အရင် လို ပရဟိတလုပ်ပြီး လူတွေ ကိုကူညီနိုင် ဖို့ အကောင်း ဆုံးပြန်လည်ကြိုးစားသွားမယ်လို့ ယုန်လေးပြောပြီ





Source – Yone Lay

Rainbow- Cele Gabar

UNICODE

အဆိုတော်ယုန်လေးက သူကိုယ်တိုင်လည်း ရုပ်ရှင်အစည်းအရုံးကို စာတင်စရာမလိုဘဲ ရိုက်ကူးလို့ရတဲ့ ဖေ့ဘွတ်ခ်ဗွီဒီယိုလေးတွေ နေတ ဆင့် သူ့ဘဝကို ပြန်လည်တည်ဆောက်သွားမှာဖြစ်ပြီး အရင်လို ပရဟိတတွေ လိုအပ်တဲ့လူတွေကို ကူဖို့ မရရအောင် ပြန်ကြိုးစားသွားမယ့် အကြောင်းကို ဒီနေ့မှာ ရေးသားမျှဝေလာပါတယ်…။

အားအင်သစ်တွေနဲ့ တဖန်ပြန်လည်ရပ်တည်ဖို့ ကြိုးစားနေတဲ့ယုန်လေးအတွက် အားပေးစကားပြောခဲ့ပါဦး ပရိသတ်ကြီးရေ…လွန်ခဲ့တဲ့ ရက်ပိုင်း က ဖြစ်ပေါ်ခဲ့တဲ့ပြဿနာတွေကြောင့် လူမှုကွန်ရက်အသုံးပြုမှုရပ်နားခဲ့တဲ့ ယုန်လေးကတော့ ဒီနေ့မှာ စိတ်ကို အကောင်းဆုံး ပြန်လည်တည်ဆောက်ပြီး ရှေ့ဆက်သွားမယ့်အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေလာပါတယ်။

သူ့ဘဝရဲ့ခက်ခဲခဲ့တဲ့အချိန်တွေမှာ အားပေးကူညီပေးခဲ့ကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုခဲ့တဲ့ အပြင် ဒီနေ့ကစပြီး အရင်လိုပဲ ပို့စ်တွေပြန်တင်ကာ ပရိသတ်နဲ့ပြန်လည်ထိတွေ့သွားပါမယ့်အကြောင်း ရေးသားခဲ့ပါတယ်။ ယုန်လေး ကတော့ ဟိုးအရင်ကတည်းက သူရရှိတဲ့အနုပညာကြေးလေးတွေကို ပရဟိတလုပ်ကာ အကူညီလိုသူအချို့ကို ကူညီထောက်ပံ့နေသူပါ။

ဒီတစ်ခေါက်ဖြစ်ပွားခဲ့တဲ့ ဂယက်ကြောင့် ယုန်လေးကို ရုပ်ရှင်အစည်းအရုံးက အနုပညာလှုပ်ရှားခွင့် တစ်နှစ်ပိတ်လိုက်ပေမယ့်လည်း We Stand With Yone Lay, We Love Yone Lay Group တွေက အမာခံပရိသတ်တွေက သူတာဝန်ယူကူညီပေးနေတဲ့သူတွေကို လစဉ်စု ငွေနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အခုလို အားပေးကူညီပေးတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

Source – Yone Lay

Rainbow- Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *