ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ (၂၄) နာရီအတြင္း မုန္တိုင္းငယ္ျဖစ္လာမည္ဟု မိုး/ဇလထုတ္ျပန္

ျမန္မာ့ပင္လယ္ျပင္။ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က် ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလ သည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ က်န္ျမန္ မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္ ရွိမည္။

လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၂)ေပခန္႔ႏွင့္ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၅)ေပမွ (၇)ေပခန္႔ ရွိႏိုင္ပါသည္။ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၃:၃၀ )နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ ျဖစ္ေပၚခဲ့ေသာ ေလဖိအားနည္းရပ္ဝန္းသည္ ဘဂၤလားပင္ လယ္ေအာ္ အေနာက္ေျမာက္ပိုင္းတြင္ ဆက္လက္တည္ရွိေနပါသည္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ ေနာက္(၂၄) နာရီအတြင္း မုန္တိုင္းငယ္(Depression)အျဖစ္သို႔ ပိုမိုအားေကာင္းလာကာ၊ အေနာက္ ဘက္သို႔ ေ႐ြ႕လ်ား ႏိုင္သည္ဟု ခန႔္မွန္းရပါသည္။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားနည္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားေကာင္းေနပါသည္။

မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္းတြင္ ေနရာက်ဲက်ဲ၊ မႏၲေလးတိုင္း ေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ရခိုင္ ျပည္နယ္တြင္ ေဒသအလိုက္ႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီအထက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ကခ်င္ ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

CRD: မိုး/ဇလ

UNICODE

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျ ရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန် မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀ )နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင် လယ်အော် အနောက်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄) နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ပိုမိုအားကောင်းလာကာ၊ အနောက် ဘက်သို့ ရွေ့လျား နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကျဲကျဲ၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင် ပြည်နယ်တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

CRD:   မိုး/ဇလ

Add a Comment

Your email address will not be published. Required fields are marked *