သိန္း (၇၀၀၀) အကုန္ က်ခံ ၍ တည္ေဆာက္ ခဲ့ေသာ ျမစ္ကမ္း ထိန္းနံရံ (၁)ႏွစ္ မျပည့္မွီ ၿပိဳ က်၍ ျပည္ေထာင္စုအစိုးရထံတိုင္ၾကား

အခု ကြၽန္မအထက္ အဆင့္ဆင့္ကို တင္ျပထားတယ္။ တင္ျပထားတယ္ဆိုကတည္းက စစ္ေဆးေပးဖို႔ အေရးယူေပးဖို႔လည္းပါပါတယ္” ေဒၚ ခ်ိဳခ်ိဳဝင္း(ေမာ္လိုက္ၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)ကေျပာပါတယ္။အဆိုပါ စစ္ကိုင္းတိုင္း ေဒသႀကီး ေမာ္လိုက္ၿမိဳ႕နယ္ ေမာ္လိုက္ ကေလးေက်း႐ြာ ျမစ္ထိန္းနံရံမွာ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ခြင့္ျပဳရန္ပုံေငြ က်ပ္သန္း၇၀၀ (သိန္းခုႏွစ္ေထာင္)နီးပါး အကုန္အက်ခံ တည္ေဆာက္ၿပီးစီးခဲ့ကာ ၂၀၂၀ခုႏွစ္ၾသဂုတ္လ ၁ရက္ေန႔တြင္ စတင္ၿပိဳက်ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္ထိ ၿပိဳက်မႈမ်ား ျဖစ္ေပၚေနပါ တယ္။ “ဒါကို သူ႔ဝန္ႀကီးဌာနကိုတင္ျပေတာ့ အခုအေရးေပၚအေျခအေန အတြက္လိုအပ္တာေတြေတာ့ လာေဆာင္႐ြက္ ေနပါၿပီ။

အဓိကျဖစ္တာ ေဒသခံေတြနဲ႔ ဌာန ဆိုင္ရာ ကပူးေပါင္းေဆာင္႐ြက္မႈ အားနည္းတာလို႔ျမင္ပါတယ္။ ဒါက ဒီေနရာတစ္ခုတည္း မဟုတ္ပါဘူး ။ကြၽန္မတို႔ဆီမွာ ေနရာတိုင္း ျဖစ္ေနတာပါ’’ဟု ေမာ္လိုက္ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ ေဒၚခ်ိဳခ်ိဳဝင္းက ေျပာပါတယ္။စစ္ကိုင္းတိုင္း ေဒသႀကီး၊ ေမာ္ လိုက္ၿမိဳ႕နယ္၊ေမာ္လိုက္ ကေလးေက်း႐ြာရွိ ျမစ္ကမ္းထိန္းနံရံကို ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္၌ က်ပ္သန္းေပါင္း ခုႏွစ္ေထာင္ အကုန္က်ခံ၍ တည္ေဆာက္ခဲ့ ေသာ္လည္း အဆိုပါ ကမ္းထိန္းနံရံသည္ တစ္ႏွစ္ မျပည့္မွီ ၿပိဳက်ခဲ့ပါတယ္။အဆိုပါ ျဖစ္စဥ္ ေၾကာင့္ ေမာ္ လိုက္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္က စီမံကိန္းလုပ္ပိုင္ခြင့္ရသူကို အေရးယူရန္ ျပည္ေထာင္စု အစိုးရသို႔ တိုင္ၾကားခဲ့ပါတယ္။

ဘယ္လိုျဖစ္လို႔ၿပိဳသြားလဲဆိုေတာ့ အေၾကာင္းကေတာ့အမ်ားႀကီးေပါ့ေလ။သူတို႔ရဲ႕ တည္ေဆာက္မႈပုံစံက ကြၽန္မတို႔ရဲ႕ ေျမျပင္အေန အ ထားနဲ႔ မကိုက္ညီတာလည္း ပါတာေပါ့။ ကြၽန္မထင္တာေတာ့ အရည္ေအ သြးပိုင္းမွာလည္း အားနည္းတယ္လို႔ ထင္တယ္။ဒီေျမထိန္းနံရံ အထက္မွာ ေရကာတန္းကို႐ိုက္ဖို႔ ႐ြာက လူေတြက သေဘာမတူဘူး။ အဲဒီမွာရွိတဲ့ဆိုက္ အင္ဂ်င္နီယာကလည္းေရကာတန္းကိုမ႐ိုက္ဘူး။ ေရကာ တန္းဆိုတာ ေရကိုကန႔္လန႔္ခံထားတဲ့ဟာေပါ့။တိုင္းကၫႊန္မႉး တစ္ေယာက္ကလာၿပီး အထက္ကခ်ထား တဲ့အတိုင္း ဒီဇိုင္းအတိုင္း လုပ္ရမယ္။ ႐ြာသားေတြေျပာတဲ့အတိုင္း မလုပ္ရဘူးဆိုၿပီးေျပာသြားတယ္လို႔ ဆိုပါတယ္။

PeopleMedia / ေမာ္လိုက္

UNICODE

အခု ကျွန်မအထက် အဆင့်ဆင့်ကို တင်ပြထားတယ်။ တင်ပြထားတယ်ဆိုကတည်းက စစ်ဆေးပေးဖို့ အရေးယူပေးဖို့လည်းပါပါတယ်” ဒေါ် ချိုချိုဝင်း(မော်လိုက်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)ကပြောပါတယ်။အဆိုပါ စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်မြို့နယ် မော်လိုက် ကလေးကျေးရွာ မြစ်ထိန်းနံရံမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း၇၀၀ (သိန်းခုနှစ်ထောင်)နီးပါး အကုန်အကျခံ တည်ဆောက်ပြီးစီးခဲ့ကာ ၂၀၂၀ခုနှစ်သြဂုတ်လ ၁ရက်နေ့တွင် စတင်ပြိုကျခဲ့ပြီးနောက် လက်ရှိအချိန်ထိ ပြိုကျမှုများ ဖြစ်ပေါ်နေပါ တယ်။ “ဒါကို သူ့ဝန်ကြီးဌာနကိုတင်ပြတော့ အခုအရေးပေါ်အခြေအနေ အတွက်လိုအပ်တာတွေတော့ လာဆောင်ရွက် နေပါပြီ။

အဓိကဖြစ်တာ ဒေသခံတွေနဲ့ ဌာန ဆိုင်ရာ ကပူးပေါင်းဆောင်ရွက်မှု အားနည်းတာလို့မြင်ပါတယ်။ ဒါက ဒီနေရာတစ်ခုတည်း မဟုတ်ပါဘူး ။ကျွန်မတို့ဆီမှာ နေရာတိုင်း ဖြစ်နေတာပါ’’ဟု မော်လိုက် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းက ပြောပါတယ်။စစ်ကိုင်းတိုင်း ဒေသကြီး၊ မော် လိုက်မြို့နယ်၊မော်လိုက် ကလေးကျေးရွာရှိ မြစ်ကမ်းထိန်းနံရံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ကျပ်သန်းပေါင်း ခုနှစ်ထောင် အကုန်ကျခံ၍ တည်ဆောက်ခဲ့ သော်လည်း အဆိုပါ ကမ်းထိန်းနံရံသည် တစ်နှစ် မပြည့်မှီ ပြိုကျခဲ့ပါတယ်။အဆိုပါ ဖြစ်စဉ် ကြောင့် မော် လိုက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က စီမံကိန်းလုပ်ပိုင်ခွင့်ရသူကို အရေးယူရန် ပြည်ထောင်စု အစိုးရသို့ တိုင်ကြားခဲ့ပါတယ်။

“ဘယ်လိုဖြစ်လို့ပြိုသွားလဲဆိုတော့ အကြောင်းကတော့အများကြီးပေါ့လေ။သူတို့ရဲ့ တည်ဆောက်မှုပုံစံက ကျွန်မတို့ရဲ့ မြေပြင်အနေ အ ထားနဲ့ မကိုက်ညီတာလည်း ပါတာပေါ့။ ကျွန်မထင်တာတော့ အရည်အေ သွးပိုင်းမှာလည်း အားနည်းတယ်လို့ ထင်တယ်။ဒီမြေထိန်းနံရံ အထက်မှာ ရေကာတန်းကိုရိုက်ဖို့ ရွာက လူတွေက သဘောမတူဘူး။ အဲဒီမှာရှိတဲ့ဆိုက် အင်ဂျင်နီယာကလည်းရေကာတန်းကိုမရိုက်ဘူး။ ရေကာ တန်းဆိုတာ ရေကိုကန့်လန့်ခံထားတဲ့ဟာပေါ့။တိုင်းကညွှန်မှူး တစ်ယောက်ကလာပြီး အထက်ကချထား တဲ့အတိုင်း ဒီဇိုင်းအတိုင်း လုပ်ရမယ်။ ရွာသားတွေပြောတဲ့အတိုင်း မလုပ်ရဘူးဆိုပြီးပြောသွားတယ်လို့ ဆိုပါတယ်။

PeopleMedia / မော်လိုက်

Add a Comment

Your email address will not be published. Required fields are marked *