ဇူလိုင္လ အတြက္ မီတာကင္းလြတ္ခြင့္ မရရွိတဲ့သူေတြကို ၾသဂုတ္လတြင္ ျပန္လည္အစားထိုးေလွ်ာ့ခ်ေပးမည္ဟု EPCထုတ္ျပန္

ယခုအခါ အစိုရမွ အိမ္သုံးလွ်ပ္စစ္ မီတာခ (၁၅၀)ယူနစ္ ကင္းလြတ္ခြင့္ကို ဒီဇင္ဘာလ ကုန္အထိ ဆက္တိုက္ေလွ်ာ့ခ်ေပးသြားမယ္လို႔ လွ်ပ္ စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ဩဂုတ္လ (၁၈)ရက္ေန႔ ညပိုင္းက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။လွ်ပ္စစ္ဓာတ္အားသုံးစြဲသူေတြအေနနဲ႔ သုံး စြဲမႈ (၁)ယူနစ္မွ (၁၅၀)ယူနစ္အထိ သုံးစြဲသူမ်ားကို ယူနစ္အလိုက္ ဓာတ္အားက်သင့္ေငြအပါအဝင္ မီတာဝန္ေဆာင္ခကိုပါ ကင္းလြတ္ ခြင့္ ျပဳမွာျဖစ္ပါတယ္။

(၁၅၀) ယူနစ္အထက္ သုံးစြဲသူေတြအေနနဲ႔ကေတာ့ (၁၅၁) ယူနစ္ကေနစၿပီး သုံးစြဲထားတဲ့ ယူနစ္အတိုင္း မီတာခကိုေပးေဆာင္ရမွာပါ။ အိမ္သုံးမီတာအမ်ိဳးအစားေတြကိုသာ လစဥ္ (၁၅၀)ယူနစ္ကင္းလြတ္ခြင့္ျပဳမွာျဖစ္ၿပီး ႏိုင္ငံတကာသံ႐ုံးေတြနဲ႔ ကုမၸဏီအဖြဲ႕အစည္းေတြ ကိုေတာ့ မူလသတ္မွတ္ႏႈန္းထားတိုင္း ေကာက္ခံသြားမွာျဖစ္ပါတယ္။ဇူလိုင္(၁၅)ရက္ေန႔ေနာက္ပိုင္း ရရွိတဲ့ (၇၅)ယူနစ္ကို ခုႏွိမ္ေပးသြား မွာမယ္လို႔ ထုတ္ျပန္လိုက္တာပါ။

ဇူလိုင္လအတြက္ မီတာကင္းလြတ္ခြင့္ကို ဝန္ႀကီးဌာနက ထုတ္ျပန္တာေနာက္က်ခဲ့တာေၾကာင့္ ဇူလိုင္(၁၆)ရက္ေန႔ကေန (၃၁) ရက္ေန႔ထိ ရရွိတဲ့ (၇၅)ယူနစ္ကို ျပည္သူေတြအေနနဲ႔ ကင္းလြတ္ခြင့္မရရွိခဲ့ၾကပါဘူး။ဇူလိုင္(၁၆)ရက္ေန႔ကေန (၃၁)ရက္ေန႔ထိ ရရွိတဲ့ (၇၅)ယူနစ္ကို ေတာ့ ၾသဂုတ္လ မွစတင္ၿပီး ဓာတ္အားခေတာင္းခံလႊာမ်ားတြင္ အစားထိုး ျပန္လည္ခုႏွိမ္ကာ ေလွ်ာ့ခ်ေပးသြားမွာ ျဖစ္တယ္လို႔ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဇူလိုင္လ ၁၅ ရက္ေနာက္ပိုင္း ၇၅ ယူနစ္ ထပ္မံေလွ်ာ့ ေပးတဲ့ ေၾကညာခ်က္ကို ၾသဂုတ္၁၈ရက္ေန႔မွ ထုတ္ျပန္ေၾကညာတဲ့အတြက္ ၾသဂုတ္ လ ပထမႏွစ္ပတ္အတြင္း မီတာခေပးေဆာင္ၿပီးသူေတြအေနနဲ႔ ထပ္မံေလွ်ာ့ေပးတဲ့ ၇၅ ယူနစ္ကို ခံစားခြင့္မရွိလို႔ ေဝဖန္မႈအခ်ိဳ႕လည္း ရွိေန ပါတယ္။ဒါေၾကာင့္ ဇူလိုင္ (၁၅)ရက္ေန႔ေနာက္ပိုင္းမွာ မရရွိခဲ့တဲ့(၇၅)ယူနစ္ကို ဩဂုတ္လ မွစတင္ၿပီး ျပန္လည္ခုႏွိမ္ေပးသြားမွာပါ။

Credit : Du wun

UNICODE

ယခုအခါ အစိုရမှ အိမ်သုံးလျှပ်စစ် မီတာခ (၁၅၀)ယူနစ် ကင်းလွတ်ခွင့်ကို ဒီဇင်ဘာလ ကုန်အထိ ဆက်တိုက်လျှော့ချပေးသွားမယ်လို့ လျှပ် စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ်လ (၁၈)ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။လျှပ်စစ်ဓာတ်အားသုံးစွဲသူတွေအနေနဲ့ သုံး စွဲမှု (၁)ယူနစ်မှ (၁၅၀)ယူနစ်အထိ သုံးစွဲသူများကို ယူနစ်အလိုက် ဓာတ်အားကျသင့်ငွေအပါအဝင် မီတာဝန်ဆောင်ခကိုပါ ကင်းလွတ် ခွင့် ပြုမှာဖြစ်ပါတယ်။

(၁၅၀) ယူနစ်အထက် သုံးစွဲသူတွေအနေနဲ့ကတော့ (၁၅၁) ယူနစ်ကနေစပြီး သုံးစွဲထားတဲ့ ယူနစ်အတိုင်း မီတာခကိုပေးဆောင်ရမှာပါ။ အိမ်သုံးမီတာအမျိုးအစားတွေကိုသာ လစဉ် (၁၅၀)ယူနစ်ကင်းလွတ်ခွင့်ပြုမှာဖြစ်ပြီး နိုင်ငံတကာသံရုံးတွေနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေ ကိုတော့ မူလသတ်မှတ်နှုန်းထားတိုင်း ကောက်ခံသွားမှာဖြစ်ပါတယ်။ဇူလိုင်(၁၅)ရက်နေ့နောက်ပိုင်း ရရှိတဲ့ (၇၅)ယူနစ်ကို ခုနှိမ်ပေးသွား မှာမယ်လို့ ထုတ်ပြန်လိုက်တာပါ။

ဇူလိုင်လအတွက် မီတာကင်းလွတ်ခွင့်ကို ဝန်ကြီးဌာနက ထုတ်ပြန်တာနောက်ကျခဲ့တာကြောင့် ဇူလိုင်(၁၆)ရက်နေ့ကနေ (၃၁) ရက်နေ့ထိ ရရှိတဲ့ (၇၅)ယူနစ်ကို ပြည်သူတွေအနေနဲ့ ကင်းလွတ်ခွင့်မရရှိခဲ့ကြပါဘူး။ဇူလိုင်(၁၆)ရက်နေ့ကနေ (၃၁)ရက်နေ့ထိ ရရှိတဲ့ (၇၅)ယူနစ်ကို တော့ သြဂုတ်လ မှစတင်ပြီး ဓာတ်အားခတောင်းခံလွှာများတွင် အစားထိုး ပြန်လည်ခုနှိမ်ကာ လျှော့ချပေးသွားမှာ ဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဇူလိုင်လ ၁၅ ရက်နောက်ပိုင်း ၇၅ ယူနစ် ထပ်မံလျှော့ ပေးတဲ့ ကြေညာချက်ကို သြဂုတ်၁၈ရက်နေ့မှ ထုတ်ပြန်ကြေညာတဲ့အတွက် သြဂုတ် လ ပထမနှစ်ပတ်အတွင်း မီတာခပေးဆောင်ပြီးသူတွေအနေနဲ့ ထပ်မံလျှော့ပေးတဲ့ ၇၅ ယူနစ်ကို ခံစားခွင့်မရှိလို့ ဝေဖန်မှုအချို့လည်း ရှိနေ ပါတယ်။ဒါကြောင့် ဇူလိုင် (၁၅)ရက်နေ့နောက်ပိုင်းမှာ မရရှိခဲ့တဲ့(၇၅)ယူနစ်ကို ဩဂုတ်လ မှစတင်ပြီး ပြန်လည်ခုနှိမ်ပေးသွားမှာပါ။

Credit :  Du wun

Add a Comment

Your email address will not be published. Required fields are marked *