ကျိန်းသေထီပေါက်ဖို့ ကံပါလာရင် ပြတဲ့နိမိတ်က ဒီလိုပါ
UNICODE
အောင်ဘာလေထီ ကျိန်းသေပေါက်/မပေါက် သိစေရန် မိမိရဲ့ ရောက်ဆဲအ သက်ကိုတည်ပြီး ၈ နဲ့စားပါ။တနင်္ဂနွေသားသမီး ၂ ကြွင်းရင်။ တနင်္လာသားသမီး ၁ ကြွင်းရင်။အင်္ဂါ သားသမီး ဝ ကြွင်းရင်။ဗုဒ္ဓဟူးသားသမီး ၇ ကြွင်းရင်။ကြာသပတေးသားသမီး ၅ ကြွင်းရင်။သောကြာ သားသမီး ၃ ကြွင်းရင်။စနေသားသမီး ၆ ကြွင်းရင် အဲဒီနိမိတ်နဲ့ တည့်တည့်ကြီးတိုးလို့ကတော့။
ထီထိုး ဖြစ်အောင်သာ ထိုးပေတော့လို့ ဝမ်းသာအားရ တိုက် တွန်းလိုက်ရပါတယ်ခင်ဗျာ …။လမ်းသွားရင်းလာရင်း အမှတ်တမဲ့ ကြက်နှစ် ကောင်ခွပ်နေတာတွေ့ပြီဆိုတာနဲ့ နောက်လှည့် မကြည့်နဲ့တော့၊ ထီဆိုင်ဘယ်မှာရှိလဲ …၊ ချက်ချင်း ရှာပြီးတော့သာထိုးပေတော့ …၊ချက် ချင်းနော် …။လူတိုင်းလူတိုင်း ဒီနိမိတ်တွေ့ရင် ထီပေါက် ကိန်း ရာနှုန်းပြည့်နီးပါး ရှိနေပါတယ်။
ထီဆုကြီး ဆုသေးကတော့ အတိတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံ ပါရမီအဟုန်နည်းခြင်းများခြင်းနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ဒီနည်းကို အဘမင်း သိင်္ခ ရွှေဗဟိုဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် အနီးအနားမှာရှိတဲ့ကျွန်တော် တို့ သန္ဓေတပည့်များကို ပြောပြပေးခဲ့တာပါ။ အဲဒီအချိန်မှာ အနားမှာရှိတဲ့ နေလင်းဆန်း ဆိုတဲ့သန္ဓေရဲဘော်လေးတစ်ယောက်ဟာ အဘအ တွက် ဆန်ပြုတ်ဆင်းဝယ်ရင်း ။
ကြက်ခွပ်တာကိုတွေ့ လို့ ချက်ချင်းပြေးပြီး ထီဆိုင်တစ်ဆိုင်မှာ ထီထိုးခဲ့ရာ ကျပ် ၁၀ သိန်း ဆုပေါက်ခဲဖူးတာကို မျက်မြင်ကိုယ် တွေ့ တွေ့ရှိ ခဲ့ရပါကြောင်း …။တစ်ခုတော့ရှိတယ်။ အမှတ်တမဲ့ တွေ့မှ ထီ ပေါက်စေတဲ့ နိမိတ် ဖြစ်စေတာပါ။ ဒါကို မိတ်ဆွေ ကြီးက ထီပေါက်ချင်လို့ ကြက်ပွဲကို တကူးတကရှာ ဖွေသွားကြည့်ပြီးတော့ ထီထိုးတာမျိုးတော့ မရပါဘူး ပေါ့ဗျာ …။လူတိုင်း ထီပေါက်ကြပါစေ …။
Credit:   အဂ္ဂမောင်(ကံတလူ လောကီပညာ)
Add a Comment
Your email address will not be published. Required fields are marked *