ကိုဗစ္ေၾကာင့္ ရန္ကုန္မွ စစ္ေတြသို႔ ေျပးဆြဲေနေသာ ေလေၾကာင္းလိုင္းႏွင့္ မႏၲေလး-စစ္ေတြအေဝးေျပး ယာဥ္လိုင္းမ်ားအား ရပ္ဆိုင္း

လက္ရွိတြက္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕အား ေလာ့ခ္ေဒါင္းခ်ထားၿပီး ၿမိဳ႕ဝင္ဂိတ္မ်ားကိုလည္း ရဲတပ္ဖြဲ႕ဝင္မ်ားေစာင့္ၾကပ္ကာ စစ္ေဆးေန ေၾကာင္းသိရသည္ ။Covid-19 ဒုတိယလႈိင္းအျဖစ္ ရခိုင္ျပည္နယ္တြင္ျဖစ္ေပၚလာႏိုင္ၿပီး ျပည္သူမ်ားမေပါ့ဆရန္က်န္းမာေရးႏွင့္ အားက စားဝန္ႀကီးဌာနမွ ထုတ္ျပန္လိုက္သည္။ ျမန္မာႏိုင္ငံတြင္ ဩဂုတ္ ၂၀ ရက္နံနက္ပိုင္းအထိ COVID-19 ေရာဂါျဖစ္ပြားသူ (၃၉၆)ဦးရွိၿပီး ၎ တို႔အနက္ေျခာက္ဦး ေသဆုံးခဲ့သည္ ။

စစ္ေတြၿမိဳ႕နယ္တြင္ေနထိုင္သူ CB ဘဏ္ဝန္ထမ္းအမ်ိဳးသမီးလူနာအမွတ္ ၃၇၅ တြင္ေရာဂါပိုးေတြ႕ရွိခဲ့သည္ဟု က်န္းမာေရးဝန္ႀကီးဌာနမွ အတည္ျပဳထုတ္ျပန္ၿပီးေနာက္ပိုင္း ၎ႏွင့္ဆက္စပ္ကူးစက္သူလူနာေပါင္း ေျခာက္ဦးအထိရွိလာၿပီျဖစ္ေၾကာင္း သိရသည္။ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ျပည္တြင္းကူးစက္မႈတစ္လအၾကာတြင္ ဒုတိယအႀကိမ္ျပန္ျဖစ္ျခင္းျဖစ္ေၾကာင္း၊ ယင္းေၾကာင့္ Covid-19 ဒုတိယလႈိင္းမွာ ယခင္ထက္ပိုမိုျပင္းထန္လာႏိုင္သည့္အတြက္ ျပည္သူမ်ားမေပါ့ဆရန္ က်န္းမာေရးဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။

မႏၲေလးၿမိဳ႕မွ ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕သို႔ေျပးဆြဲးေနသည့္ အေဝေျပးကားလိုင္မ်ား ေျပးဆြဲမႈေခတၱရပ္နားလိုက္ေၾကာင္း မႏၲေလးတိုင္း ေဒ သႀကီး အေဝေျပးယဥ္လုပ္ငန္းႀကီးၾကပ္မႈေကာ္မတီကသိရသည္။မႏၲေလးမွ စစ္ေတြသို႔ေျပးဆြဲးေနသည့္ အေဝးေျပယဥ္လိုင္းေပါင္း ဆယ္ခု ခန႔္ရွိေနကာ ေျပဆြဲမႈမ်ားကို ဩဂုတ္ ၂၀ ရက္ေန႔ ( ယေန႔ ) မွစတင္ရပ္နားလိုက္ျခင္းျဖစ္ ေၾကာင္းသိရသည္ ။ မႏၲေလးကအသင္းေတြက ေတာ့မထြက္ေတာ့ပါဘူး။ အခုမထြက္ေတာ့ပါဘူး။မႏၲေလးစစ္ေတြကားသင္း ၁၀ သင္းအကုန္လုံးရပ္မွာ။

သြားမယ့္ခရီးသည္ေတြ အတြက္ေတာ့ ဘာမွစီစဥ္ေပးလို႔မရဘူး ၊အကုန္လုံးပိတ္တာဆိုေတာ့ ” ဟု မႏၲေလးတိုင္းေဒသႀကီး အေဝေျပးယာဥ္ လုပ္ငန္းႀကီးၾကပ္မႈေကာ္မတီဥကၠဌ ဦးေအာင္ေက်ာ္လင္းကေျပာသည္။ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕တြင္ ကို႐ိုနာဗိုင္ရစ္ ကူးစက္ခံထားရသူ မ်ား စစ္ေဆးေတြရွိခဲ့ရာ ဩဂုတ္လ ၁၉ ရက္ေန႔ႏွင့္ ၂၀ ရက္ေန႔ နံနက္ ၈ နာရီထိ ပိုေတြ႕ရွိသူေပါင္း ေျခာက္ဦးရွိခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနထုတ္ျပန္ခ်က္မ်ားအရသိရသည္။

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA)မွ ရန္ကုန္မွ စစ္ေတြသို႔ ပ်ံသန္းသည့္ခရီးစဥ္ကို ၾသဂုတ္လ ၂၁ ရက္မွစတင္ၿပီး ႏွစ္ပတ္ၾကာ ရပ္ နားမည္ျဖစ္ေၾကာင္း ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းဝက္ ဆိုဒ္တြင္ ေဖာ္ျပထားသည္။ စစ္ေတြမွ ရန္ကုန္သို႔ MNA ေလေၾကာင္းလိုင္း ျဖင့္ လိုက္ပါလာသည့္ ခရီးသည္အာလုံး ကြာရန္တင္း ၂၁ ရက္ဝင္ရမည္ျဖစ္ၿပီး ႏွစ္ပတ္ၾကာ ခရီးစဥ္ရပ္နားထား သည့္ ကာလအတြင္း ေလ ယာဥ္ကိုပိုးသတ္ေဆးျဖန္းျခင္း အစရွိသည့္ လုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA) ေလေၾကာင္းလိုင္းသည္ ရန္ကုန္-စစ္ေတြ-ရန္ကုန္ခရီးစဥ္ကို ေန႔စဥ္ ႏွစ္ႀကိမ္ ပ်ံသန္းေျပးဆြဲ လ်က္ရွိေၾကာင္း သိရသည္။

REF: THE FIFTH WAVE NEWS

UNICODE

လက်ရှိတွက် ရခိုင်ပြည်နယ် စစ်တွေမြို့အား လော့ခ်ဒေါင်းချထားပြီး မြို့ဝင်ဂိတ်များကိုလည်း ရဲတပ်ဖွဲ့ဝင်များစောင့်ကြပ်ကာ စစ်ဆေးနေ ကြောင်းသိရသည် ။Covid-19 ဒုတိယလှိုင်းအဖြစ် ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူများမပေါ့ဆရန်ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံတွင် ဩဂုတ် ၂၀ ရက်နံနက်ပိုင်းအထိ COVID-19 ရောဂါဖြစ်ပွားသူ (၃၉၆)ဦးရှိပြီး ၎င်း တို့အနက်ခြောက်ဦး သေဆုံးခဲ့သည် ။

စစ်တွေမြို့နယ်တွင်နေထိုင်သူ CB ဘဏ်ဝန်ထမ်းအမျိုးသမီးလူနာအမှတ် ၃၇၅ တွင်ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်ပြီးနောက်ပိုင်း ၎င်းနှင့်ဆက်စပ်ကူးစက်သူလူနာပေါင်း ခြောက်ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပြည်တွင်းကူးစက်မှုတစ်လအကြာတွင် ဒုတိယအကြိမ်ပြန်ဖြစ်ခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် Covid-19 ဒုတိယလှိုင်းမှာ ယခင်ထက်ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများမပေါ့ဆရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

မန္တလေးမြို့မှ ရခိုင်ပြည်နယ်စစ်တွေမြို့သို့ပြေးဆွဲးနေသည့် အဝေပြေးကားလိုင်များ ပြေးဆွဲမှုခေတ္တရပ်နားလိုက်ကြောင်း မန္တလေးတိုင်း ဒေ သကြီး အဝေပြေးယဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီကသိရသည်။မန္တလေးမှ စစ်တွေသို့ပြေးဆွဲးနေသည့် အဝေးပြေယဉ်လိုင်းပေါင်း ဆယ်ခု ခန့်ရှိနေကာ ပြေဆွဲမှုများကို ဩဂုတ် ၂၀ ရက်နေ့ ( ယနေ့ ) မှစတင်ရပ်နားလိုက်ခြင်းဖြစ် ကြောင်းသိရသည် ။ မန္တလေးကအသင်းတွေက တော့မထွက်တော့ပါဘူး။ အခုမထွက်တော့ပါဘူး။မန္တလေးစစ်တွေကားသင်း ၁၀ သင်းအကုန်လုံးရပ်မှာ။

သွားမယ့်ခရီးသည်တွေ အတွက်တော့ ဘာမှစီစဉ်ပေးလို့မရဘူး ၊အကုန်လုံးပိတ်တာဆိုတော့ ” ဟု မန္တလေးတိုင်းဒေသကြီး အဝေပြေးယာဉ် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ ဦးအောင်ကျော်လင်းကပြောသည်။ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ကိုရိုနာဗိုင်ရစ် ကူးစက်ခံထားရသူ များ စစ်ဆေးတွေရှိခဲ့ရာ ဩဂုတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့ နံနက် ၈ နာရီထိ ပိုတွေ့ရှိသူပေါင်း ခြောက်ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်များအရသိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ရန်ကုန်မှ စစ်တွေသို့ ပျံသန်းသည့်ခရီးစဉ်ကို သြဂုတ်လ ၂၁ ရက်မှစတင်ပြီး နှစ်ပတ်ကြာ ရပ် နားမည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းဝက် ဆိုဒ်တွင် ဖော်ပြထားသည်။ စစ်တွေမှ ရန်ကုန်သို့ MNA လေကြောင်းလိုင်း ဖြင့် လိုက်ပါလာသည့် ခရီးသည်အာလုံး ကွာရန်တင်း ၂၁ ရက်ဝင်ရမည်ဖြစ်ပြီး နှစ်ပတ်ကြာ ခရီးစဉ်ရပ်နားထား သည့် ကာလအတွင်း လေ ယာဉ်ကိုပိုးသတ်ဆေးဖြန်းခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) လေကြောင်းလိုင်းသည် ရန်ကုန်-စစ်တွေ-ရန်ကုန်ခရီးစဉ်ကို နေ့စဉ် နှစ်ကြိမ် ပျံသန်းပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *