ႏိုင္ငံေရးပါတီမ်ားႏွင့္ လက္နက္ကိုင္မ်ားသည္ ဗကပ၏လမ္းစဥ္အတိုင္း ဖဆပလအစိုးရဆိုသည့္ေနရာတြင္ တပ္မေတာ္ကို အစားထိုးလုပ္ႀကံေနေၾကာင္း ကာ/ခ်ဳပ္ေျပာၿပီ

တိုင္းရင္းသား လက္နက္ကိုင္ေတြဟာ ႏိုင္ငံေတာ္ကို ဆန႔္က်င္ေနတာျဖစ္ပါတယ္။ တက္လာတဲ့ အစိုးရေတြကို ဆန႔္က်င္ေနတာ ျဖစ္ပါ တယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္နဲ႔ အစိုး ရတိုင္းကို တပ္မေတာ္က ကာကြယ္ေနေပးတယ္ဆိုတာ ျဖစ္စဥ္ျဖစ္ရပ္မ်ားအေပၚ ဓမၼဓိ႒ာန္က်က် ေလ့လာၾကည့္ရင္ ေတြ႕ႏိုင္ပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈွိင္က “ေျပာၾကားလိုက္ပါတယ္။

၁၉၅၀ ျပည့္ႏွစ္ခန႔္က အေတြးအ ေခၚ အယူအဆမ်ားျဖင့္ လက္ရွိၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို ဆက္လက္ေမာင္းႏွင္ ေနလိုသည့္ သ ေဘာထားမ်ားသည္ မ႐ိုးေျဖာင့္ ေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေျပာၾကားသည္။အဲဒီေခတ္က ေခတ္စားခဲ့တဲ့ စကားနဲ႔ပဲ ျပန္ေျပာရရင္ `ဆိတ္ေခါင္းခ်ိတ္ၿပီး ေခြးသားေရာင္းဖို႔ မႀကိဳးစားပါနဲ႔`လို႔့ပဲ ဆိုလိုခ်င္ပါတယ္” ဟု ၄င္းက ေျပာသည္။

ထို႔အျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အခ်ိဳ႕ႏိုင္ငံေရးပါတီမ်ားႏွင့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားသည္ ဗကပ (ဗမာျပည္ကြန္ျမဴ နစ္ပါတီ)၏ ၁၉၅၅ ခုႏွစ္လမ္းစဥ္အတိုင္း ဖဆပလအစိုးရဆိုသည့္ စကားရပ္ေနရာတြင္ တပ္မေတာ္ကို အစားထိုးကာ လုပ္ႀကံဖန္တီးထား သည္ကို ေတြ႕ရမွာျဖစ္သည္ဟုလည္း မိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားသြားသည္။

ယေန႔က်င္းပေသာျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ – ရာစုပင္လုံ စတုတၳအႀကိမ္ အစည္းအေဝးဖြင့္ပြဲအခမ္းအနားတြင္ မိန႔္ခြန္းေျပာ ၾကားရာ၌ တပ္မေတာ္ ကာကြယ္ေရး ဦးစီခ်ဳပ္က ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။တိုင္းရင္းသား လက္နက္ကိုင္မ်ားသည္ တက္လာ သမွ် အစိုးရကို ဆန႔္က်င္ေနျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္ႏွင့္အစိုးရတိုင္းကို တပ္မေတာ္က အကာအကြယ္ ေပးေနေၾကာင္း ေျပာဆိုသည္။

ျဖစ္ပြားေနေသာလက္နက္ကိုင္ပဋိပကၡမ်ားသည္ တပ္ မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (EAO) မ်ားႏွင့္သာသက္ဆိုင္ၿပီး ႏိုင္ငံ ေတာ္၏ တာဝန္အရပ္ ရပ္ကို တာဝန္ယူ ထားရသည့္ အစိုးရႏွင့္ မသက္ဆိုင္ဘူးဆို သည့္ အယူအဆ၊ အစိုးရက ၾကားေန သို႔မဟုတ္ ဒိုင္သ ဖြယ္ေဆာင္႐ြက္ေပးမည္ဆိုသည့္ အယူအဆမ်ား၊ အေျပာအဆိုမ်ားကို ၾကား သိေနရသည္ ဟု ဆိုသည္။

REF: The Ladies News

UNICODE

တိုင်းရင်းသား လက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်နေတာဖြစ်ပါတယ်။ တက်လာတဲ့ အစိုးရတွေကို ဆန့်ကျင်နေတာ ဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံတော်နဲ့ အစိုး ရတိုင်းကို တပ်မတော်က ကာကွယ်နေပေးတယ်ဆိုတာ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှုှိင်က “ပြောကြားလိုက်ပါတယ်။

၁၉၅၀ ပြည့်နှစ်ခန့်က အတွေးအ ခေါ် အယူအဆများဖြင့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်မောင်းနှင် နေလိုသည့် သ ဘောထားများသည် မရိုးဖြောင့် ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။အဲဒီခေတ်က ခေတ်စားခဲ့တဲ့ စကားနဲ့ပဲ ပြန်ပြောရရင် `ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့`လို့့ပဲ ဆိုလိုချင်ပါတယ်” ဟု ၄င်းက ပြောသည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အချို့နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများသည် ဗကပ (ဗမာပြည်ကွန်မြူ နစ်ပါတီ)၏ ၁၉၅၅ ခုနှစ်လမ်းစဉ်အတိုင်း ဖဆပလအစိုးရဆိုသည့် စကားရပ်နေရာတွင် တပ်မတော်ကို အစားထိုးကာ လုပ်ကြံဖန်တီးထား သည်ကို တွေ့ရမှာဖြစ်သည်ဟုလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

ယနေ့ကျင်းပသောပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ – ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြော ကြားရာ၌ တပ်မတော် ကာကွယ်ရေး ဦးစီချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။တိုင်းရင်းသား လက်နက်ကိုင်များသည် တက်လာ သမျှ အစိုးရကို ဆန့်ကျင်နေခြင်းဖြစ်ပြီး နိုင်ငံတော်နှင့်အစိုးရတိုင်းကို တပ်မတော်က အကာအကွယ် ပေးနေကြောင်း ပြောဆိုသည်။

ဖြစ်ပွားနေသောလက်နက်ကိုင်ပဋိပက္ခများသည် တပ် မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များနှင့်သာသက်ဆိုင်ပြီး နိုင်ငံ တော်၏ တာဝန်အရပ် ရပ်ကို တာဝန်ယူ ထားရသည့် အစိုးရနှင့် မသက်ဆိုင်ဘူးဆို သည့် အယူအဆ၊ အစိုးရက ကြားနေ သို့မဟုတ် ဒိုင်သ ဖွယ်ဆောင်ရွက်ပေးမည်ဆိုသည့် အယူအဆများ၊ အပြောအဆိုများကို ကြား သိနေရသည် ဟု ဆိုသည်။

REF:  The Ladies News

Add a Comment

Your email address will not be published. Required fields are marked *