စွန့်ပစ် ပစ္စည်းတွေ နဲ့ အဆောက် အဦးတွေ ဆောက်ပေး နေတာတဲ့ သံလျင် သဘာဝတရား ရိပ်သာမှာ ရောက်ရှိနေသည့် အမေရိကန်ဇနီး မောင်နှံ
PPT
ယင်းကဲ့သို့ဆောက် လုပ်ရာမှာ အသုံးပြုပြီးတဲ့ တာယာများ ၊ ပုလင်းများ နဲ့ ဆောက်လုပ် တာ ဖြစ်တာကြောင့် လတ်တလောမှာ အသုံးပြု ပြီးတဲ့ ဒီဇိုင်းစုံ အရွယ်စုံ ပုလင်းမျိုးစုံများစွာ လိုအပ်နေတယ် လို့ သိရပါတယ်။ “အလင်းတွေကို ဖန်ကနေ ဝင်အောင် လုပ်ထားတော့ ဖန်ပု လင်းလေးတွေ လိုတာပါ။ ဖန်ပုလင်း အသေးလေးတွေလည်း ရပါတယ်။
ပုလင်းဆိုပေမယ့်လည်း လှတဲ့ဟာ လေးတွေဆို အလှဆင်တာပိုကောင်းတာပေါ့။ ဒါပေမယ့်လည်း ရှိတဲ့ ပုလင်းတွေလည်း ရပါ တယ်။”လို့ ၎င်းတို့ကို ဝိုင်းဝန်းကူညီပေးနေတဲ့ မအိက ပြောပါတယ်။အမေရိကန် နိုင်ငံသား ဇနီးမောင်နှံ (၂) ဦးမှ သံ လျင် သဘာဝတရား ရိပ်သာမှာ Earthship နည်းပညာ နဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ အဆောက်အဦး တွေကို အလှဆင်ဆောက် လုပ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။
သဘာဝတရား ရိပ်သာက ဆရာတော် ဆီမှာ volunteer အဖွဲ့တွေ နိုင်ငံတကာကလည်း ရှိတယ် မြန်မာနိုင်ငံကလည်း ရှိတယ်။ အဲ့ဒီအဖွဲ့ တွေနဲ့ပဲ အဆောက်အဦး တွေ တရားရိပ်သာ တွေဆောက်တယ်။ အခုလက်ရှိ နိုင်ငံခြားသား ၂ဦးကလည်း volunteer အနေနဲ့ လုပ်အားဒါ နပြုပြီး Earthship နည်းပညာနဲ့ ပတ်ဝန်းကျင်က ပြန်သုံးလို့ ရတဲ့ စွန့်ပစ်စ္စည်းတွေနဲ့ ဆောက်လုပ်ရတယ် ဆိုတာနမူနာ ဆောက်ပြတာ။
မြန်မာနိုင်ငံကလူတွေလည်း အတွေ့အကြုံရအောင်ဆိုပြီး ဆောက်ပြတာပါ။” လို့ မအိက ပြောပါတယ်။အဆိုပါ လိုအပ်နေတဲ့ အသုံးပြုပြီး တဲ့ ပုလင်းများ လှူဒါန်း လိုပါက မအိ ၀၉၄၂၁၁၀၉၄၄၄ ကို ဆက်သွယ်ပြီး လှူဒါန်းနိုင်မှာပဲ ဖြစ်ပါတယ်။
PPT
Credit – MyanmaPlatform
Add a Comment
Your email address will not be published. Required fields are marked *