ဟာသ သ႐ုပ္ ေဆာင္ ေအာင္ရဲေထြး အမႈတြင္ တရားစြဲခံ ရသူ (၃) ဦးကို အာမခံ ျပန္ ႐ုပ္သိမ္းၿပီး မူလပုဒ္မျဖင့္ ျပန္လည္တရားစြဲ

ေအာင္ရဲေထြးအမႈနဲ႔ ပတ္သက္ၿပီး ဩဂုတ္လ ၁၈ ရက္ေန႔မွာ သားႀကီး (ခ) သန္းထြဋ္ေအာင္၊ ေအာင္ေလးနဲ႔ ေက်ာ္ေဇာ္ဟန္ တို႔ကို ႐ုံးထုတ္ စစ္ေဆးခဲ့ၿပီး အာမခံျပန္လည္ ႐ုပ္သိမ္းကာ အခ်ဳပ္နဲ႔ တရား ရင္ဆိုင္ေစ ခဲ့တယ္လို႔ အေရွ႕ပိုင္းခ႐ိုင္ရား႐ုံးက သိရပါတယ္။ လာမယ့္႐ုံးခ်ိန္း ကိုေတာ့ ဩဂုတ္လ ၂၅ရက္ေန႔ကို ခ်ိန္းဆိုထားပါတယ္။

ဟာသ သ႐ုပ္ေဆာင္ ေအာင္ရဲေထြး ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး တရားရင္ဆိုင္ ေနရတဲ့ သားႀကီး (ခ) သန္းထြဋ္ေအာင္၊ ေအာင္ေလးနဲ႔ ေက်ာ္ေဇာ္ဟန္ တို႔ကို အာမခံ ႐ုပ္သိမ္းၿပီး အရင္မူလ ပုဒ္မအတိုင္း ျပန္လည္ဖမ္းဆီးခဲ့ တယ္လို႔ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက သိရပါတယ္။ ဒီအမႈကို တိုင္းတရား လႊတ္ေတာ္ကေန အာမခံ ရရွိႏိုင္တဲ့ ပုဒ္မ ၃၂၅ အျပင္း အထန္ ထိခိုက္ နာက်င္ေစမႈနဲ႔ ေျပာင္းလဲစြဲ ဆိုခဲ့တာပါ။

သားႀကီး (ခ) သန္းထြဋ္ေအာင္၊ ေအာင္ေလးနဲ႔ ေက်ာ္ေဇာ္ဟန္တို႔ သုံးဦးကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၂၄ ရက္ေန႔က ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးမွာ တစ္ဦးကို သိန္း ၂၀၀ နဲ႔ အာမခံေပး ခဲ့တာပါ။ ႏိုင္ငံေတာ္အစိုးရကေန ဒီအမႈကို ျပည္ေထာင္စု တရားလႊတ္ေတာ္ကို ျပင္ဆင္ ခ်က္ျပန္ပို႔ခဲ့တဲ့ အတြက္ ဒီအမႈကို အရင္မူလ စြဲဆိုထား တဲ့ ပုဒ္မ ၃၀၂ လူေသေစမႈအျဖစ္ ျပန္လည္တရားစြဲဆို ခဲ့တာပါတယ္။

REF: ဒီဗြီဘီ

UNICODE

အောင်ရဲထွေးအမှုနဲ့ ပတ်သက်ပြီး  ဩဂုတ်လ ၁၈ ရက်နေ့မှာ သားကြီး (ခ) သန်းထွဋ်အောင်၊ အောင်လေးနဲ့ ကျော်ဇော်ဟန် တို့ကို ရုံးထုတ် စစ်ဆေးခဲ့ပြီး အာမခံပြန်လည် ရုပ်သိမ်းကာ အချုပ်နဲ့ တရား ရင်ဆိုင်စေ ခဲ့တယ်လို့ အရှေ့ပိုင်းခရိုင်ရားရုံးက သိရပါတယ်။ လာမယ့်ရုံးချိန်း ကိုတော့ ဩဂုတ်လ ၂၅ရက်နေ့ကို ချိန်းဆိုထားပါတယ်။

ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားရင်ဆိုင် နေရတဲ့ သားကြီး (ခ) သန်းထွဋ်အောင်၊ အောင်လေးနဲ့ ကျော်ဇော်ဟန် တို့ကို အာမခံ ရုပ်သိမ်းပြီး အရင်မူလ ပုဒ်မအတိုင်း ပြန်လည်ဖမ်းဆီးခဲ့ တယ်လို့ အရှေ့ပိုင်းခရိုင်တရားရုံးက သိရပါတယ်။ ဒီအမှုကို တိုင်းတရား လွှတ်တော်ကနေ အာမခံ ရရှိနိုင်တဲ့ ပုဒ်မ ၃၂၅ အပြင်း အထန် ထိခိုက် နာကျင်စေမှုနဲ့ ပြောင်းလဲစွဲ ဆိုခဲ့တာပါ။

သားကြီး (ခ) သန်းထွဋ်အောင်၊ အောင်လေးနဲ့ ကျော်ဇော်ဟန်တို့ သုံးဦးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ တစ်ဦးကို သိန်း ၂၀၀ နဲ့ အာမခံပေး ခဲ့တာပါ။ နိုင်ငံတော်အစိုးရကနေ ဒီအမှုကို ပြည်ထောင်စု တရားလွှတ်တော်ကို ပြင်ဆင် ချက်ပြန်ပို့ခဲ့တဲ့ အတွက် ဒီအမှုကို အရင်မူလ စွဲဆိုထား တဲ့ ပုဒ်မ ၃၀၂ လူသေစေမှုအဖြစ် ပြန်လည်တရားစွဲဆို ခဲ့တာပါတယ်။

REF:  ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *