ကူးစက္မႈ(၁၀)ဆျမန္ၿပီး ခုန္ေက်ာ္ၿပီးကူးတတ္တဲ့ ကိုဗစ္-၁၉ပိုးကိုျမန္မာျပည္မွာ ေတြ႕ရွိေနၿပီျဖစ္၍ မေပါ့ဆၾကရန္ သတိေပးၿပီ

အေရးႀကီးတာ တစ္ခုက ကမာၻမွာ ကူးစက္မႈ အလြန္ျမန္ဆန္တဲ့ ကိုဗစ္ပိုးသေႏၶေျပာင္း D614G ရွိေနၿပီး ျမန္မာႏိုင္ငံမွာလဲ သေႏၶေျပာင္းပိုး ရွိေနၿပီဆိုတဲ့အေၾကာင္း အသိေပးပါရေစၿပီးေတာ့ ဒီေရာဂါဟာ ခုန္ေက်ာ္ကူးတတ္ပါတယ္ ေျပာလိုတာက ေရာဂါပိုးေတြ႕သူကေနတစ္ဆင့္ ထိေတြ႕သူ (primary contact) ကို တိုက္႐ိုက္ကူးစက္တာ မဟုတ္ပဲ ထိေတြ႕သူရဲ႕ မိသားစုဝင္ေတြ (secondary contact) ကို ကူးစက္တာ ကို ေတြ႕လာရပါၿပီ ဒါဟာလဲ အထူး ဂ႐ုျပဳစရာ ျဖစ္ပါတယ္ဒါ့ေၾကာင့္ သင္ေရာ ဒီအႏၲရာယ္ကို လက္သင့္ခံခ်င္ပါသလား မခံခ်င္ဘူးလား။

ဒါဟာသင့္ေ႐ြးခ်ယ္မႈ ဆိုေပမဲ့ သင္တစ္ေယာက္ထဲ ခံစားရမွာမဟုတ္ပဲ သင့္မိဘေတြ သင့္ပတ္ဝန္းက်င္က ကိုယ့္ႏိုင္ငံသားေတြကို ကူးစက္ ေစႏိုင္တာမို႔ လူသား တစ္ေယာက္အေနနဲ႔ လုပ္သင့္လား မလုပ္သင့္ဘူးလား သိႏိုင္ပါလိမ့္မယ္။9:57 am, 20-8-2020 ဒီေန႔မနက္ အ တြက္ ထပ္မံစစ္ေဆး ၆၅၉ ဦးျဖစ္ပါတယ္ ပိုးေတြ႕လူနာသစ္ ၂ ဦး ရွိပါတယ္ဒီႏွစ္ဦးလုံးဟာ စစ္ေတြကျဖစ္ပါတယ္ အခုဆို စစ္ေတြက ၆ ေယာက္ရွိေနပါၿပီတစ္ေယာက္က က်န္းမာေရးဝန္ထမ္းျဖစ္ေနတာကို ေတြ႕ရပါတယ္။

ဒီကိုဗစ္ပိုးသေႏၶေျပာင္း ဟာ ခုန္ေက်ာ္ကူးစက္တတ္ၿပီး ေရာဂါပိုးရွိသူကို ထိေတြ႕မိသူကို တိုက္႐ိုက္ကူးစက္ တာမဟုတ္ဘဲ ဒီလိုထိေတြ႕ မိ သူရဲ႕ မိသားစုဝင္ေတြကို ပါကူးစက္တတ္တာကိုေတြ႕လာရၿပီလို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ ဒု တိယၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီး က သူမ ရဲ႕ေဖ့ဘြတ္ခ္မွာ ေရးသားထားပါတယ္။ျပည္သူအားလုံးသတိထားၾကပါ – ပုံမွန္ထက္ ကူးစက္မႈဆယ္ဆျမန္တဲ့ အျပင္ ခုန္ေက်ာ္ၿပီးကူးတတ္တဲ့ ကိုဗစ္ပိုးကိုျမန္မာျပည္အတြင္း မွာ ေတြ႕ပါၿပီ။

ကူးစက္မႈ အလြန္ျမန္ဆန္တဲ့ ကိုဗစ္ သေႏၶေျပာင္းပိုးကို ေတြ႕လာရၿပီး ျဖစ္တဲ့အတြက္ ျပည္သူေတြအေနနဲ႔ သတိထားဖို႔ ေဆးသု ေတသန ဦးစီးဌာနရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ပါေမာကၡ ေဒါက္တာေဇာ္သန္းထြန္းက သတိေပးလိုက္ပါတယ္။ျပည္ပက ေနျမန္မာႏိုင္ငံကို ျပန္လာတဲ့ အတည္ျပဳလူနာေတြမွာ ဒီပိုးကိုေတြ႕ရ တဲ့အျပင္ ရန္ကုန္အပါအဝင္ ေဒသအမ်ားစုမွာ ေရာဂါကာ ကြယ္ေရးဆိုင္ရာ လိုက္နာရမယ့္ အခ်က္ ေတြကို လိုက္နာဖို႔အားနည္းတဲ့ အတြက္ အခုလို ဆိုလိုက္တာလည္းျဖစ္ပါတယ္။

ျပည္ပက ျပန္လာ သူေတြမွာေတြ႕ရတဲ့ ဓာတ္ခြဲနမူနာ ငါးခုမွာ ကိုဗစ္ပိုးသေႏၶေျပာင္းကိုေတြ႕ရၿပီလို႔ သိရပါတယ္။ ဒီပိုးကေန ျပည္တြင္းမွာ ကူးစက္မႈျဖစ္ခဲ့ရင္ ဒုတိယ လႈိင္းျဖစ္ႏိုင္ေျခ ရွိတာကိုသတိထားဖို႔လိုတယ္လို႔လည္း ဆိုပါတယ္။ဒါေၾကာင့္ အထူးဂ႐ု ျပဳစရာလည္းျဖစ္လာၿပီ လို႔သိရပါတယ္။

REF: GIRNARI ONLINE

UNICODE

အရေးကြီးတာ တစ်ခုက ကမ္ဘာမှာ ကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်ပိုးသန္ဓေပြောင်း D614G ရှိနေပြီး မြန်မာနိုင်ငံမှာလဲ သန္ဓေပြောင်းပိုး ရှိနေပြီဆိုတဲ့အကြောင်း အသိပေးပါရစေပြီးတော့ ဒီရောဂါဟာ ခုန်ကျော်ကူးတတ်ပါတယ် ပြောလိုတာက ရောဂါပိုးတွေ့သူကနေတစ်ဆင့် ထိတွေ့သူ (primary contact) ကို တိုက်ရိုက်ကူးစက်တာ မဟုတ်ပဲ ထိတွေ့သူရဲ့ မိသားစုဝင်တွေ (secondary contact) ကို ကူးစက်တာ ကို တွေ့လာရပါပြီ ဒါဟာလဲ အထူး ဂရုပြုစရာ ဖြစ်ပါတယ်ဒါ့ကြောင့် သင်ရော ဒီအန္တရာယ်ကို လက်သင့်ခံချင်ပါသလား မခံချင်ဘူးလား။

ဒါဟာသင့်ရွေးချယ်မှု ဆိုပေမဲ့ သင်တစ်ယောက်ထဲ ခံစားရမှာမဟုတ်ပဲ သင့်မိဘတွေ သင့်ပတ်ဝန်းကျင်က ကိုယ့်နိုင်ငံသားတွေကို ကူးစက် စေနိုင်တာမို့ လူသား တစ်ယောက်အနေနဲ့ လုပ်သင့်လား မလုပ်သင့်ဘူးလား သိနိုင်ပါလိမ့်မယ်။9:57 am, 20-8-2020 ဒီနေ့မနက် အ တွက် ထပ်မံစစ်ဆေး ၆၅၉ ဦးဖြစ်ပါတယ် ပိုးတွေ့လူနာသစ် ၂ ဦး ရှိပါတယ်ဒီနှစ်ဦးလုံးဟာ စစ်တွေကဖြစ်ပါတယ် အခုဆို စစ်တွေက ၆ ယောက်ရှိနေပါပြီတစ်ယောက်က ကျန်းမာရေးဝန်ထမ်းဖြစ်နေတာကို တွေ့ရပါတယ်။

ဒီကိုဗစ်ပိုးသန္ဓေပြောင်း ဟာ ခုန်ကျော်ကူးစက်တတ်ပြီး ရောဂါပိုးရှိသူကို ထိတွေ့မိသူကို တိုက်ရိုက်ကူးစက် တာမဟုတ်ဘဲ ဒီလိုထိတွေ့ မိ သူရဲ့ မိသားစုဝင်တွေကို ပါကူးစက်တတ်တာကိုတွေ့လာရပြီလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒု တိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က သူမ ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။ပြည်သူအားလုံးသတိထားကြပါ – ပုံမှန်ထက် ကူးစက်မှုဆယ်ဆမြန်တဲ့ အပြင် ခုန်ကျော်ပြီးကူးတတ်တဲ့ ကိုဗစ်ပိုးကိုမြန်မာပြည်အတွင်း မှာ တွေ့ပါပြီ။

ကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ် သန္ဓေပြောင်းပိုးကို တွေ့လာရပြီး ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားဖို့ ဆေးသု တေသန ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက သတိပေးလိုက်ပါတယ်။ပြည်ပက နေမြန်မာနိုင်ငံကို ပြန်လာတဲ့ အတည်ပြုလူနာတွေမှာ ဒီပိုးကိုတွေ့ရ တဲ့အပြင် ရန်ကုန်အပါအဝင် ဒေသအများစုမှာ ရောဂါကာ ကွယ်ရေးဆိုင်ရာ လိုက်နာရမယ့် အချက် တွေကို လိုက်နာဖို့အားနည်းတဲ့ အတွက် အခုလို ဆိုလိုက်တာလည်းဖြစ်ပါတယ်။

ပြည်ပက ပြန်လာ သူတွေမှာတွေ့ရတဲ့ ဓာတ်ခွဲနမူနာ ငါးခုမှာ ကိုဗစ်ပိုးသန္ဓေပြောင်းကိုတွေ့ရပြီလို့ သိရပါတယ်။ ဒီပိုးကနေ ပြည်တွင်းမှာ ကူးစက်မှုဖြစ်ခဲ့ရင် ဒုတိယ လှိုင်းဖြစ်နိုင်ခြေ ရှိတာကိုသတိထားဖို့လိုတယ်လို့လည်း ဆိုပါတယ်။ဒါကြောင့် အထူးဂရု ပြုစရာလည်းဖြစ်လာပြီ လို့သိရပါတယ်။

REF:   GIRNARI  ONLINE

Add a Comment

Your email address will not be published. Required fields are marked *