ငါးအူ ေခ်ာင္း ကိုရီးယား အကင္ မ်ိဳးစုံ ႏွင့္ အမည္ တပ္ မရေသာ အသား စုံ ၏ က်န္းမာေရးအႏၲရာယ္ ႀကီးမားပုံ

တစ္ခ်ိန္က ပုလိပ္ ေရာဂါတည္း ဟူေသာ ကပ္ဆိုး ႀကီးျဖင့္ ကမာၻကို ကိုင္လႈပ္ ခဲ့သည့္ ႂကြက္တို႔၏ အသားမ်ား၊ ျမန္မာတို႔ ေရွာင္ၾကဥ္ေလ့ ရွိသည့္ ဖားခုံညႇင္း၊ ဖားပ်ံမ်ား၊ ကင္းလိပ္ေခ်ာ၊ ပုတ္သင္ညိဳ၊ ေႁမြတို႔အျပင္ အျခားအမည္မသိ အသားေပါင္းစုံတို႔ကား ကိုသိန္းမ်ိဳးခိုင္တို႔လို ႂကြက္မုဆိုးမ်ား ထံမွ အဆိုပါ အသားစုံဒိုင္သို႔ ေရာက္ၾကရသည္။ဘိုကုန္းအသားစုံဒိုင္မွ ဝယ္ယူခုတ္ထြင္ တုံးယူၿပီးေသာ အသားတစ္မ်ား သည္ မည္သည့္ေနရာသို႔ သြားၾကသနည္း။ ငါးခူေမြးျမဴေရး ဆိုေသာ ေနရာသို႔ အမွန္တကယ္ ေရာက္ရွိသည္လား။ မျဖဴေလးတို႔ ညႇီနံ႔တ ေထာင္းေထာင္းျဖင့္ ႀကိတ္ေပးရေသာ သားသတ္႐ုံမွ ေလလံ ဆြဲလာသည္ ဆိုသည့္ အသားတုံးမ်ားကေရာ အမွန္တကယ္ပင္ သားသတ္႐ုံ မ်ားမွ လာေလသည္လား။အသားစုံ သံသရာစက္ဝန္း အတြက္ ေမးခြန္းမ်ားက ထပ္ေနသည္။“

ကြၽန္ေတာ္သိထား တာကေတာ့ အင္းစိန္ဘိုကုန္းကအသားဒိုင္ေရာ၊ လသာမွာ အကင္ထိုးလုပ္တဲ့ အဲဒီလုပ္ငန္းပါ ပိုင္ရွင္ကေတာ့ တစ္ ေယာက္တည္းပါပဲ” ဟု လသာၿမိဳ႕နယ္ အတြင္းရွိ အမည္မေဖာ္ လိုသူ စီးပြားေရး လုပ္ငန္းရွင္ ကေတာ့ အတိအက် ဆိုေလသည္။ၾကည့္ျမင္ တိုင္ ကမ္းနားဟု ဆို လိုက္လွ်င္ ညေဈးႏွင့္ ငါးေဈးကို ေျပးျမင္မိ ၾကေပ လိမ့္မည္။ ထိုမွ်သာမကပါ ႂကြက္မုဆိုး တို႔ စံရာလည္း ျဖစ္ေနတတ္ ေသး သည္။ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ မွ ေန႔စားႂကြက္မုဆိုးတစ္ဦး ျဖစ္ေသာ အသက္ ၃၀ အ႐ြယ္ ကိုသိန္းမ်ိဳးခိုင္၏ စားက်က္သည္ ၾကည့္ျမင္တိုင္ ပင္ ျဖစ္သည္။ ဇူလိုင္မိုးထုအၾကား ညဥ့္နက္နက္တြင္ ၾကည့္ျမင္တိုင္ စံျပေဈး အတြင္းမွ စားႂကြင္း စားက်န္၊ ကုန္ႂကြင္းကုန္က်န္ မ်ားကို စားသုံးကာ ဝဖီးေနေသာ ေျမႂကြက္ႀကီးမ်ားအား လိုက္လံ ရွာေဖြေနသူမ်ား ခပ္ဖြဲဖြဲ ရွိေနၾကသည္။“

ဒါေတာင္မိုးတြင္းမို႔လို႔ ႂကြက္ထိုးတဲ့လူ နည္းတာ။ ေႏြရာသီဆို ဒီထက္မ်ားတယ္” ဟု ကိုသိန္းမ်ိဳးခိုင္က ဆိုသည္။ညဥ့္နက္နက္ အေမွာင္ ထု အၾကား ႂကြက္ဖမ္းထြက္သူမ်ားတြင္ ၎ကဲ့သို႔ စည္ပင္ သာယာ ေန႔စား အလုပ္သမား မ်ား ပါသကဲ့သို႔ အျခား ႂကြက္မုဆိုးမ်ားလည္း ပါဝင္ သည္။ စည္ပင္သာယာက ခန႔္အပ္ထားေသာ ႂကြက္ဖမ္းသမား မ်ားမွာ ႂကြက္ေကာင္ေရ မည္မွ်ဖမ္းမိေၾကာင္း သက္ေသအျဖစ္ ဌာနသို႔ ႂကြက္အၿမီးမ်ားသာ တင္ျပရရာ ကိုသိန္းမ်ိဳးခိုင္အတြက္ ႂကြက္ခန္ ဓာကိုယ္ မ်ားကို ျပင္ပသို႔ ေရာင္းခ်ေငြရွာႏိုင္သည္။ သို႔ေသာ္ သူဖမ္းေသာ အေကာင္မ်ားမွာ ေျမႂကြက္မ်ား တင္မကပါ။ ဖား၊ ငါးရွဥ့္၊ ေႁမြ စသည့္ သတၱဝါ ေပါင္းစုံမွ ရရာ အသားမ်ားကိုလည္း ဖမ္းဆီး တတ္ေသး ေၾကာင္း ကိုသိန္းမ်ိဳးခိုင္က ဆိုသည္။ ထိုသို႔ေသာ အေကာင္ မ်ားတြင္လည္း ေဈးကြက္ရွိသည္။ အဝယ္ဒိုင္ရွိသည္။

ႂကြက္ကား ယမကာ ႏွင့္ လိုက္ဖက္ ညီလွစြာေသာ အျမည္းအျဖစ္ သီးသန႔္ေဈးကြက္ ရွိသည္။ ဥပမာအားျဖင့္ သဃၤန္းကြၽန္း ၿမိဳ႕နယ္ ေလး ေထာင့္ကန္မွ ႂကြက္ဒိုင္။ထိုအခါ အျခားအမယ္ စုံလွစြာေသာ အသားမ်ား၊အေကာင္ပေလာင္ မ်ားကား အဘယ္သို႔ ျမန္းေနသနည္း။ ယင္း သတၱဝါမ်ိဳးစုံတို႔အား ေငြေၾကးအျဖစ္ ေျပာင္းလဲေပးမည့္ ေနရာ အခ်ိဳ႕ ရွိေလသည္။အင္းစိန္ ဘိုကုန္းရပ္ကြက္ ရွိ လမ္းၾကားငယ္တစ္ခုမွ ေဖ်ာ္ရည္ လုပ္ငန္းဟု ေခါင္းစဥ္တပ္ထားေသာ အေဆာက္အအုံ တစ္ခုမွာ ယင္းသို႔ေသာ ေနရာမ်ားအနက္ ထင္ရွားေသာ ဌာေနတစ္ခုျဖစ္ သည္။ ေဖ်ာ္ရည္ လုပ္ငန္းဟု တပ္ထားေသာ ဆိုင္းဘုတ္ေအာက္တြင္ ရွိသည့္ ထိုအေဆာက္အအုံ မွာ လာသမွ် အသားမ်ိဳးစုံကို ပိႆာခ်ိန္ ျဖင့္ ဝယ္ယူလက္ခံရာ ဒိုင္တစ္ခုလည္း ျဖစ္သည္။

ေဖ်ာ္ရည္ လုပ္ငန္း ဟု ေခါင္းစဥ္ တပ္ထား ေသာ္လည္း တစ္ခ်ိန္က ေဖ်ာ္ရည္ အတု ေပါင္းစုံျပဳလုပ္ရာ လုပ္ငန္း တစ္ခုျဖစ္ခဲ့ၿပီး ယခုအခါ အသားစိမ္းဝယ္ သည့္ဒိုင္ တစ္ခု ျဖစ္ေနသည္ဟု အဆိုပါရပ္ကြက္တြင္ ႏွစ္ေပါင္း သုံးဆယ္ၾကာ ေနထိုင္ခဲ့သူ မီးရထားဝန္ထမ္းေဟာင္း ဦးေက်ာ္လြင္က ေျပာျပသည္။အေကာင္မ်ိဳးစုံ၊ အသားမ်ိဳးစုံဆိုရာတြင္ ႂကြက္ ၊ ေႁမြ ၊ ဖားတို႔မွအစ ပုတ္သင္ညိဳ၊ ကင္းလိပ္ေခ်ာ၊ ေၾကာင္၊ ေခြး အပါအဝင္ မည္သည့္အသားမဆို အေကာင္အမ်ိဳးအစား အလိုက္ ပိႆာခ်ိန္ျဖင့္ ဝယ္ယူေၾကာင္း ကိုသိန္းမ်ိဳးခိုင္က ရွင္းျပသည္။ “ဖားက ေတာ့ စားလို႔ရတဲ့ဖားဆို တျခားေရာင္းတာေပါ့။ စားမရတဲ့ ဖားခုံညင္းလို၊ ဖားပ်ံလိုေတြက် သူ႔ဆီပဲ သြင္းၾကတာ။ ေရေႁမြတို႔ တျခား အ ေကာင္ပေလာင္ေတြလည္း ဒီလိုပါပဲ” ဟု ၎ကဆိုသည္။

လမ္းေဘးတြင္ အတိုအစ လိုက္ေကာက္သည့္ ကေလးငယ္မ်ားလည္း လမ္းေဘးတြင္ တိရစာၦန္အေသေကာင္မ်ား ေတြ႕လွ်င္ ေကာက္လာ ၾကၿပီး အဆိုပါေနရာတြင္ လာေရာက္ ေရာင္းခ်တတ္ၾကသည္ဟု အဆိုပါ ရပ္ကြက္အတြင္းမွ သိရသည္။အခ်ိဳ႕ကေလးမ်ား ဆိုလ်င္ လမ္း ေဘးမွ ပုတ္သင္ညိဳအေသမ်ား၊ ကင္းလိပ္ေခ်ာ အေသမ်ား၊ ႂကြက္ေသ မ်ားကို ပလတ္စတစ္ျဖင့္ ထုပ္ယူ လာသည္မ်ား ကိုလည္း ေတြ႕ရ ေလ့ရွိေၾကာင္း ဦးေက်ာ္လြင္က ဆိုသည္။ ႂကြက္သီးသန႔္ မုဆိုးမ်ားကမူ ေဈးေကာင္းရေသာ ေလးေထာင့္ကန္ ႂကြက္ဒိုင္တြင္ သြားေရာင္း တတ္ ၾကေသာ္လည္း အင္းစိန္ဘိုကုန္း ရပ္ကြက္မွ ဒိုင္မွာ အမယ္စုံ အသားမ်ား သြင္းလိုသူတို႔အတြက္ ပိုက္ဆံရွာရာ ျဖစ္သည္။“ကြၽန္ေတာ္ တို႔က်ေတာ့ ေနတာက ေ႐ႊျပည္သာဆိုေတာ့ လမ္းသင့္တဲ့ ဒီအင္းစိန္က အသားစုံဒိုင္မွာပဲ လာသြင္းလိုက္တာ၊

ေဈးေတာ့ နည္းတာေပါ့” ဟု ကိုသိန္းမ်ိဳးခိုင္က ဆိုသည္။ယင္းဒိုင္မွေပးေသာ ႂကြက္ေဈးမွာ နည္းပါးေသာ္လည္း ႂကြက္အပါအဝင္ႏွင့္ သူ၏ သားျဖစ္သူ ရွာလာသည့္ အျခား တိရစာၦန္မ်ိဳးစုံကိုပါ သြင္းႏိုင္သျဖင့္ အဆင္ ေျပေၾကာင္းလည္း သူကဆိုသည္။အဆိုပါအသားဒိုင္ တြင္ ဒိုင္ ခ်ဳပ္ဟု ထင္ရေသာ ေငြကိုင္သူ တစ္ဦးႏွင့္ လာပို႔ေသာ သတၱဝါမ်ားကို အေရခြံ ဆုတ္ျခင္း၊ အေမြးႏုတ္ ျခင္း၊ အ႐ိုးထုတ္ျခင္းႏွင့္ အသားတုံး အျဖစ္ ခုတ္ေပးရသည့္ အလုပ္သမားအမ်ိဳးသား ေျခာက္ဦးခန႔္ ရွိေနတတ္သည္။“လာသြင္းသမွ် တိရစာၦန္ေတြကို အေရခြံဆုတ္ၿပီး အသား တုံးေလးေတြ ျဖစ္ေအာင္ ခုတ္ေပး ရတယ္” ဟု ၾသကၤန္ရက္အတြင္း အလုပ္သမား ရွားပါးစဥ္က ထိုေနရာတြင္ ေခတၱ ဝင္ေရာက္ လုပ္ကိုင္ ခဲ့ဖူးသူ ဘိုကုန္းရပ္ကြက္ေန ကိုေဇာ္တူးက သူ႔အေတြ႕အႀကဳံကို ရွင္းျပသည္။

တစ္ခါတစ္ခါ ျမင္းသားဟုဆိုသည့္ အသားတုံးႀကီးမ်ား လာေရာင္းသူမ်ား ရွိသည္ကို ေတြ႕ရေၾကာင္း ၎က ျဖည့္စြက္သည္။အသားမ်ားကို မည္သည့္ေနရာတြင္ မည္သို႔ အသုံးျပဳေနသည္ဟု ၎တို႔ ေရေရရာရာ မသိခဲ့ရ။“ငါးခူေမြးျမဴေရးအတြက္ အစာလို႔ေတာ့ ေျပာတယ္” ဟု ကိုေဇာ္တူးက ဆိုသည္။သူတို႔ ခုတ္ထစ္ၿပီးသား အသားတုံးမ်ားကို ေရခဲပုံးမ်ားအတြင္း စနစ္တက် ထည့္ၿပီးေနာက္ အေအးခန္းကား တစ္စီး က ႏွစ္ရက္တစ္ခါ လာသယ္ယူသြားတတ္ေၾကာင္း ရပ္ကြက္အတြင္းမွ သိရသည္။ ယင္းဒိုင္မွ တစ္ဆင့္ထုတ္လုပ္လိုက္ေသာ ႂကြက္၊ ေႁမြ ၊ ဖားတို႔မွ အစ ပုတ္သင္ညိဳ၊ ကင္းလိပ္ေခ်ာ၊ ေၾကာင္၊ ေခြး စသည့္ ရရာ အသားတုံး အစုံမ်ားသည္ မည္သည့္လုပ္ငန္း၊ မည္သည့္ေနရာ တြင္ ကုန္ေခ်ာအျဖစ္ အသြင္ေျပာင္းၾကသနည္း။

အင္းစိန္ဘိုကုန္းတြင္ ဖြင့္လွစ္ထားသည့္ အသားစုံဒိုင္ႏွင့္ ဆက္ႏႊယ္ေနသူမွာ တစ္ခ်ိန္ တစ္ခါက ေဖ်ာ္ရည္တု၊ အရက္တု လုပ္ငန္းေဈးကြက္ တြင္ ဘုရင္ တစ္ဆူျဖစ္ခဲ့ၿပီး ယခုအခါ အသင့္စား ငါးအူေခ်ာင္းႏွင့္ ကိုရီးယားအကင္မ်ိဳးစုံ ေလာကတြင္ ေနရာယူေနသူတစ္ဦး ျဖစ္ေၾကာင္း လသာၿမိဳ႕နယ္ အတြင္းရွိ အမည္မေဖာ္လိုသူ စီးပြားေရး လုပ္ငန္းရွင္တစ္ဦးက ထုတ္ေဖာ္ေျပာဆို သည္။သူ႔အဆိုအရ အသင့္စား အကင္ လုပ္ငန္းမ်ား ေခတ္စား လာၿပီးေနာက္ပိုင္း ယင္းလုပ္ငန္းရွင္မွာ တ႐ုတ္ႏိုင္ငံမွ ကြၽမ္းက်င္သူ အခ်ိဳ႕ငွားရမ္းကာ ျပည္တြင္းတြင္ ထုတ္လာ ျခင္း ျဖစ္ေၾကာင္း သိရသည္။အဆိုပါလုပ္ငန္းရွင္သည္ လသာၿမိဳ႕နယ္ အတြင္းရွိ အေဆာက္အအုံတစ္ခု တြင္ တ႐ုတ္ႏိုင္ငံသား ကြၽမ္းက်င္ သူႏွစ္ဦး၊ အမ်ိဳးသမီး အလုပ္သမားငယ္ ၁၀ ဦးေက်ာ္ တို႔ႏွင့္အတူ ဝက္အူေခ်ာင္း၊ ၾကက္အူေခ်ာင္း၊ ငါးအူေခ်ာင္းႏွင့္။

ကိုရီးယား အကင္ထိုး တံဆိပ္မ်ိဳးစုံကို ထုတ္လုပ္ေနသူ ျဖစ္ေၾကာင္းလည္း ေဈးကြက္အတြင္းမွ စုံစမ္း သိရွိရသည္။ လသာၿမိဳ႕နယ္ရွိ အဆို ပါလုပ္ငန္းတြင္ လုပ္ကိုင္ ခဲ့ဖူးသူ မ်ားအနက္ အသက္ ၂၁ ႏွစ္ အ႐ြယ္ မျဖဴေလးသည္လည္း တစ္ဦးအပါအဝင္ ျဖစ္သည္။“ညီမတို႔က ကားနဲ႔ သယ္လာတဲ့ အသားေတြကို စက္နဲ႔ ႀကိတ္ေပးရတာ။ က်န္တာကိုေတာ့ တ႐ုတ္ႏွစ္ေယာက္နဲ႔ အစ္ကိုႀကီးသုံးေယာက္ပဲ ကိုင္တယ္။ ညီမ တို႔က အသားႀကိတ္တဲ့အထိပဲ သိတယ္” ဟု မျဖဴေလးက ျပန္လည္ေျပာျပသည္။ လစာအေတာ္အသင့္ ေကာင္းေသာ္လည္း အလုံပိတ္ထား ေသာ အေဆာက္အအုံ အတြင္း အသားေပါင္းစုံ၏ ညႇီနံ႔မ်ားေၾကာင့္ ရင္က်ပ္ေရာဂါ ျဖစ္လာသည့္အတြက္ မျဖဴေလးမွာ ယခုအခါ သိမ္ႀကီး ေဈးရွိ အထည္ဆိုင္တစ္ခုတြင္ ေျပာင္းလဲ လုပ္ကိုင္ ေနရသည္။“

အသားတုံးေတြက အင္းစိန္က သူေဌးရဲ႕ ဆိုင္ခြဲကေန သယ္လာတာလို႔ေတာ့ သိတယ္။ သူေဌးက သားသတ္႐ုံေတြက ပိုတဲ့အသားေတြ ေလလံဆြဲတာလို႔ ေျပာသံ ၾကားတယ္။ ဒါေပမဲ့ အသားတုံးေတြက ေတာ္ေတာ္ေကာင္းေကာင္း ေတြလည္း ပါတယ္” ဟု အသားတုံးမ်ား လာရာလမ္းႏွင့္ ပတ္သက္ၿပီး မျဖဴေလးက သိသမွ် ျပန္လည္မွ်ေဝသည္။ေဈးကြက္အတြင္း ေရာင္းခ်ေန သည့္ အသင့္ ကင္စားႏိုင္ေသာ အသားတုံး မ်ား တြင္ ၾကက္၊ ဝက္၊ ငါး စသည္ျဖင့္ အမည္ အမ်ိဳးမ်ိဳး ရွိသည္။ အသားတုံးမ်ား အတြင္းတြင္ ယင္း အမည္အတိုင္း အသားမ်ား ပါပါ၏ေလာ။ ကိုသိန္းမ်ိဳးခိုင္တို႔ ရန္ကုန္ၿမိဳ႕ေတာ္ အတြင္းရွိ ေျမာင္းမ်ား၊ လမ္းေဘးမ်ား၊ ေဈးမ်ားအတြင္းမွ ဖမ္းဆီးကာ စတင္လည္ ပတ္ လာေသာ အသားစုံ စက္ဝန္းသည္ စားသုံးသူမ်ား ေန႔စဥ္ စားသုံးေနေသာ အသားတုံး မ်ားတြင္ အဆုံးသတ္ေနသေလာ။

အသားတုံးစက္ဝန္း မည္သို႔လည္ ပတ္ေနသည္ကို ေစ့ေစ့ငုငု မသိရွိဘဲ စားသုံးေနၾကသူ အမ်ားအျပားရွိသည္။အလုံၿမိဳ႕နယ္ ဆင္မင္းေဈး အနီးတြင္ ေနထိုင္သည့္ အသက္ ၃၂ ႏွစ္အ႐ြယ္ အိမ္ရွင္မ မသ ၪၨာဦးက “ကိုယ္တိုင္လည္း မၾကာခဏ ဝယ္စားျဖစ္တယ္။ အိမ္က ကေလး ေတြကလည္း ႀကိဳက္တယ္” ဟု ဆိုေလသည္။အသားတုံးအမည္တပ္ အသင့္စား အသားတုံးမ်ားအတြင္းရွိ အသားမ်ားမွာ မည္သို႔အသား ဓာတ္၊ အာဟာရဓာတ္၊ ေဘးထြက္ဆိုးက်ိဳး၊ က်င့္ဝတ္မဲ့ စီးပြားေရး သမား၏ လက္စြမ္းျပမႈမ်ား ပါဝင္ေနသနည္း။FDA ဟု အတိုေကာက္ ေခၚေသာ အစား အေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲေရး အဖြဲ႕အေနႏွင့္မူ အစား အေသာက္ မ်ား တင္သြင္းခြင့္၊ ထုတ္လုပ္ခြင့္ လာေရာက္ ေလွ်ာက္ထားမႈမ်ားကို ပါဝင္ပစၥည္း ေသခ်ာစြာ စစ္ေဆးၿပီးမွ ေထာက္ခံေလ့ရွိေၾကာင္း ယင္းဌာနမွ ေဒါက္တာထြန္းေဇာ္က ရွင္းျပသည္။“

လူထုအတြက္ အႏၲရာယ္ရွိတဲ့ အစားအေသာက္ေတြကို ခိုးထုတ္ၿပီး ေဈးကြက္ထဲ ျပန႔္ေနတယ္ဆိုရင္လည္း သတင္းရတာနဲ႔ စိစစ္ၿပီး သိမ္း ဆည္း အေရးယူေလ့ ရွိပါတယ္။ ဒါက စားသုံးသူေဘးအႏၲရာယ္ ကင္းရွင္းေရးအပိုင္းပါ” ဟု ၎ကဆိုသည္။သို႔ေသာ္ ‘ဘာမွန္းမသိေသာ’ အသားမ်ား ပါဝင္ေနေသာကိစၥမွာ FDA တြင္ တာဝန္မရွိဘဲ ေမြးျမဴေရးႏွင့္ ကုသေရး ဦးစီးဌာန၏ လုပ္ပိုင္ ခြင့္သာ ျဖစ္ေၾကာင္း ေဒါက္တာ ထြန္းေဇာ္က ရွင္းျပသည္။“လုပ္ပိုင္ခြင့္ မရွိေသးတဲ့အတြက္ ကြၽန္ေတာ္တို႔မွာ သားငါးအေရာအေႏွာ ေတြကို စိစစ္ဖို႔ လူ၊ ကြၽမ္းက်င္မႈ၊ နည္းပ ညာ၊ စက္ပစၥည္းေတြ မရွိတာလည္း ပါပါတယ္” ဟု သူက ေျပာဆိုသည္။

Credit ခက္ေဇာ္

UNICODE

တစ်ချိန်က ပုလိပ် ရောဂါတည်း ဟူသော ကပ်ဆိုး ကြီးဖြင့် ကမ္ဘာကို ကိုင်လှုပ် ခဲ့သည့် ကြွက်တို့၏ အသားများ၊ မြန်မာတို့ ရှောင်ကြဉ်လေ့ ရှိသည့် ဖားခုံညှင်း၊ ဖားပျံများ၊ ကင်းလိပ်ချော၊ ပုတ်သင်ညို၊ မြွေတို့အပြင် အခြားအမည်မသိ အသားပေါင်းစုံတို့ကား ကိုသိန်းမျိုးခိုင်တို့လို ကြွက်မုဆိုးများ ထံမှ အဆိုပါ အသားစုံဒိုင်သို့ ရောက်ကြရသည်။ဘိုကုန်းအသားစုံဒိုင်မှ ဝယ်ယူခုတ်ထွင် တုံးယူပြီးသော အသားတစ်များ သည် မည်သည့်နေရာသို့ သွားကြသနည်း။ ငါးခူမွေးမြူရေး ဆိုသော နေရာသို့ အမှန်တကယ် ရောက်ရှိသည်လား။ မဖြူလေးတို့ ညှီနံ့တ ထောင်းထောင်းဖြင့် ကြိတ်ပေးရသော သားသတ်ရုံမှ လေလံ ဆွဲလာသည် ဆိုသည့် အသားတုံးများကရော အမှန်တကယ်ပင် သားသတ်ရုံ များမှ လာလေသည်လား။အသားစုံ သံသရာစက်ဝန်း အတွက် မေးခွန်းများက ထပ်နေသည်။“

ကျွန်တော်သိထား တာကတော့ အင်းစိန်ဘိုကုန်းကအသားဒိုင်ရော၊ လသာမှာ အကင်ထိုးလုပ်တဲ့ အဲဒီလုပ်ငန်းပါ ပိုင်ရှင်ကတော့ တစ် ယောက်တည်းပါပဲ” ဟု လသာမြို့နယ် အတွင်းရှိ အမည်မဖော် လိုသူ စီးပွားရေး လုပ်ငန်းရှင် ကတော့ အတိအကျ ဆိုလေသည်။ကြည့်မြင် တိုင် ကမ်းနားဟု ဆို လိုက်လျှင် ညဈေးနှင့် ငါးဈေးကို ပြေးမြင်မိ ကြပေ လိမ့်မည်။ ထိုမျှသာမကပါ ကြွက်မုဆိုး တို့ စံရာလည်း ဖြစ်နေတတ် သေး သည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ နေ့စားကြွက်မုဆိုးတစ်ဦး ဖြစ်သော အသက် ၃၀ အရွယ် ကိုသိန်းမျိုးခိုင်၏ စားကျက်သည် ကြည့်မြင်တိုင် ပင် ဖြစ်သည်။ ဇူလိုင်မိုးထုအကြား ညဉ့်နက်နက်တွင် ကြည့်မြင်တိုင် စံပြဈေး အတွင်းမှ စားကြွင်း စားကျန်၊ ကုန်ကြွင်းကုန်ကျန် များကို စားသုံးကာ ဝဖီးနေသော မြေကြွက်ကြီးများအား လိုက်လံ ရှာဖွေနေသူများ ခပ်ဖွဲဖွဲ ရှိနေကြသည်။“

ဒါတောင်မိုးတွင်းမို့လို့ ကြွက်ထိုးတဲ့လူ နည်းတာ။ နွေရာသီဆို ဒီထက်များတယ်” ဟု ကိုသိန်းမျိုးခိုင်က ဆိုသည်။ညဉ့်နက်နက် အမှောင် ထု အကြား ကြွက်ဖမ်းထွက်သူများတွင် ၎င်းကဲ့သို့ စည်ပင် သာယာ နေ့စား အလုပ်သမား များ ပါသကဲ့သို့ အခြား ကြွက်မုဆိုးများလည်း ပါဝင် သည်။ စည်ပင်သာယာက ခန့်အပ်ထားသော ကြွက်ဖမ်းသမား များမှာ ကြွက်ကောင်ရေ မည်မျှဖမ်းမိကြောင်း သက်သေအဖြစ် ဌာနသို့ ကြွက်အမြီးများသာ တင်ပြရရာ ကိုသိန်းမျိုးခိုင်အတွက် ကြွက်ခန် ဓာကိုယ် များကို ပြင်ပသို့ ရောင်းချငွေရှာနိုင်သည်။ သို့သော် သူဖမ်းသော အကောင်များမှာ မြေကြွက်များ တင်မကပါ။ ဖား၊ ငါးရှဉ့်၊ မြွေ စသည့် သတ္တဝါ ပေါင်းစုံမှ ရရာ အသားများကိုလည်း ဖမ်းဆီး တတ်သေး ကြောင်း ကိုသိန်းမျိုးခိုင်က ဆိုသည်။ ထိုသို့သော အကောင် များတွင်လည်း ဈေးကွက်ရှိသည်။ အဝယ်ဒိုင်ရှိသည်။

ကြွက်ကား ယမကာ နှင့် လိုက်ဖက် ညီလှစွာသော အမြည်းအဖြစ် သီးသန့်ဈေးကွက် ရှိသည်။ ဥပမာအားဖြင့် သင်္ဃန်းကျွန်း မြို့နယ် လေး ထောင့်ကန်မှ ကြွက်ဒိုင်။ထိုအခါ အခြားအမယ် စုံလှစွာသော အသားများ၊အကောင်ပလောင် များကား အဘယ်သို့ မြန်းနေသနည်း။ ယင်း သတ္တဝါမျိုးစုံတို့အား ငွေကြေးအဖြစ် ပြောင်းလဲပေးမည့် နေရာ အချို့ ရှိလေသည်။အင်းစိန် ဘိုကုန်းရပ်ကွက် ရှိ လမ်းကြားငယ်တစ်ခုမှ ဖျော်ရည် လုပ်ငန်းဟု ခေါင်းစဉ်တပ်ထားသော အဆောက်အအုံ တစ်ခုမှာ ယင်းသို့သော နေရာများအနက် ထင်ရှားသော ဌာနေတစ်ခုဖြစ် သည်။ ဖျော်ရည် လုပ်ငန်းဟု တပ်ထားသော ဆိုင်းဘုတ်အောက်တွင် ရှိသည့် ထိုအဆောက်အအုံ မှာ လာသမျှ အသားမျိုးစုံကို ပိဿာချိန် ဖြင့် ဝယ်ယူလက်ခံရာ ဒိုင်တစ်ခုလည်း ဖြစ်သည်။

ဖျော်ရည် လုပ်ငန်း ဟု ခေါင်းစဉ် တပ်ထား သော်လည်း တစ်ချိန်က ဖျော်ရည် အတု ပေါင်းစုံပြုလုပ်ရာ လုပ်ငန်း တစ်ခုဖြစ်ခဲ့ပြီး ယခုအခါ အသားစိမ်းဝယ် သည့်ဒိုင် တစ်ခု ဖြစ်နေသည်ဟု အဆိုပါရပ်ကွက်တွင် နှစ်ပေါင်း သုံးဆယ်ကြာ နေထိုင်ခဲ့သူ မီးရထားဝန်ထမ်းဟောင်း ဦးကျော်လွင်က ပြောပြသည်။အကောင်မျိုးစုံ၊ အသားမျိုးစုံဆိုရာတွင် ကြွက် ၊ မြွေ ၊ ဖားတို့မှအစ ပုတ်သင်ညို၊ ကင်းလိပ်ချော၊ ကြောင်၊ ခွေး အပါအဝင် မည်သည့်အသားမဆို အကောင်အမျိုးအစား အလိုက် ပိဿာချိန်ဖြင့် ဝယ်ယူကြောင်း ကိုသိန်းမျိုးခိုင်က ရှင်းပြသည်။ “ဖားက တော့ စားလို့ရတဲ့ဖားဆို တခြားရောင်းတာပေါ့။ စားမရတဲ့ ဖားခုံညင်းလို၊ ဖားပျံလိုတွေကျ သူ့ဆီပဲ သွင်းကြတာ။ ရေမြွေတို့ တခြား အ ကောင်ပလောင်တွေလည်း ဒီလိုပါပဲ” ဟု ၎င်းကဆိုသည်။

လမ်းဘေးတွင် အတိုအစ လိုက်ကောက်သည့် ကလေးငယ်များလည်း လမ်းဘေးတွင် တိရစ္ဆာန်အသေကောင်များ တွေ့လျှင် ကောက်လာ ကြပြီး အဆိုပါနေရာတွင် လာရောက် ရောင်းချတတ်ကြသည်ဟု အဆိုပါ ရပ်ကွက်အတွင်းမှ သိရသည်။အချို့ကလေးများ ဆိုလျင် လမ်း ဘေးမှ ပုတ်သင်ညိုအသေများ၊ ကင်းလိပ်ချော အသေများ၊ ကြွက်သေ များကို ပလတ်စတစ်ဖြင့် ထုပ်ယူ လာသည်များ ကိုလည်း တွေ့ရ လေ့ရှိကြောင်း ဦးကျော်လွင်က ဆိုသည်။ ကြွက်သီးသန့် မုဆိုးများကမူ ဈေးကောင်းရသော လေးထောင့်ကန် ကြွက်ဒိုင်တွင် သွားရောင်း တတ် ကြသော်လည်း အင်းစိန်ဘိုကုန်း ရပ်ကွက်မှ ဒိုင်မှာ အမယ်စုံ အသားများ သွင်းလိုသူတို့အတွက် ပိုက်ဆံရှာရာ ဖြစ်သည်။“ကျွန်တော် တို့ကျတော့ နေတာက ရွှေပြည်သာဆိုတော့ လမ်းသင့်တဲ့ ဒီအင်းစိန်က အသားစုံဒိုင်မှာပဲ လာသွင်းလိုက်တာ၊

ဈေးတော့ နည်းတာပေါ့” ဟု ကိုသိန်းမျိုးခိုင်က ဆိုသည်။ယင်းဒိုင်မှပေးသော ကြွက်ဈေးမှာ နည်းပါးသော်လည်း ကြွက်အပါအဝင်နှင့် သူ၏ သားဖြစ်သူ ရှာလာသည့် အခြား တိရစ္ဆာန်မျိုးစုံကိုပါ သွင်းနိုင်သဖြင့် အဆင် ပြေကြောင်းလည်း သူကဆိုသည်။အဆိုပါအသားဒိုင် တွင် ဒိုင် ချုပ်ဟု ထင်ရသော ငွေကိုင်သူ တစ်ဦးနှင့် လာပို့သော သတ္တဝါများကို အရေခွံ ဆုတ်ခြင်း၊ အမွေးနုတ် ခြင်း၊ အရိုးထုတ်ခြင်းနှင့် အသားတုံး အဖြစ် ခုတ်ပေးရသည့် အလုပ်သမားအမျိုးသား ခြောက်ဦးခန့် ရှိနေတတ်သည်။“လာသွင်းသမျှ တိရစ္ဆာန်တွေကို အရေခွံဆုတ်ပြီး အသား တုံးလေးတွေ ဖြစ်အောင် ခုတ်ပေး ရတယ်” ဟု သြင်္ကန်ရက်အတွင်း အလုပ်သမား ရှားပါးစဉ်က ထိုနေရာတွင် ခေတ္တ ဝင်ရောက် လုပ်ကိုင် ခဲ့ဖူးသူ ဘိုကုန်းရပ်ကွက်နေ ကိုဇော်တူးက သူ့အတွေ့အကြုံကို ရှင်းပြသည်။

တစ်ခါတစ်ခါ မြင်းသားဟုဆိုသည့် အသားတုံးကြီးများ လာရောင်းသူများ ရှိသည်ကို တွေ့ရကြောင်း ၎င်းက ဖြည့်စွက်သည်။အသားများကို မည်သည့်နေရာတွင် မည်သို့ အသုံးပြုနေသည်ဟု ၎င်းတို့ ရေရေရာရာ မသိခဲ့ရ။“ငါးခူမွေးမြူရေးအတွက် အစာလို့တော့ ပြောတယ်” ဟု ကိုဇော်တူးက ဆိုသည်။သူတို့ ခုတ်ထစ်ပြီးသား အသားတုံးများကို ရေခဲပုံးများအတွင်း စနစ်တကျ ထည့်ပြီးနောက် အအေးခန်းကား တစ်စီး က နှစ်ရက်တစ်ခါ လာသယ်ယူသွားတတ်ကြောင်း ရပ်ကွက်အတွင်းမှ သိရသည်။ ယင်းဒိုင်မှ တစ်ဆင့်ထုတ်လုပ်လိုက်သော ကြွက်၊ မြွေ ၊ ဖားတို့မှ အစ ပုတ်သင်ညို၊ ကင်းလိပ်ချော၊ ကြောင်၊ ခွေး စသည့် ရရာ အသားတုံး အစုံများသည် မည်သည့်လုပ်ငန်း၊ မည်သည့်နေရာ တွင် ကုန်ချောအဖြစ် အသွင်ပြောင်းကြသနည်း။

အင်းစိန်ဘိုကုန်းတွင် ဖွင့်လှစ်ထားသည့် အသားစုံဒိုင်နှင့် ဆက်နွှယ်နေသူမှာ တစ်ချိန် တစ်ခါက ဖျော်ရည်တု၊ အရက်တု လုပ်ငန်းဈေးကွက် တွင် ဘုရင် တစ်ဆူဖြစ်ခဲ့ပြီး ယခုအခါ အသင့်စား ငါးအူချောင်းနှင့် ကိုရီးယားအကင်မျိုးစုံ လောကတွင် နေရာယူနေသူတစ်ဦး ဖြစ်ကြောင်း လသာမြို့နယ် အတွင်းရှိ အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ထုတ်ဖော်ပြောဆို သည်။သူ့အဆိုအရ အသင့်စား အကင် လုပ်ငန်းများ ခေတ်စား လာပြီးနောက်ပိုင်း ယင်းလုပ်ငန်းရှင်မှာ တရုတ်နိုင်ငံမှ ကျွမ်းကျင်သူ အချို့ငှားရမ်းကာ ပြည်တွင်းတွင် ထုတ်လာ ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါလုပ်ငန်းရှင်သည် လသာမြို့နယ် အတွင်းရှိ အဆောက်အအုံတစ်ခု တွင် တရုတ်နိုင်ငံသား ကျွမ်းကျင် သူနှစ်ဦး၊ အမျိုးသမီး အလုပ်သမားငယ် ၁၀ ဦးကျော် တို့နှင့်အတူ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ငါးအူချောင်းနှင့်။

ကိုရီးယား အကင်ထိုး တံဆိပ်မျိုးစုံကို ထုတ်လုပ်နေသူ ဖြစ်ကြောင်းလည်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ လသာမြို့နယ်ရှိ အဆို ပါလုပ်ငန်းတွင် လုပ်ကိုင် ခဲ့ဖူးသူ များအနက် အသက် ၂၁ နှစ် အရွယ် မဖြူလေးသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။“ညီမတို့က ကားနဲ့ သယ်လာတဲ့ အသားတွေကို စက်နဲ့ ကြိတ်ပေးရတာ။ ကျန်တာကိုတော့ တရုတ်နှစ်ယောက်နဲ့ အစ်ကိုကြီးသုံးယောက်ပဲ ကိုင်တယ်။ ညီမ တို့က အသားကြိတ်တဲ့အထိပဲ သိတယ်” ဟု မဖြူလေးက ပြန်လည်ပြောပြသည်။ လစာအတော်အသင့် ကောင်းသော်လည်း အလုံပိတ်ထား သော အဆောက်အအုံ အတွင်း အသားပေါင်းစုံ၏ ညှီနံ့များကြောင့် ရင်ကျပ်ရောဂါ ဖြစ်လာသည့်အတွက် မဖြူလေးမှာ ယခုအခါ သိမ်ကြီး ဈေးရှိ အထည်ဆိုင်တစ်ခုတွင် ပြောင်းလဲ လုပ်ကိုင် နေရသည်။“

အသားတုံးတွေက အင်းစိန်က သူဌေးရဲ့ ဆိုင်ခွဲကနေ သယ်လာတာလို့တော့ သိတယ်။ သူဌေးက သားသတ်ရုံတွေက ပိုတဲ့အသားတွေ လေလံဆွဲတာလို့ ပြောသံ ကြားတယ်။ ဒါပေမဲ့ အသားတုံးတွေက တော်တော်ကောင်းကောင်း တွေလည်း ပါတယ်” ဟု အသားတုံးများ လာရာလမ်းနှင့် ပတ်သက်ပြီး မဖြူလေးက သိသမျှ ပြန်လည်မျှဝေသည်။ဈေးကွက်အတွင်း ရောင်းချနေ သည့် အသင့် ကင်စားနိုင်သော အသားတုံး များ တွင် ကြက်၊ ဝက်၊ ငါး စသည်ဖြင့် အမည် အမျိုးမျိုး ရှိသည်။ အသားတုံးများ အတွင်းတွင် ယင်း အမည်အတိုင်း အသားများ ပါပါ၏လော။ ကိုသိန်းမျိုးခိုင်တို့ ရန်ကုန်မြို့တော် အတွင်းရှိ မြောင်းများ၊ လမ်းဘေးများ၊ ဈေးများအတွင်းမှ ဖမ်းဆီးကာ စတင်လည် ပတ် လာသော အသားစုံ စက်ဝန်းသည် စားသုံးသူများ နေ့စဉ် စားသုံးနေသော အသားတုံး များတွင် အဆုံးသတ်နေသလော။

အသားတုံးစက်ဝန်း မည်သို့လည် ပတ်နေသည်ကို စေ့စေ့ငုငု မသိရှိဘဲ စားသုံးနေကြသူ အများအပြားရှိသည်။အလုံမြို့နယ် ဆင်မင်းဈေး အနီးတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် အိမ်ရှင်မ မသ ဉ္ဇာဦးက “ကိုယ်တိုင်လည်း မကြာခဏ ဝယ်စားဖြစ်တယ်။ အိမ်က ကလေး တွေကလည်း ကြိုက်တယ်” ဟု ဆိုလေသည်။အသားတုံးအမည်တပ် အသင့်စား အသားတုံးများအတွင်းရှိ အသားများမှာ မည်သို့အသား ဓာတ်၊ အာဟာရဓာတ်၊ ဘေးထွက်ဆိုးကျိုး၊ ကျင့်ဝတ်မဲ့ စီးပွားရေး သမား၏ လက်စွမ်းပြမှုများ ပါဝင်နေသနည်း။FDA ဟု အတိုကောက် ခေါ်သော အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့အနေနှင့်မူ အစား အသောက် များ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့် လာရောက် လျှောက်ထားမှုများကို ပါဝင်ပစ္စည်း သေချာစွာ စစ်ဆေးပြီးမှ ထောက်ခံလေ့ရှိကြောင်း ယင်းဌာနမှ ဒေါက်တာထွန်းဇော်က ရှင်းပြသည်။“

လူထုအတွက် အန္တရာယ်ရှိတဲ့ အစားအသောက်တွေကို ခိုးထုတ်ပြီး ဈေးကွက်ထဲ ပြန့်နေတယ်ဆိုရင်လည်း သတင်းရတာနဲ့ စိစစ်ပြီး သိမ်း ဆည်း အရေးယူလေ့ ရှိပါတယ်။ ဒါက စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအပိုင်းပါ” ဟု ၎င်းကဆိုသည်။သို့သော် ‘ဘာမှန်းမသိသော’ အသားများ ပါဝင်နေသောကိစ္စမှာ FDA တွင် တာဝန်မရှိဘဲ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ လုပ်ပိုင် ခွင့်သာ ဖြစ်ကြောင်း ဒေါက်တာ ထွန်းဇော်က ရှင်းပြသည်။“လုပ်ပိုင်ခွင့် မရှိသေးတဲ့အတွက် ကျွန်တော်တို့မှာ သားငါးအရောအနှော တွေကို စိစစ်ဖို့ လူ၊ ကျွမ်းကျင်မှု၊ နည်းပ ညာ၊ စက်ပစ္စည်းတွေ မရှိတာလည်း ပါပါတယ်” ဟု သူက ပြောဆိုသည်။

Credit ခက်ဇော်

Add a Comment

Your email address will not be published. Required fields are marked *