မေသခင္ ကတည္းက သရဏ ဂုံ ကိုယ္တိုင္ တင္ၿပီး အုတ္ဂူ တည္ထားသူ ဦးေက်ာ္ ဝင္း ဆိုသည့္ ထူးဆန္းေသာလူတစ္ေယာက္

အဓိပတိဦးေက်ာ္ဝင္းသည္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလအတြင္းက ေအာင္သာေက်း႐ြာ သူ၏အိမ္ေရွ႕တြင္ ေ႐ႊမ႑ပ္ႀကီးထိုးကာ မိမိ ကိုယ္တိုင္ သံဃာေတာ္မ်ား ပင့္၍ အလႉအတန္း ျပဳကာ သရဏဂုံတင္ၿပီး ျမန္မာ့ဆိုင္းဝိုင္းႀကီးျဖင့္ ဧရင္က်ဴးကာ ညေနပိုင္းတြင္ ႀကိဳတည္ ထားေသာအုတ္ဂူသို႔ အသုဘခ်အခန္းအနား လုပ္ကာ ႀကိဳေသသည့္အခမ္းအနားကို ထူးထူးျခားျခားျပဳလုပ္ထားခဲ့သူျဖစ္သည္။ ထိုအခန္း အနား မလုပ္ခင္ ဦးေက်ာ္ဝင္းကသူႏွင့္ပါတ္သက္သူမည္သူမဆို အားလုံးအေပၚ ဘာသာေရး ႏိုင္ငံေရး လူမႈေရး စီးပြားေရး ပုဂၢိဳလ္ေရးဆိုင္ ရာ တို႔ႏွင့္ပါတ္သက္၍ ျပႆနာသံသယရွိပါက လာေရာက္ေမးျမန္းေျဖရွင္းေဆာင္႐ြက္ရန္ဖိတ္ေခၚခဲ့ေသာ္လည္း ။

တစ္ဦးတစ္ေယာက္မွ် လာေရာက္ေျဖရွင္းမႈမရွိသျဖင့္ ကိုယ့္လိပ္ျပာကိုယ္သန႔္ေၾကာင္း ဦးေက်ာ္ဝင္းကေျပာသည္။ေသၿပီးမွ သရဏဂုံ တင္ လ်င္ သရဏဂုံ တည္-မတည္ မသိရသည္ကို ေတြး၍ သက္ရွိ ထင္ရွားရွိစဥ္ ကိုယ့္သရဏဂုံကိုယ္တိုင္တင္၍ ေသလ်င္သၿဂႋဳလ္ရန္ အုတ္ဂူ တည္ထားၿပီးျဖစ္ေၾကာင္း မုံ႐ြာၿမိဳ႕နယ္ ေအာင္သာေက်း႐ြာေန သက္ရွိထင္ရွား သရဏဂုံတင္သူ အဓိပတိဦးေက်ာ္ဝင္းက ေျပာသည္။က်ဳပ္ အယူအဆေျပာရရင္ ေသသြားၾကတဲ့သူေတြကို က်န္ေနတဲ့ မိသားစုက ေျမပုံရွိရာ သခ်ႋဳင္းသြားၿပီး ေသသူရဲ႕အက်ႌ ပုဆိုး ထမိန္ တဘက္ စတာေတြနဲ႔ သရဏဂုံတင္ဖို႔ တရားနာဖို႔ လိုက္ခဲ့ပါဆိုၿပီး ႐ိုးရာထုံးတမ္းစဥ္အရ လုပ္ေနၾကတာေတြေတြ႕ရတယ္။

အဲဒီဝိဉာဥ္က လိုက္လာလား။ မလိုက္လာလား ဆိုတာမသိရဘူး။ ေသၿပီးမွ သရဏဂုံတင္တယ္ ဆိုတာလည္း သရဏဂုံတည္ႏိုင္လား။ မတည္ႏိုင္ဘူးလားဆိုတာ မသိရပါဘူး။အဲဒါေတြေတြးၿပီး ကိုယ့္ကိုကိုယ္ သက္ရွိထင္ရွား ရွိကတည္းက ကိုယ့္သရဏဂုံ ကိုယ္တိုင္ တင္ၿပီး ကိုယ္တိုင္တရားနာမယ္။ သဟဒိကဒါနေျမာက္ေအာင္ ကိုယ္တိုင္လႉဖြယ္ ေတြလႉၿပီး ေရစက္ခ်တယ္။ ကိုယ့္ခႏၶာ ကိုယ့္အေလာင္းကိုယ္ တိုင္ရႈျမင္သြားတယ္။စိတ္ၾကည္မႈရွိၿပီး မေသခင္က စိတ္ခ်မ္းသာတယ္။ ၿပီးမွေခြးလိုေသေသ ဝက္လိုေသေသ အေသေျဖာင့္ တယ္” ဟု ဦးေက်ာ္ဝင္းကရွင္းျပသည္။သူေသလ်င္ထည့္ သြင္းသၿဂႋဳလ္ႏိုင္ရန္ အုတ္ဂူကို ေအာင္သာေက်း႐ြာ ဦးေက်ာ္ဝင္းေနအိမ္ႏွင့္။

မလွမ္းမကမ္း သူ၏စိုက္ပ်ိဳးေရးၿခံဝင္းအတြင္းတည္ေဆာက္ထားျခင္းျဖစ္သည္။“က်ဳပ္ရဲ႕သခ်ႋဳင္းဘယ္ရွိလို႔ ဘယ္လိုအေသမ်ိဳးနဲ႔ ဘယ္ေန ရာမွာ ေသရမယ္ဆိုတာ လုံးဝမသိပါဘူး။ ဒီမွာတင္ (ေအာင္သာေက်း႐ြာ)ေသသည္ျဖစ္ေစ အျခားအေလာင္းယူရတဲ့ေနရာေသသည္ျဖစ္ေစ ေသရင္ေတာ့ ဒီဂူထဲေရာက္မွာဘဲ။ အဲဒီလိုမဟုတ္ဘဲ ေလယ်ာဥ္ပ်က္က်ေသမယ္။ေရနစ္ေသမယ္။ ကုန္းလမ္းမွာလွ်ိဳေျမႇာင္ ေခ်ာက္ထဲက် ေသ မယ္။ တျခားအေလာင္းရွာမရတဲ့ ေနရာမ်ိဳးေသမယ္ဆိုရင္ေတာ့ ဒီဂူထဲ႐ုပ္ကလာဒ္မေျပာနဲ႔။ အ႐ိုးျပာေတာင္ထည့္ႏိုင္မွာမဟုတ္ပါဘူး။ ဒီဂူထဲမေရာက္လည္း က်ဳပ္တို႔ဗုဒၶဘာသာမွာ စကားရွိတယ္။ ဘုရားတစ္ဆူဂူတစ္လုံးဆိုတာပါ။

က်ဳပ္ဒီဂူထဲမေရာက္လည္းသား-သမီး-ေျမး-ျမစ္-တီ-တြတ္စတာေတြဦးခ်ကန္ေတာ့ႏိုင္တယ္။ သူတို႔ရဲ႕ကုသိုလ္ မွတ္တိုင္တစ္ခုျဖစ္ရစ္ တာ ေပါ့ဗ်ာ” ဟု ဦးေက်ာ္ဝင္းကရွင္းျပသည္။မေသခင္ကတည္းက တည္ေဆာက္ထားေသာ အုတ္ဂူေခါင္းပိုင္းတြင္ ဘုရား ရဟန္းေက်ာင္း ဇရပ္ သာသနာ့ဒါယကာႀကီး အဓိပတိဦးေက်ာ္ဝင္း အသက္( ) ၁၃ ခု လ( )ရက္ေန႔ အနိစၥခ်ဳပ္ၿငိမ္းသည္ ဟု ေရးထိုးထားၿပီး ဂူ၏ေျမာက္ဖက္ မ်က္ႏွာတြင္ အနိစၥ-ဒုကၡ-အနတၱ-သခၤါရ ကြၽႏုပ္ေနာက္ ဘာမွ်မပါ။ ကိုယ့္သမိုင္းကိုယ္ေရးၾကသည္။အပၸမာေဒန သမၼာေဒထ ဟုေရးထိုးထား သည္။ဂူ၏အေနာက္ဖက္မ်က္ႏွာတြင္ မေကာင္းမႈေရွာင္ ေကာင္းမႈေဆာင္ ျဖဴေအာင္စိတ္ကိုထား။

ကိုယ့္ေနာက္ပါမည္က ဒါန သီလ ဘာဝနာ ဇနိတံ ပါကံ ဇေနတိ ဟု ေရးထိုးထားၿပီး ဂူ၏ေတာင္ဖက္မ်က္ႏွာတြင္ မွန္ကန္ေျဖာင့္မတ္၍ တာ ဝန္ေၾကၿပီး မိမိကိုယ္အျပစ္မရွိဟု ယုံၾကည္ေသာသူသည္ ေသမည္ကိုမေၾကာက္ပါ။ေသသူကေသ၍ေသၿပီးပါၿပီ။ က်န္ရစ္သူမ်ားက ပူေဆြး ေသာကမျဖစ္ပါႏွင့္။ တစ္ေန႔မုခ်ေသၾကရမည္ ဟု ေရးထိုးထားသည္။အုတ္ဂူရဲ႕ေခါင္းပိုင္းဦးထိပ္မွာထားတဲ့ ပစ္တိုင္းေထာင္ ႐ုပ္ထား ရတာ က မိမိလိပ္ျပာသန႔္ရွင္းယုံၾကည္လို႔ ျဖစ္ပါတယ္။ ပစ္တိုင္းေထာင္ဆိုတာ ဘယ္ေနရာပစ္ခ် ပစ္ခ် အၿမဲတမ္းေထာင္လ်က္ပါ။ေသတာေတာင္ သမိုင္းေကာင္းနဲ႔ ေထာင္လ်က္ေသသြားမယ္ဆိုတဲ့ အဓိပၸာယ္ပါ။” ဟု ဦးေက်ာ္ဝင္းကရွင္းျပသည္။

မ်ိဳးဝင္းထြန္း-မုံ႐ြာ

UNICODE

အဓိပတိဦးကျော်ဝင်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက အောင်သာကျေးရွာ သူ၏အိမ်ရှေ့တွင် ရွှေမဏ္ဍပ်ကြီးထိုးကာ မိမိ ကိုယ်တိုင် သံဃာတော်များ ပင့်၍ အလှူအတန်း ပြုကာ သရဏဂုံတင်ပြီး မြန်မာ့ဆိုင်းဝိုင်းကြီးဖြင့် ဧရင်ကျူးကာ ညနေပိုင်းတွင် ကြိုတည် ထားသောအုတ်ဂူသို့ အသုဘချအခန်းအနား လုပ်ကာ ကြိုသေသည့်အခမ်းအနားကို ထူးထူးခြားခြားပြုလုပ်ထားခဲ့သူဖြစ်သည်။ ထိုအခန်း အနား မလုပ်ခင် ဦးကျော်ဝင်းကသူနှင့်ပါတ်သက်သူမည်သူမဆို အားလုံးအပေါ် ဘာသာရေး နိုင်ငံရေး လူမှုရေး စီးပွားရေး ပုဂ္ဂိုလ်ရေးဆိုင် ရာ တို့နှင့်ပါတ်သက်၍ ပြဿနာသံသယရှိပါက လာရောက်မေးမြန်းဖြေရှင်းဆောင်ရွက်ရန်ဖိတ်ခေါ်ခဲ့သော်လည်း ။

တစ်ဦးတစ်ယောက်မျှ လာရောက်ဖြေရှင်းမှုမရှိသဖြင့် ကိုယ့်လိပ်ပြာကိုယ်သန့်ကြောင်း ဦးကျော်ဝင်းကပြောသည်။သေပြီးမှ သရဏဂုံ တင် လျင် သရဏဂုံ တည်-မတည် မသိရသည်ကို တွေး၍ သက်ရှိ ထင်ရှားရှိစဉ် ကိုယ့်သရဏဂုံကိုယ်တိုင်တင်၍ သေလျင်သင်္ဂြိုလ်ရန် အုတ်ဂူ တည်ထားပြီးဖြစ်ကြောင်း မုံရွာမြို့နယ် အောင်သာကျေးရွာနေ သက်ရှိထင်ရှား သရဏဂုံတင်သူ အဓိပတိဦးကျော်ဝင်းက ပြောသည်။ကျုပ် အယူအဆပြောရရင် သေသွားကြတဲ့သူတွေကို ကျန်နေတဲ့ မိသားစုက မြေပုံရှိရာ သင်္ချိုင်းသွားပြီး သေသူရဲ့အင်္ကျီ ပုဆိုး ထမိန် တဘက် စတာတွေနဲ့ သရဏဂုံတင်ဖို့ တရားနာဖို့ လိုက်ခဲ့ပါဆိုပြီး ရိုးရာထုံးတမ်းစဉ်အရ လုပ်နေကြတာတွေတွေ့ရတယ်။

အဲဒီဝိဉာဉ်က လိုက်လာလား။ မလိုက်လာလား ဆိုတာမသိရဘူး။ သေပြီးမှ သရဏဂုံတင်တယ် ဆိုတာလည်း သရဏဂုံတည်နိုင်လား။ မတည်နိုင်ဘူးလားဆိုတာ မသိရပါဘူး။အဲဒါတွေတွေးပြီး ကိုယ့်ကိုကိုယ် သက်ရှိထင်ရှား ရှိကတည်းက ကိုယ့်သရဏဂုံ ကိုယ်တိုင် တင်ပြီး ကိုယ်တိုင်တရားနာမယ်။ သဟဒိကဒါနမြောက်အောင် ကိုယ်တိုင်လှူဖွယ် တွေလှူပြီး ရေစက်ချတယ်။ ကိုယ့်ခန္ဓာ ကိုယ့်အလောင်းကိုယ် တိုင်ရှုမြင်သွားတယ်။စိတ်ကြည်မှုရှိပြီး မသေခင်က စိတ်ချမ်းသာတယ်။ ပြီးမှခွေးလိုသေသေ ဝက်လိုသေသေ အသေဖြောင့် တယ်” ဟု ဦးကျော်ဝင်းကရှင်းပြသည်။သူသေလျင်ထည့် သွင်းသင်္ဂြိုလ်နိုင်ရန် အုတ်ဂူကို အောင်သာကျေးရွာ ဦးကျော်ဝင်းနေအိမ်နှင့်။

မလှမ်းမကမ်း သူ၏စိုက်ပျိုးရေးခြံဝင်းအတွင်းတည်ဆောက်ထားခြင်းဖြစ်သည်။“ကျုပ်ရဲ့သင်္ချိုင်းဘယ်ရှိလို့ ဘယ်လိုအသေမျိုးနဲ့ ဘယ်နေ ရာမှာ သေရမယ်ဆိုတာ လုံးဝမသိပါဘူး။ ဒီမှာတင် (အောင်သာကျေးရွာ)သေသည်ဖြစ်စေ အခြားအလောင်းယူရတဲ့နေရာသေသည်ဖြစ်စေ သေရင်တော့ ဒီဂူထဲရောက်မှာဘဲ။ အဲဒီလိုမဟုတ်ဘဲ လေယျာဉ်ပျက်ကျသေမယ်။ရေနစ်သေမယ်။ ကုန်းလမ်းမှာလျှိုမြှောင် ချောက်ထဲကျ သေ မယ်။ တခြားအလောင်းရှာမရတဲ့ နေရာမျိုးသေမယ်ဆိုရင်တော့ ဒီဂူထဲရုပ်ကလာဒ်မပြောနဲ့။ အရိုးပြာတောင်ထည့်နိုင်မှာမဟုတ်ပါဘူး။ ဒီဂူထဲမရောက်လည်း ကျုပ်တို့ဗုဒ္ဓဘာသာမှာ စကားရှိတယ်။ ဘုရားတစ်ဆူဂူတစ်လုံးဆိုတာပါ။

ကျုပ်ဒီဂူထဲမရောက်လည်းသား-သမီး-မြေး-မြစ်-တီ-တွတ်စတာတွေဦးချကန်တော့နိုင်တယ်။ သူတို့ရဲ့ကုသိုလ် မှတ်တိုင်တစ်ခုဖြစ်ရစ် တာ ပေါ့ဗျာ” ဟု ဦးကျော်ဝင်းကရှင်းပြသည်။မသေခင်ကတည်းက တည်ဆောက်ထားသော အုတ်ဂူခေါင်းပိုင်းတွင် ဘုရား ရဟန်းကျောင်း ဇရပ် သာသနာ့ဒါယကာကြီး အဓိပတိဦးကျော်ဝင်း အသက်( ) ၁၃ ခု လ( )ရက်နေ့ အနိစ္စချုပ်ငြိမ်းသည် ဟု ရေးထိုးထားပြီး ဂူ၏မြောက်ဖက် မျက်နှာတွင် အနိစ္စ-ဒုက္ခ-အနတ္တ-သင်္ခါရ ကျွနုပ်နောက် ဘာမျှမပါ။ ကိုယ့်သမိုင်းကိုယ်ရေးကြသည်။အပ္ပမာဒေန သမ္မာဒေထ ဟုရေးထိုးထား သည်။ဂူ၏အနောက်ဖက်မျက်နှာတွင် မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား။

ကိုယ့်နောက်ပါမည်က ဒါန သီလ ဘာဝနာ ဇနိတံ ပါကံ ဇနေတိ ဟု ရေးထိုးထားပြီး ဂူ၏တောင်ဖက်မျက်နှာတွင် မှန်ကန်ဖြောင့်မတ်၍ တာ ဝန်ကြေပြီး မိမိကိုယ်အပြစ်မရှိဟု ယုံကြည်သောသူသည် သေမည်ကိုမကြောက်ပါ။သေသူကသေ၍သေပြီးပါပြီ။ ကျန်ရစ်သူများက ပူဆွေး သောကမဖြစ်ပါနှင့်။ တစ်နေ့မုချသေကြရမည် ဟု ရေးထိုးထားသည်။အုတ်ဂူရဲ့ခေါင်းပိုင်းဦးထိပ်မှာထားတဲ့ ပစ်တိုင်းထောင် ရုပ်ထား ရတာ က မိမိလိပ်ပြာသန့်ရှင်းယုံကြည်လို့ ဖြစ်ပါတယ်။ ပစ်တိုင်းထောင်ဆိုတာ ဘယ်နေရာပစ်ချ ပစ်ချ အမြဲတမ်းထောင်လျက်ပါ။သေတာတောင် သမိုင်းကောင်းနဲ့ ထောင်လျက်သေသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။” ဟု ဦးကျော်ဝင်းကရှင်းပြသည်။

မျိုးဝင်းထွန်း-မုံရွာ

Add a Comment

Your email address will not be published. Required fields are marked *