လူ အေတာ္မ်ားမ်ား ေသြးတိုး၊ ဆီးခ်ိဳ၊ အသည္း အဆီဖုံး ေရာဂါေတြ ျဖစ္ၿပီး ဒုကၡေရာက္ေစတဲ့ အဓိကတရားခံ

မဟာဂႏၵ႐ုံဆရာေတာ္ႀကီးရဲ႕ ေက်ာင္းတိုက္စည္းကမ္းမွာ စိတ္ေကာင္း ရွိဖို႔ ပထမ ရဲ႕ေနာက္မွာ က်မ္းမာဖို႔ က ေရွ႕က်ပါတယ္ စာတတ္ဖို႔ က ေနာက္ဆုံးမွာပါ။ ၿပီးခဲ့တဲ့ U23 နဲ႔ U20 ေဘာလုံးပြဲေတြမွာ ျမန္မာေတြႀကိဳးစားေပမဲ့ ေရရွည္ ခႏၵာကိုယ္ ကြာတာက စကားေျပာသလိုပါဘဲ။ ကိုယ္ဆီက အားကစားတင္မဟုတ္ပါဘူး က်န္တဲ့ လူမႈ႕ေရးစီးပြားေရး ပညာေရး စတာ ေတြ ၿပိဳင္ၾကရင္လည္း တစ္ဦးခ်င္းစီရဲ႕ သက္လုံ က်န္းမာေရး အဟာရ ေတြ အေရးပါေနဆဲပါဘဲ။ ဒါေတြက သီျခားခြဲရွိမေန ၾကပါဘူး။ တကယ္ေတာ့ တြက္တတ္ရင္ ေရာဂါျဖစ္မွ အကုန္အ က်ခံတဲ့ ေငြကို မျဖစ္ေအာင္ ႀကိဳသုံးရင္ ပိုေတာင္ သက္သာႏိုင္ ပါေသးတယ္။ ေကာင္းၿပီ ပိုေပးမယ္ ေကာင္းတာစားမယ္လို႔ ကြၽန္ေတာ္တို႔ ဆုံးျဖတ္ၿပီး ရင္ေတာင္ ကိုယ္ေတြဆီက အစားအေသာက္ေတြ အသုံးအေဆာင္ေတြက အာမခံခ်က္ ဘယ္ေလာက္ ရွိသလဲမသိႏိုင္တာ။

ရင္ေမာစရာပါ။ဆိုးေဆးေတြ စားေဆာ္ဒါေနရာက အဝတ္ေလ်ာ္ဆိုဒါေတြ ဒိတ္လြန္ျပန္႐ိုက္ထားတဲ့ အစားအစာေတြ ေဆးေတြ အတုေတြ ဘာမွ ေသခ်ာသုေတသနမလုပ္ဘဲ ေဈးကြက္ထဲေရာက္ေနတဲ့ ေဆးေတြ နဲ႔ အစားအစာေတြ ထိန္းသိမ္ထုတ္ပိုးမႈ မတတ္လို႔ အႏၲရယ္ ရွိေန တာေတြ ကိုင္တြယ္တာမတတ္လို႔ ျဖစ္ၾကတာေတြ လည္း ရွိပါေသးတယ္။ ကားေကာင္းေတာင္ ဆီမသန္တာထည့္ရင္ မဆြဲတဲ့အျပင္ ပ်က္ တတ္ေသးတာ လူေတြလည္း ခႏၵာကိုယ္မွာ အဟာရက အေရးႀကီးပါတယ္။ သတိျပဳၾကဖို႔ လိုပါတယ္ ေစာင့္ထိမ္းၾကဖို႔ ေလာဘမတက္ၾကဖို႔ အစားအေသာက္ခုတ္လုပ္ေရာင္းခ်တဲ့ ေလာကကသူေတြမွာ လိုပါမယ္ ethic ရွိဖို႔ နဲ႔ ေစတနာ ေရွ႕ထားႏိုင္ၿပီး ကံယုံၿပီး မဟုတ္တာမလုပ္ ၾကဖို႔ လိုပါတယ္။ မဟုတ္တာလုပ္သူေတြကို လည္း ရွာေဖြေဖာ္ထုတ္ အေရးယူႏိုင္ဖို႔ လိုပါမယ္။

စားသုံးသူေတြမွာလည္း က်မ္းမာေရးအသိနဲ႔ စားၾကဖို႔ အစားထိမ္းႏိုင္ဖို႔ သတိရွိဖို႔ ကိုယ္ကိုယ္ကို ဂ႐ုစိုက္ဖို႔ လိုပါတယ္။ အမွတ္တမဲ့ နဲ႔ ေန ၿပီး ျဖစ္သလိုေနစားၿပီး ျဖစ္လာမွ ကုရတာ မတန္ပါဘူး။ သတိထားၾကေစခ်င္ပါတယ္။ ခက္တာက ျဖစ္လို႔ ကုရင္ေတာင္ က်န္းမာေရးစစ္တဲ့ စက္ေတြက ေလေဘးအက်ီလို သူမ်ားေတြဆီက အေဟာင္းေတြ အေပါစားကုန္ၾကမ္းေတြ ဒိတ္လြန္ေတြေၾကာင့္ ကိုယ္ေတြဆီမွာ ေရာဂါမွန္ မျပတာမေတြ႕တာ မရွိတာေတြ ေတြ႕တာေတြ ျဖစ္ေနၾကတာေတြလည္း ဆိုးပါတယ္ % ႀကီးႀကီး လြဲတာေတြ ျဖစ္ေနတာလည္း industry အတြက္ မေကာင္းပါဘူး သူမ်ားႏိုင္ငံသြားကုၾကတာ ဒါေတြပါပါတယ္။ ဒါလည္း စားသုံးသူကာကြယ္ေရးနဲ႔ ဆိုင္မယ္ထင္ပါတယ္။ေျပာရရင္ ကေလးေတြေက်ာင္းမွာ ေရာင္းေနတဲ့ အႏၲရယ္ရွိတဲ့မုန္းေတြ က အစ ျပည္သူေတြ ထိေတြ႕ေနသမွ် ေတြမွာ ယုံၾကည့္စိတ္ခ်ရဖို႔။

အခြန္ေတြယူထားတဲ့ တာဝန္ယူထားတဲ့ တက္သမွ်အစိုးရတိုင္းမွာ တာဝန္ ရွိပါတယ္။ သူတို႔ တာဝန္က ဥပေဒက ခြင့္မျပဳတာကို ေငြယူၿပီး လုပ္ပိုင္ခြင့္ေပးရမွာမဟုတ္ပါဘူး။ ဥပေဒပတိုင္း ျဖစ္ေအာင္လုပ္ၾကရမွာပါ။ မလုပ္ႏိုင္ရင္ လုပ္ႏိုင္သူ ရွာဖိုလိုပါတယ္။ မဟုတ္ရင္ေတာ့ တစ္ ျပည္လုံး ေရစုန္ေမ်ာ ၾကရေတာ့မွာပါ လို႔ဘဲျမင္မိပါတယ္။ စာရွည္ႀကီးဖတ္ ေပးလို႔ မိတ္ေဆြကို ေက်းဇူးတင္ပါတယ္။ လက္ဖက္ရည္ဆိုင္မွာ ညီေတာ္ေမာင္ က သူငယ္သူ ငယ္ခ်င္း နဲ႔ထိုင္ေနေတာ့ မူခင္းဆရာဝန္ျဖစ္တဲ့ သူ႔ငယ္ခ်င္း က ဆီေၾကာ္ မစားရဲဘူးလို႔ ဆိုတယ္။ သူအလုပ္အ ရ ေသတဲ့သူေတြကို ခြဲစိတ္စစ္ေဆးရေတာ့ သူေျပာပုံအရ ဝတဲ့သူမွ မဟုတ္ဘူး ျမန္မာ ျပည္မွာ အေတာ္မ်ားမ်ား က အထဲမွာ ဆီေတြစုေန တယ္လို႔ ဆိုတယ္ အသည္းအဆီဖုံးတာမ်ိဳး ကိုေျပာတာလားေတာ့ မသိဘူးေပါ့။

ဒီကိစၥနဲ႔ပတ္သက္ၿပီး က်န္းမာေရးဝန္ႀကီးဌာနက ဆီေလ်ာ့စားဖို႔ ေျပာေနၾကတာလည္း ရွိတယ္။ တကယ္ျပန္ၾကည့္ရင္ ကြၽန္ေတာ္တို႔ ငယ္ ငယ္က လည္း ဒီလိုဆီျပန္စားခဲ့ၾကတာပါဘဲ သို႔ ေသာ္ ဆီဆိုတာက ေျမပဲေတြ ႏွမ္းေတြက ႀကိတ္တာ ေတြစားေတာ့ အခုလိုမျဖစ္ဘူးေပါ့။ မွတ္မွတ္ ရရ အေရးအခင္း အၿပီးမွာ အစိုးရက မေလးရွားက စားအုန္းဆီေတြ စသြင္း တယ္ သြင္းခါစက ပုံးနဲ႔ ေပပါနဲ႔ ဆီကိုစားဖို႔ သန႔္ၿပီးမွ လာတဲ့ဆီေတြ။ဒါေတာင္ အဲဒီ အခ်ိန္အမ်ိဳးသား ဓာတ္ခြဲမွာ ရွီတဲ့ အႀကီးဆုံးက အမ်ိဳးေတာ္ေတာ့ သူက ႏိုင္ငံေရးအရသြင္းခြင့္ေပးထားေပမဲ့ စားဖို႔ မသင့္ဘူး လို႔ ဆို တယ္။ ၿပီးေတာ့ အဲဒီက တည္းက ဆီကို သူလည္း မစားေတာ့ဘူး ၁၉၉၀ ဝန္းက်င္ေလာက္ကေပါ့။ အဲဒီေခတ္က ကုန္ေဈးႏႈံးတက္ရင္ ဆူပူမွာေၾကာက္ေတာ့ ေဈးက်ေအာင္ စားဆီေတြ ဝင္လာတယ္။

အဲဒီအခ်ိန္မွာ ေျမပဲနဲ႔ ႏွမ္းေတြက ျပည္ပထြက္ကုန္ေတာ့ ကုန္ၾကမ္းေဈးတက္ၿပီး ဆီေဈးက တက္မရဘူး။ ဒီလိုနဲ႔ ဆီစက္ေတြ ျပဳတ္ကုန္ ၾကတယ္ ေနာက္ပိုင္း ပဲဖတ္ ႏွမ္းဖတ္ေတြ မရွိလို႔ တိရိစာၦန္ အစာေတာင္ ရွားပါးသြားတယ္။ ေျပာရရင္ေတာ့ ျမန္မာအမ်ားစုက စားအုန္း ဆီဘဲ စားၾကရတဲ့ဘဝေရာက္သြားတယ္။အဂၤလန္က ဂ်ာမဏီက စက္ေတြ စိန္ပန္းက ထုတ္ကုန္ ဆီစက္ေတြလည္း ရပ္ၿပီး အလုပ္သမား ေတြ လုပ္ငန္းေတြ ရပ္ကုန္ ၿပီး သူတို႔ တစ္ေတြ အျခားေရာက္သြားတယ္။ ေနာက္ပိုင္းတ႐ုတ္ဆီစက္ေတြဝင္လာေပမဲ့ သိပ္မႀကီးက်ယ္ေတာ့ ဘူး။ ဆီကို ေဈးကြက္မွာ အရင္က ေပပါလိုက္ လာေပမဲ့ ေနာက္ပိုင္းမွာ အခုတိုင္ လူေတြစားတဲ့ဆီကို သေဘၤာဝမ္းဗိုက္မွာ ဒီအတိုင္း ထည့္ လာတဲ့ စက္မႈကုန္ၾကမ္းလိုဝင္လာတဲ့ ဆီေတြကို ဘဲ ျမန္မာေတြစားေနၾကရတယ္။

တစ္ေခတ္က ဆီသြင္းခြင့္ပါမစ္ကို ႏိုင္ငံေတာ္ရဲ႕ ထိပ္ဆုံးက ကိုင္ၿပီး ေတာ္႐ုံခ႐ိုနီေတာင္ လက္ခြဲဘဲ ရၾကတယ္။ ဆီျဖန႔္သူ ေတြက အခြင့္ထူး ခံေတြျဖစ္ၿပီး ဖုန္းေတြ ကားပါမစ္ေတြ ေျမေတြလို အစိုးရဌာနေတြက အစ အလုပ္ ျဖစ္တဲ့ ေငြရွာေပးတဲ့ စနစ္လို႔ ျမင္ႏိုင္ေအာင္လုပ္ၿပီး ဆီကို ထင္သလိုျဖန္ခဲ့ေတာ့ Quality ေတြ က်န္းမာေရးေတြ ဘာေတြက ဝင္မေျပာႏိုင္သလို ေဈးကြက္စီးပြားေရးအရ လည္း ေကာင္းတာမၿပိဳင္ ႏိုင္ၾကေတာဘူးေပါ့။ ေနာက္ပိုင္းမွာ ပဲဆီသန႔္ေတြ ဘာေတြ ထြက္လာေပမဲ့လည္း ျပႆနာက ေျမပဲေဈးႀကီးတာ အရင္ကေလာက္ ေတာင္ သူ ေတြ ေျမပဲမစိုက္ႏိုင္ၾကတာ (ဆည္ေရျဖန္တဲ့ကိစၥေတြနဲ႔ အျခားေတြပါပါတယ္) စိုက္တာေတြက ႀကိတ္တာေတြက ေဈးကြက္ကေပးႏိုင္ တဲ့ ေဈးနဲ႔ မေရာင္းႏိုင္ေတာ့တာေၾကာင့္ ေျမပဲႏွမ္းက တကယ္ႀကိတ္တဲ့ ဆီ ရွားလာတယ္။ industry ရပ္သြားတယ္။

အားမနာတမ္းေျပာရရင္ လိေမၼာ္သီးကို ညစ္တဲ့ အေရနဲ႔ ေရထဲကို လိေမၼာ္အနံအရသာ ထည့္ထားတဲ့ အဖ်ာ္ရည္ က လိေမၼာ္ရည္မတူသလို တစ္ခ်ိဳ႕ က ပဲဆီဆိုတာ စားအုန္းဆီေတြကို ဘဲ နည္းပညာနဲ႔ အေရာင္ခြၽတ္ အရသာခြၽတ္ၿပီး ပဲဆီ အနံေတြ အရသာေတြ ထည့္တယ္။ ကိုယ္ ေတြ ဆီမွာ အဲဒါေတြကို ဘဲ ဗူးေတြနဲ႔ထည့္ေရာင္းတာေတြ ရွိေတာ့ ပဲဆီစားလည္း တကယ္ ေတာ့ စားအုန္းဆီေတြဘဲ ဗိုက္ထဲဝင္သလို ျဖစ္ ေနတယ္။အနံအရသာဘဲ ပဲဆီ ျဖစ္ေနတာေလ။ အိမ္မွာ ဘယ္လိုဘဲ ေလ်ာ့စားစား ေ႐ြးစားစား လက္ေတြ အျပင္မွာ လက္ဖက္ရည္ဆိုင္မွာ လမ္းမွာနယ္မွာ စားေနရတာ ေတြက ေ႐ြးစရာသိပ္မရွိဘူး ပိုဆိုးတာက ျမန္မာေတြက ဆီက အိုးျပန႔္နဲ႔မေၾကာ္ဘဲ ေၾကာ္ၿပီးသားနဲ႔ ျပန္ေၾကာ္ တာေတြက ပိုဆိုးေစတယ္ ကို Soe Nyi တို႔ရဲ႕ feel လို ဆိုင္ေတြမွာေတာ့ ေနၾကာဆီ သုံးတယ္ ေၾကာ္ျငာထားတယ္။

စားသုံးသူကာကြယ္ေရးက U Swe Tin Kyu အဆိုအရေတာ့ ဆိုင္ႀကီးေတြမွာ သူတို႔ ဆီကို ဘယ္တံဆိပ္ ဘာကို သုံးတယ္ ဆိုတာ ေၾကျငာ ထားဖို႔လိုတယ္ေျပာေတာ့ ကြၽန္ေတာ္တို႔ ကြန္ပ်ဴတာက intel inside ဆိုတာ သြားသတိရတယ္။ ဒီလိုဘဲ အတြင္းမွာ ဆိုင္မွာ ခ်က္တာ ေၾကာ္တာအတြက္ ဘာဆီသုံးထားတယ္ေပါ့။ နာမည္ႀကီး နန္းႀကီးဆိုင္ေတြ အေၾကာ္အေလွာ္ ဆိုင္ေတြ ဒီလို လုပ္သင့္တယ္။ တကယ္တာ့ ျမန္မာျပည္က ဆီစက္ industry ႀကီးတစ္ခုလုံး ဆိုရွယ္လစ္ေခတ္မွာေတာင္ ရွင္သန္လာခဲ့ၿပီးမွ ပ်က္သြားတာ ဟာ ျပည္ပက သံလြင္ဆီလို ပဲပုတ္ဆီလို က်န္းမာေရးနဲ႔ ပိုၿပီးညီတဲ့ အရသာပိုရွိတဲ့ ဆီေတြ အစားထိုးဝင္လာၿပီး ပ်က္သြား ရင္ ေတာင္ခံသာေပမဲ့ တကယ့္ လက္ေတြ႕မွာ ႏိုင္ငံတကာမွာ လူမစားတဲ့ စက္မႈသုံးကန္ဆီေတြက အလဲထိုး ဖ်က္ဆီးတာ ခံလိုက္ၾကရေတာ့ ပိုရင္နာဖို႔ ေကာင္းတယ္ ။

ႏွစ္ ၂၀ ေလာက္ၾကာသြားေတာ့ ဆီစက္တင္မက ကုန္ၾကမ္းေဈးကြက္ပါ ထိလာတယ္။ေျပာရရင္ ကြၽန္ေတာ္လည္း ေဆးစစ္ေတာ့ အသဲအ ဆီဖုံးတာ ရွိတယ္ဆိုေတာ့ ေျပာၾကေတာ့ မိတ္ေဆြအေတာ္မ်ာမ်ား လည္း ဖုံးေနတာေတြ႕ရတယ္။ ျမန္မာျပည္ရဲ႕ဖက္ရွင္လိုဘဲ။ စကၤာပူလို သာ ေသသမွ် စစ္ေဆးၿပီး သုေတသနလုပ္ရင္ ဘယ္လိုေနမယ္မသိဘူး။ အခုလက္လွမ္းမွီသေလာက္ေတာင္ ျမန္မာေတြ အစားအေသာက္နဲ႔ ဒုကၡေရာက္ေနၾကတယ္။ ကိုတိုး Myo Han Htun ႀကီးေျပာသလို ကုန္တိုက္ႀကီးေတြက ဝယ္တာေတာင္ ႏိုင္ငံတကာ တံဆိပ္ေတြေတာင္ ကိုယ္ဆီ ပို႔တာ သူတို႔ ႏိုင္ငံမွာေရာင္းတာထက္ တစ္ေရနိမ့္တယ္ဆိုဘဲ။ၾကည့္လိုက္ရင္ေတာ့ တိုင္းျပည္က ပညာေရးမွာ ထိပ္ဆုံးက ယခု တိုင္ မိဘေတြ ေက်ာင္းသားေတြအသဲစြဲက ေဆးေက်ာင္းပါ။ ဒီေတာ့ အေတာ္ဆုံး သူေတြ ဒီဖက္ ထဲ ေရာက္ကုန္တယ္လို႔ တြက္ရင္ေတာင္။

အခု တိုင္းျပည္မွာ ေဆးကုရင္ ဘန္ေကာက္ထြက္ကုတဲ့ စားရိတ္က မနဲဘူး ။ ေနာက္ၿပီး က်န္တဲ့ သူေတြ ျပည္တြင္းကုၾကတာမွာ အလုပ္နဲ႔ ထိမ္းရတဲ့ ဝန္မမွ်ေအာင္ ေဆး႐ုံေတြ လူက်ပ္ေနတယ္ ။ ေနာက္ၿပီး ကြၽန္ေတာ္နားလည္သေလာက္ health ဆိုတဲ့ က်န္းမာေရးဆိုတာ ကု သတာတင္မက မျဖစ္ေအာင္ က်န္းမာေအာင္လည္းတာဝန္ ရွိတယ္ FAO တို႔ အစားအေသာက္စစ္တာေတြ ရွိသလို စီးပြားကူးသန္းက လည္း စားသုံးသူကာကြယ္ေရးေတြ ဖြဲ႕စည္းပုံမွာေတာ့ ရွိတယ္။အေမရိကားမွာေတာ့ ဆိုင္ေတြ အရပ္ဝတ္နဲ႔ လိုက္စစ္သူေတြက အစားအစာ ကို ၾကမ္းျပင္နဲ႔ သတ္မွတ္ေပေအာက္ မထားရတာ အစားအေသာက္ ထိန္းသိမ္းတာေတြမွာ ေအးခဲရင္ေအးခဲထား ပူရင္ပူထား ဆိုတာ ဒီဂရီ ေတြ တိတိပပ သတ္မွတ္ထားတယ္။ စားေသာက္ဆိုင္လုပ္သူေတြ သင္တန္း တက္ၿပီး လက္မွတ္ယူထားရတယ္။

ေဆာင္ရန္ေရွာင္ရန္ေတြ သိၾကရတယ္။ ကိုယ္ဆီမွာေတာ့ ကိစၥမရွိပါဘူးေတြမ်ားတယ္။ ဘန္ေကာက္ေလာက္ ေရာက္ရင္ေတာင္ လမ္းေဘး ေဈးသယ္ခ်င္းအတူတူ အသီးေတြကို ျခင္ေထာင္စေလး ဖုံးထားၾကတာ လက္အိပ္နဲ႔ကိုင္တာ အသုံးအေဆာင္ေတြက သစ္သားမသုံးဘဲ စ တီးေတြသုံးတာ ေခါင္းစြတ္ေတြ ရင္ကာေတြ ဝတ္ထားၾက တာ စတာေတြကို ျမင္ႏိုင္မွာပါ။ အတုယူစရာေတြ အမ်ားႀကီးပါ။ ဂ်ပန္ တိုက်ိဳး က ငါးဒိုင္ေရာက္ေတာ့ သားစိမ္းငါးစိမ္းေတြ ခုတ္ထစ္ေရာင္းဝယ္ေနတာ လုံးဝညႇီေစာ္မနံတာေတြ႕ခဲ့ရတယ္။ သန႔္ရွင္းေရးစနစ္ေတြ သိပ္ ေကာင္းတယ္။ ဝယ္ရင္ေတာင္ ထုတ္ပိုးေပးတာက ေရခဲအကာက အစ ပါၿပီးသား။ တကယ္ေတာ့ လူတစ္ေယာက္ရဲ႕ ဘဝဆိုတာ ကံ စိတ္ ဥတု အဟာရ ေပၚမူတည္ၿပီး ႀကီးထြားေနၾကတာပါ။ မတည့္တာေတြ စားရင္ ေရွးကံ ဘယ္ေလာက္ေကာင္းေကာင္း ။

ဥတု အဟာရေၾကာင့္ျဖစ္တဲ့ ႐ုပ္ေျပာင္းလဲမႈ႕ျဖစ္မွာပါဘဲ။ ပတ္ဝန္းက်င္မွာ Social learning theory အရ သူမ်ားလုပ္လို႔ လုပ္ေနတာေတြ ကို behivour change လုပ္ဖို႔ mind set change လုပ္ဖို႔ ခက္တာမွန္ေပမဲ့ တိုင္းျပည္အတြက္ ဘဲေျပာေျပာ မီးသားစုေတြအတြက္ ဘဲေျပာ ေျပာ က်န္းမာမွ အလုပ္လုပ္ ႏိုင္မွာပါ။ ကမၼဇ႐ုပ္ အျပင္ ဥတုဇ႐ုပ္ အဟာရဇ႐ုပ္ စိတၱဇ႐ုပ္ေတြ နဲ႔ဖန္တီးထားတာျဖစ္တာေၾကာင့္ အဟာရ မေကာင္းရင္ ခႏၵာမေကာင္းႏိုင္ပါဘူး။ ရွင္းပါတယ္။

Credit (Ye Myat Thu)

UNICODE

မဟာဂန္ဒရုံဆရာတော်ကြီးရဲ့ ကျောင်းတိုက်စည်းကမ်းမှာ စိတ်ကောင်း ရှိဖို့ ပထမ ရဲ့နောက်မှာ ကျမ်းမာဖို့ က ရှေ့ကျပါတယ် စာတတ်ဖို့ က နောက်ဆုံးမှာပါ။ ပြီးခဲ့တဲ့ U23 နဲ့ U20 ဘောလုံးပွဲတွေမှာ မြန်မာတွေကြိုးစားပေမဲ့ ရေရှည် ခန္ဒာကိုယ် ကွာတာက စကားပြောသလိုပါဘဲ။ ကိုယ်ဆီက အားကစားတင်မဟုတ်ပါဘူး ကျန်တဲ့ လူမှု့ရေးစီးပွားရေး ပညာရေး စတာ တွေ ပြိုင်ကြရင်လည်း တစ်ဦးချင်းစီရဲ့ သက်လုံ ကျန်းမာရေး အဟာရ တွေ အရေးပါနေဆဲပါဘဲ။ ဒါတွေက သီခြားခွဲရှိမနေ ကြပါဘူး။ တကယ်တော့ တွက်တတ်ရင် ရောဂါဖြစ်မှ အကုန်အ ကျခံတဲ့ ငွေကို မဖြစ်အောင် ကြိုသုံးရင် ပိုတောင် သက်သာနိုင် ပါသေးတယ်။ ကောင်းပြီ ပိုပေးမယ် ကောင်းတာစားမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ပြီး ရင်တောင် ကိုယ်တွေဆီက အစားအသောက်တွေ အသုံးအဆောင်တွေက အာမခံချက် ဘယ်လောက် ရှိသလဲမသိနိုင်တာ။

ရင်မောစရာပါ။ဆိုးဆေးတွေ စားဆော်ဒါနေရာက အဝတ်လျော်ဆိုဒါတွေ ဒိတ်လွန်ပြန်ရိုက်ထားတဲ့ အစားအစာတွေ ဆေးတွေ အတုတွေ ဘာမှ သေချာသုတေသနမလုပ်ဘဲ ဈေးကွက်ထဲရောက်နေတဲ့ ဆေးတွေ နဲ့ အစားအစာတွေ ထိန်းသိမ်ထုတ်ပိုးမှု မတတ်လို့ အန္တရယ် ရှိနေ တာတွေ ကိုင်တွယ်တာမတတ်လို့ ဖြစ်ကြတာတွေ လည်း ရှိပါသေးတယ်။ ကားကောင်းတောင် ဆီမသန်တာထည့်ရင် မဆွဲတဲ့အပြင် ပျက် တတ်သေးတာ လူတွေလည်း ခန္ဒာကိုယ်မှာ အဟာရက အရေးကြီးပါတယ်။ သတိပြုကြဖို့ လိုပါတယ် စောင့်ထိမ်းကြဖို့ လောဘမတက်ကြဖို့ အစားအသောက်ခုတ်လုပ်ရောင်းချတဲ့ လောကကသူတွေမှာ လိုပါမယ် ethic ရှိဖို့ နဲ့ စေတနာ ရှေ့ထားနိုင်ပြီး ကံယုံပြီး မဟုတ်တာမလုပ် ကြဖို့ လိုပါတယ်။ မဟုတ်တာလုပ်သူတွေကို လည်း ရှာဖွေဖော်ထုတ် အရေးယူနိုင်ဖို့ လိုပါမယ်။

စားသုံးသူတွေမှာလည်း ကျမ်းမာရေးအသိနဲ့ စားကြဖို့ အစားထိမ်းနိုင်ဖို့ သတိရှိဖို့ ကိုယ်ကိုယ်ကို ဂရုစိုက်ဖို့ လိုပါတယ်။ အမှတ်တမဲ့ နဲ့ နေ ပြီး ဖြစ်သလိုနေစားပြီး ဖြစ်လာမှ ကုရတာ မတန်ပါဘူး။ သတိထားကြစေချင်ပါတယ်။ ခက်တာက ဖြစ်လို့ ကုရင်တောင် ကျန်းမာရေးစစ်တဲ့ စက်တွေက လေဘေးအကျီလို သူများတွေဆီက အဟောင်းတွေ အပေါစားကုန်ကြမ်းတွေ ဒိတ်လွန်တွေကြောင့် ကိုယ်တွေဆီမှာ ရောဂါမှန် မပြတာမတွေ့တာ မရှိတာတွေ တွေ့တာတွေ ဖြစ်နေကြတာတွေလည်း ဆိုးပါတယ် % ကြီးကြီး လွဲတာတွေ ဖြစ်နေတာလည်း industry အတွက် မကောင်းပါဘူး သူများနိုင်ငံသွားကုကြတာ ဒါတွေပါပါတယ်။ ဒါလည်း စားသုံးသူကာကွယ်ရေးနဲ့ ဆိုင်မယ်ထင်ပါတယ်။ပြောရရင် ကလေးတွေကျောင်းမှာ ရောင်းနေတဲ့ အန္တရယ်ရှိတဲ့မုန်းတွေ က အစ ပြည်သူတွေ ထိတွေ့နေသမျှ တွေမှာ ယုံကြည့်စိတ်ချရဖို့။

အခွန်တွေယူထားတဲ့ တာဝန်ယူထားတဲ့ တက်သမျှအစိုးရတိုင်းမှာ တာဝန် ရှိပါတယ်။ သူတို့ တာဝန်က ဥပဒေက ခွင့်မပြုတာကို ငွေယူပြီး လုပ်ပိုင်ခွင့်ပေးရမှာမဟုတ်ပါဘူး။ ဥပဒေပတိုင်း ဖြစ်အောင်လုပ်ကြရမှာပါ။ မလုပ်နိုင်ရင် လုပ်နိုင်သူ ရှာဖိုလိုပါတယ်။ မဟုတ်ရင်တော့ တစ် ပြည်လုံး ရေစုန်မျော ကြရတော့မှာပါ လို့ဘဲမြင်မိပါတယ်။ စာရှည်ကြီးဖတ် ပေးလို့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ညီတော်မောင် က သူငယ်သူ ငယ်ချင်း နဲ့ထိုင်နေတော့ မူခင်းဆရာဝန်ဖြစ်တဲ့ သူ့ငယ်ချင်း က ဆီကြော် မစားရဲဘူးလို့ ဆိုတယ်။ သူအလုပ်အ ရ သေတဲ့သူတွေကို ခွဲစိတ်စစ်ဆေးရတော့ သူပြောပုံအရ ဝတဲ့သူမှ မဟုတ်ဘူး မြန်မာ ပြည်မှာ အတော်များများ က အထဲမှာ ဆီတွေစုနေ တယ်လို့ ဆိုတယ် အသည်းအဆီဖုံးတာမျိုး ကိုပြောတာလားတော့ မသိဘူးပေါ့။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဆီလျော့စားဖို့ ပြောနေကြတာလည်း ရှိတယ်။ တကယ်ပြန်ကြည့်ရင် ကျွန်တော်တို့ ငယ် ငယ်က လည်း ဒီလိုဆီပြန်စားခဲ့ကြတာပါဘဲ သို့ သော် ဆီဆိုတာက မြေပဲတွေ နှမ်းတွေက ကြိတ်တာ တွေစားတော့ အခုလိုမဖြစ်ဘူးပေါ့။ မှတ်မှတ် ရရ အရေးအခင်း အပြီးမှာ အစိုးရက မလေးရှားက စားအုန်းဆီတွေ စသွင်း တယ် သွင်းခါစက ပုံးနဲ့ ပေပါနဲ့ ဆီကိုစားဖို့ သန့်ပြီးမှ လာတဲ့ဆီတွေ။ဒါတောင် အဲဒီ အချိန်အမျိုးသား ဓာတ်ခွဲမှာ ရှီတဲ့ အကြီးဆုံးက အမျိုးတော်တော့ သူက နိုင်ငံရေးအရသွင်းခွင့်ပေးထားပေမဲ့ စားဖို့ မသင့်ဘူး လို့ ဆို တယ်။ ပြီးတော့ အဲဒီက တည်းက ဆီကို သူလည်း မစားတော့ဘူး ၁၉၉၀ ဝန်းကျင်လောက်ကပေါ့။ အဲဒီခေတ်က ကုန်ဈေးနှုံးတက်ရင် ဆူပူမှာကြောက်တော့ ဈေးကျအောင် စားဆီတွေ ဝင်လာတယ်။

အဲဒီအချိန်မှာ မြေပဲနဲ့ နှမ်းတွေက ပြည်ပထွက်ကုန်တော့ ကုန်ကြမ်းဈေးတက်ပြီး ဆီဈေးက တက်မရဘူး။ ဒီလိုနဲ့ ဆီစက်တွေ ပြုတ်ကုန် ကြတယ် နောက်ပိုင်း ပဲဖတ် နှမ်းဖတ်တွေ မရှိလို့ တိရိစ္ဆာန် အစာတောင် ရှားပါးသွားတယ်။ ပြောရရင်တော့ မြန်မာအများစုက စားအုန်း ဆီဘဲ စားကြရတဲ့ဘဝရောက်သွားတယ်။အင်္ဂလန်က ဂျာမဏီက စက်တွေ စိန်ပန်းက ထုတ်ကုန် ဆီစက်တွေလည်း ရပ်ပြီး အလုပ်သမား တွေ လုပ်ငန်းတွေ ရပ်ကုန် ပြီး သူတို့ တစ်တွေ အခြားရောက်သွားတယ်။ နောက်ပိုင်းတရုတ်ဆီစက်တွေဝင်လာပေမဲ့ သိပ်မကြီးကျယ်တော့ ဘူး။ ဆီကို ဈေးကွက်မှာ အရင်က ပေပါလိုက် လာပေမဲ့ နောက်ပိုင်းမှာ အခုတိုင် လူတွေစားတဲ့ဆီကို သင်္ဘောဝမ်းဗိုက်မှာ ဒီအတိုင်း ထည့် လာတဲ့ စက်မှုကုန်ကြမ်းလိုဝင်လာတဲ့ ဆီတွေကို ဘဲ မြန်မာတွေစားနေကြရတယ်။

တစ်ခေတ်က ဆီသွင်းခွင့်ပါမစ်ကို နိုင်ငံတော်ရဲ့ ထိပ်ဆုံးက ကိုင်ပြီး တော်ရုံခရိုနီတောင် လက်ခွဲဘဲ ရကြတယ်။ ဆီဖြန့်သူ တွေက အခွင့်ထူး ခံတွေဖြစ်ပြီး ဖုန်းတွေ ကားပါမစ်တွေ မြေတွေလို အစိုးရဌာနတွေက အစ အလုပ် ဖြစ်တဲ့ ငွေရှာပေးတဲ့ စနစ်လို့ မြင်နိုင်အောင်လုပ်ပြီး ဆီကို ထင်သလိုဖြန်ခဲ့တော့ Quality တွေ ကျန်းမာရေးတွေ ဘာတွေက ဝင်မပြောနိုင်သလို ဈေးကွက်စီးပွားရေးအရ လည်း ကောင်းတာမပြိုင် နိုင်ကြတောဘူးပေါ့။ နောက်ပိုင်းမှာ ပဲဆီသန့်တွေ ဘာတွေ ထွက်လာပေမဲ့လည်း ပြဿနာက မြေပဲဈေးကြီးတာ အရင်ကလောက် တောင် သူ တွေ မြေပဲမစိုက်နိုင်ကြတာ (ဆည်ရေဖြန်တဲ့ကိစ္စတွေနဲ့ အခြားတွေပါပါတယ်) စိုက်တာတွေက ကြိတ်တာတွေက ဈေးကွက်ကပေးနိုင် တဲ့ ဈေးနဲ့ မရောင်းနိုင်တော့တာကြောင့် မြေပဲနှမ်းက တကယ်ကြိတ်တဲ့ ဆီ ရှားလာတယ်။ industry ရပ်သွားတယ်။

အားမနာတမ်းပြောရရင် လိမ္မော်သီးကို ညစ်တဲ့ အရေနဲ့ ရေထဲကို လိမ္မော်အနံအရသာ ထည့်ထားတဲ့ အဖျာ်ရည် က လိမ္မော်ရည်မတူသလို တစ်ချို့ က ပဲဆီဆိုတာ စားအုန်းဆီတွေကို ဘဲ နည်းပညာနဲ့ အရောင်ချွတ် အရသာချွတ်ပြီး ပဲဆီ အနံတွေ အရသာတွေ ထည့်တယ်။ ကိုယ် တွေ ဆီမှာ အဲဒါတွေကို ဘဲ ဗူးတွေနဲ့ထည့်ရောင်းတာတွေ ရှိတော့ ပဲဆီစားလည်း တကယ် တော့ စားအုန်းဆီတွေဘဲ ဗိုက်ထဲဝင်သလို ဖြစ် နေတယ်။အနံအရသာဘဲ ပဲဆီ ဖြစ်နေတာလေ။ အိမ်မှာ ဘယ်လိုဘဲ လျော့စားစား ရွေးစားစား လက်တွေ အပြင်မှာ လက်ဖက်ရည်ဆိုင်မှာ လမ်းမှာနယ်မှာ စားနေရတာ တွေက ရွေးစရာသိပ်မရှိဘူး ပိုဆိုးတာက မြန်မာတွေက ဆီက အိုးပြန့်နဲ့မကြော်ဘဲ ကြော်ပြီးသားနဲ့ ပြန်ကြော် တာတွေက ပိုဆိုးစေတယ် ကို Soe Nyi တို့ရဲ့ feel လို ဆိုင်တွေမှာတော့ နေကြာဆီ သုံးတယ် ကြော်ငြာထားတယ်။

စားသုံးသူကာကွယ်ရေးက U Swe Tin Kyu အဆိုအရတော့ ဆိုင်ကြီးတွေမှာ သူတို့ ဆီကို ဘယ်တံဆိပ် ဘာကို သုံးတယ် ဆိုတာ ကြေငြာ ထားဖို့လိုတယ်ပြောတော့ ကျွန်တော်တို့ ကွန်ပျူတာက intel inside ဆိုတာ သွားသတိရတယ်။ ဒီလိုဘဲ အတွင်းမှာ ဆိုင်မှာ ချက်တာ ကြော်တာအတွက် ဘာဆီသုံးထားတယ်ပေါ့။ နာမည်ကြီး နန်းကြီးဆိုင်တွေ အကြော်အလှော် ဆိုင်တွေ ဒီလို လုပ်သင့်တယ်။ တကယ်တာ့ မြန်မာပြည်က ဆီစက် industry ကြီးတစ်ခုလုံး ဆိုရှယ်လစ်ခေတ်မှာတောင် ရှင်သန်လာခဲ့ပြီးမှ ပျက်သွားတာ ဟာ ပြည်ပက သံလွင်ဆီလို ပဲပုတ်ဆီလို ကျန်းမာရေးနဲ့ ပိုပြီးညီတဲ့ အရသာပိုရှိတဲ့ ဆီတွေ အစားထိုးဝင်လာပြီး ပျက်သွား ရင် တောင်ခံသာပေမဲ့ တကယ့် လက်တွေ့မှာ နိုင်ငံတကာမှာ လူမစားတဲ့ စက်မှုသုံးကန်ဆီတွေက အလဲထိုး ဖျက်ဆီးတာ ခံလိုက်ကြရတော့ ပိုရင်နာဖို့ ကောင်းတယ် ။

နှစ် ၂၀ လောက်ကြာသွားတော့ ဆီစက်တင်မက ကုန်ကြမ်းဈေးကွက်ပါ ထိလာတယ်။ပြောရရင် ကျွန်တော်လည်း ဆေးစစ်တော့ အသဲအ ဆီဖုံးတာ ရှိတယ်ဆိုတော့ ပြောကြတော့ မိတ်ဆွေအတော်မျာများ လည်း ဖုံးနေတာတွေ့ရတယ်။ မြန်မာပြည်ရဲ့ဖက်ရှင်လိုဘဲ။ စင်္ကာပူလို သာ သေသမျှ စစ်ဆေးပြီး သုတေသနလုပ်ရင် ဘယ်လိုနေမယ်မသိဘူး။ အခုလက်လှမ်းမှီသလောက်တောင် မြန်မာတွေ အစားအသောက်နဲ့ ဒုက္ခရောက်နေကြတယ်။ ကိုတိုး Myo Han Htun ကြီးပြောသလို ကုန်တိုက်ကြီးတွေက ဝယ်တာတောင် နိုင်ငံတကာ တံဆိပ်တွေတောင် ကိုယ်ဆီ ပို့တာ သူတို့ နိုင်ငံမှာရောင်းတာထက် တစ်ရေနိမ့်တယ်ဆိုဘဲ။ကြည့်လိုက်ရင်တော့ တိုင်းပြည်က ပညာရေးမှာ ထိပ်ဆုံးက ယခု တိုင် မိဘတွေ ကျောင်းသားတွေအသဲစွဲက ဆေးကျောင်းပါ။ ဒီတော့ အတော်ဆုံး သူတွေ ဒီဖက် ထဲ ရောက်ကုန်တယ်လို့ တွက်ရင်တောင်။

အခု တိုင်းပြည်မှာ ဆေးကုရင် ဘန်ကောက်ထွက်ကုတဲ့ စားရိတ်က မနဲဘူး ။ နောက်ပြီး ကျန်တဲ့ သူတွေ ပြည်တွင်းကုကြတာမှာ အလုပ်နဲ့ ထိမ်းရတဲ့ ဝန်မမျှအောင် ဆေးရုံတွေ လူကျပ်နေတယ် ။ နောက်ပြီး ကျွန်တော်နားလည်သလောက် health ဆိုတဲ့ ကျန်းမာရေးဆိုတာ ကု သတာတင်မက မဖြစ်အောင် ကျန်းမာအောင်လည်းတာဝန် ရှိတယ် FAO တို့ အစားအသောက်စစ်တာတွေ ရှိသလို စီးပွားကူးသန်းက လည်း စားသုံးသူကာကွယ်ရေးတွေ ဖွဲ့စည်းပုံမှာတော့ ရှိတယ်။အမေရိကားမှာတော့ ဆိုင်တွေ အရပ်ဝတ်နဲ့ လိုက်စစ်သူတွေက အစားအစာ ကို ကြမ်းပြင်နဲ့ သတ်မှတ်ပေအောက် မထားရတာ အစားအသောက် ထိန်းသိမ်းတာတွေမှာ အေးခဲရင်အေးခဲထား ပူရင်ပူထား ဆိုတာ ဒီဂရီ တွေ တိတိပပ သတ်မှတ်ထားတယ်။ စားသောက်ဆိုင်လုပ်သူတွေ သင်တန်း တက်ပြီး လက်မှတ်ယူထားရတယ်။

ဆောင်ရန်ရှောင်ရန်တွေ သိကြရတယ်။ ကိုယ်ဆီမှာတော့ ကိစ္စမရှိပါဘူးတွေများတယ်။ ဘန်ကောက်လောက် ရောက်ရင်တောင် လမ်းဘေး ဈေးသယ်ချင်းအတူတူ အသီးတွေကို ခြင်ထောင်စလေး ဖုံးထားကြတာ လက်အိပ်နဲ့ကိုင်တာ အသုံးအဆောင်တွေက သစ်သားမသုံးဘဲ စ တီးတွေသုံးတာ ခေါင်းစွတ်တွေ ရင်ကာတွေ ဝတ်ထားကြ တာ စတာတွေကို မြင်နိုင်မှာပါ။ အတုယူစရာတွေ အများကြီးပါ။ ဂျပန် တိုကျိုး က ငါးဒိုင်ရောက်တော့ သားစိမ်းငါးစိမ်းတွေ ခုတ်ထစ်ရောင်းဝယ်နေတာ လုံးဝညှီစော်မနံတာတွေ့ခဲ့ရတယ်။ သန့်ရှင်းရေးစနစ်တွေ သိပ် ကောင်းတယ်။ ဝယ်ရင်တောင် ထုတ်ပိုးပေးတာက ရေခဲအကာက အစ ပါပြီးသား။ တကယ်တော့ လူတစ်ယောက်ရဲ့ ဘဝဆိုတာ ကံ စိတ် ဥတု အဟာရ ပေါ်မူတည်ပြီး ကြီးထွားနေကြတာပါ။ မတည့်တာတွေ စားရင် ရှေးကံ ဘယ်လောက်ကောင်းကောင်း ။

ဥတု အဟာရကြောင့်ဖြစ်တဲ့ ရုပ်ပြောင်းလဲမှု့ဖြစ်မှာပါဘဲ။ ပတ်ဝန်းကျင်မှာ Social learning theory အရ သူများလုပ်လို့ လုပ်နေတာတွေ ကို behivour change လုပ်ဖို့ mind set change လုပ်ဖို့ ခက်တာမှန်ပေမဲ့ တိုင်းပြည်အတွက် ဘဲပြောပြော မီးသားစုတွေအတွက် ဘဲပြော ပြော ကျန်းမာမှ အလုပ်လုပ် နိုင်မှာပါ။ ကမ္မဇရုပ် အပြင် ဥတုဇရုပ် အဟာရဇရုပ် စိတ္တဇရုပ်တွေ နဲ့ဖန်တီးထားတာဖြစ်တာကြောင့် အဟာရ မကောင်းရင် ခန္ဒာမကောင်းနိုင်ပါဘူး။ ရှင်းပါတယ်။

Credit (Ye Myat Thu)

Add a Comment

Your email address will not be published. Required fields are marked *