ရခိုင္မွာ Covid-19 ဒုတိယလႈိင္းေပၚေပါက္လာႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေၾကျငာခ်က္ထုတ္၍ သတိေပးၿပီ

ကိုဗစ္-၁၉နဲ႔ ပတ္သက္ၿပီး ေရာဂါလကၡဏာမျပဘဲ ျပည္သူမ်ားအၾကား တိတ္တဆိတ္ ေရာဂါဆက္လက္ျဖန႔္ေဝျခင္းမ်ားေၾကာင့္ ထိန္းခ်ဳပ္ ရန္ ခက္ခဲေသာ ေရာဂါျဖစ္ပြား မႈ ဒုတိယလႈိင္း အျဖစ္ ရခိုင္ျပည္နယ္မွာ ေပၚေပါက္လာႏိုင္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန၏ အသိေပး ထုတ္ျပန္ ခ်က္မွာ ေဖာ္ျပထားပါတယ္။ရခိုင္ျပည္နယ္ရွိ ျပည္သူမ်ားအေနနဲ႔ တရားမဝင္ ျပန္လည္ဝင္ေရာက္လာသူမ်ားရွိပါက မျဖစ္မ ေန သတင္းေပးပို႔ရန္ ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ေရာဂါပိုးရွိသူအတည္ျပဳလူနာနဲ႔ ဆက္လက္ထိေတြ႕မႈရွိသူမ်ားကို ရွာေဖြေဖာ္ထုတ္ျခင္းလုပ္ ငန္းစဥ္မ်ားမွာ အျပည့္အဝပူးေပါင္း ပါဝင္ရန္ ဝန္ႀကီးဌာနက အသိေပးႏႈိးေဆာ္ထားတာလည္းျဖစ္ပါတယ္။ယခုရက္ပိုင္းအတြင္း စစ္ေတြၿမိဳ႕မွာ ေရာဂါလကၡဏာမျပဘဲ ေရာဂါ ကူးစက္ခံရမႈမ်ားျဖင့္ တစ္ေက်ာ့ျပန္ ျပည္တြင္း ကူးစက္မႈမ်ား ျဖစ္ပြားလာျခင္းေၾကာင့္ ရခိုင္ျပည္နယ္မွာ ဒုတိယလႈိင္းအျဖစ္ ေပၚေပါက္လာ ႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ၿပီးခဲ့သည့္ ဩဂုတ္လ ၁၄ရက္ေန႔မွစတင္ကာ စစ္ေတြျပည္သူ႔ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္လူနာျဖစ္သူ လူနာအမွတ္ ၃၇၅နဲ႔ ဩဂုတ္လ ၁၈ ရက္ေန႔မွာလည္း အလားတူလူနာအမွတ္ ၃၇၇တို႔သည္ ေဒသတြင္း ကူးစက္ခံရသူမ်ား ျဖစ္ပြား ခဲ့တာျဖစ္ပါတယ္။ အဆိုပါလူနာႏွစ္ဦးသည္ မည္သူ႔ထံမွ ကူးစက္ခဲ့သည္ကို မသိရွိရေသးသျဖင့္ ဝန္းႀကီးဌာနအေနနဲ႔ လိုက္လံရွာေဖြေန ဆဲျဖစ္ေၾကာင္း သိရကာ လူနာအမွတ္ ၃၇၅နဲ႔ ထိေတြ႕ခဲ့သူမ်ားအနက္ လူနာအမွတ္ ၃၇၈နဲ႔ ၃၇၉တို႔ကို ထပ္မံရွာေဖြ ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

REF: MYANMA PLATFORM

UNICODE

ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး ရောဂါလက္ခဏာမပြဘဲ ပြည်သူများအကြား တိတ်တဆိတ် ရောဂါဆက်လက်ဖြန့်ဝေခြင်းများကြောင့် ထိန်းချုပ် ရန် ခက်ခဲသော ရောဂါဖြစ်ပွား မှု ဒုတိယလှိုင်း အဖြစ် ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်လာနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေး ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်ရှိ ပြည်သူများအနေနဲ့ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများရှိပါက မဖြစ်မ နေ သတင်းပေးပို့ရန် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရောဂါပိုးရှိသူအတည်ပြုလူနာနဲ့ ဆက်လက်ထိတွေ့မှုရှိသူများကို ရှာဖွေဖော်ထုတ်ခြင်းလုပ် ငန်းစဉ်များမှာ အပြည့်အဝပူးပေါင်း ပါဝင်ရန် ဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားတာလည်းဖြစ်ပါတယ်။ယခုရက်ပိုင်းအတွင်း စစ်တွေမြို့မှာ ရောဂါလက္ခဏာမပြဘဲ ရောဂါ ကူးစက်ခံရမှုများဖြင့် တစ်ကျော့ပြန် ပြည်တွင်း ကူးစက်မှုများ ဖြစ်ပွားလာခြင်းကြောင့် ရခိုင်ပြည်နယ်မှာ ဒုတိယလှိုင်းအဖြစ် ပေါ်ပေါက်လာ နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၄ရက်နေ့မှစတင်ကာ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာဖြစ်သူ လူနာအမှတ် ၃၇၅နဲ့ ဩဂုတ်လ ၁၈ ရက်နေ့မှာလည်း အလားတူလူနာအမှတ် ၃၇၇တို့သည် ဒေသတွင်း ကူးစက်ခံရသူများ ဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။ အဆိုပါလူနာနှစ်ဦးသည် မည်သူ့ထံမှ ကူးစက်ခဲ့သည်ကို မသိရှိရသေးသဖြင့် ဝန်းကြီးဌာနအနေနဲ့ လိုက်လံရှာဖွေနေ ဆဲဖြစ်ကြောင်း သိရကာ လူနာအမှတ် ၃၇၅နဲ့ ထိတွေ့ခဲ့သူများအနက် လူနာအမှတ် ၃၇၈နဲ့ ၃၇၉တို့ကို ထပ်မံရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

REF:  MYANMA  PLATFORM

Add a Comment

Your email address will not be published. Required fields are marked *