဲ့ကတော့ တစ်နှစ်ကို ဒေါ်လာ ၆ သောင်းလောက်ရရှိတာဖြစ်လို့ လုပ်ရတာနဲ့ တန်တယ်လို့ ထင်ပါသလား။ ပရိသတ်တို့ကော.. ဘယ်လိုလဲ.. အဲ့လို အလုပ်ကို လုပ်ရဲကြတဲ့သူ ရှိကြလား မသိဘူးနော်။

ခုပြောပြသွားတဲ့ အလုပ်အကိုင်တွေက သာမန်နဲ့ မတူပဲ အန္တရာယ်များနေပေမယ့်လည်း ဝင်ငွေအနေနဲ့ကတော့ မယုံနိုင်စရာ ကောင်း လောက်အောင်ကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ ပိုက်ဆံအများကြီးရတဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး အလုပ်အကိုင်တွေ အကြောင်းကို တင်ဆက်ပေးသွားတာ ဖြစ်ပါတယ်။

CRD:   TIKTOK  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *