အဆိုးသံသရာကို မိုက်မိုက်မဲမဲ လျှောက် လှမ်းကြမှာလား၊ ငြိမ်းချမ်းရေးလမ်းသစ်ကို လျှောက်လှမ်းကြမှာလားလို့ နိုင်ငံတော်အတိုင်ပင်ခံပြောပြီ






Crd : ဓန

UNICODE

တပ်မတော်ရော၊ NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ NCA လက်မှတ်မထိုးထားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့အခွင့်အရေးတွေကို မိမိရရ ဆုပ်ကိုင်ကြဖို့ တိုက်တွန်းပြောကြားလို မြန်မာနိုင်ငံဟာ လက်နက်ကိုင် ပဋိပက္ခရဲ့ ဆိုးကျိုး ကို ကျောကော့အောင် ခံခဲ့ရ .. ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ် လို့ တင်စားခံခဲ့ရ ဘယ်လောက်ကြာအောင် အနာဂတ်တွေ အဓိပ္ပာယ်မဲ့နေကြဦးမှာလဲ .. ။

နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း ငွေကြေးထရီလျံချီ ဆုံးရှုံးခဲ့၊ ပြည်ထောင်စုအနာဂတ်၊ ပြည်ထောင်စုထဲက သားသမီးတွေရဲ့ဘဝ မြောက် များစွာ ပေးဆပ်ခဲ့ရ .. ငြိမ်းချမ်းရေးတည်ဆောက်သူ ဖြစ်လာဖို့ သမိုင်းက အခွင့်အရေးပေးလာ.. အဆိုးသံသရာကို မိုက်မိုက်မဲမဲ လျှောက် လှမ်းကြမှာလား၊ ငြိမ်းချမ်းရေးလမ်းသစ်ကို လျှောက်လှမ်းကြမှာလား .. လမ်းနှစ်သွယ်ထဲက ဘယ်လမ်းကို လျှောက်မလဲ၊ ဘယ်လမ်းကို လိုက်မလဲ။ ပြည်ထောင်စုရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် လမ်းဆုံလမ်းခွမှာ ရောက်နေပြီ .. ။

မျိုးဆက်သစ်လူငယ်တွေရဲ့ မျက်နှာကို ပြန်မြင်ယောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ အဖွင့်မိန့်ခွန်း ပြောကြားချက်ကို ကောက်နုတ်တင်ပြ သည် .. လက်နက်ကို အားကိုးမှ၊ အင်အားသုံး မှ ထိရောက်မှု ရှိမယ်၊ အရာဝင်မယ်ဆိုတဲ့ ဓလေ့ဆိုးကို ဖြတ်တောက်ပစ်ဖို့ လို …. သေနတ်သံ တွေ၊ ဗုံးသံတွေ ဒီနေ့ တိတ်သွားပေမဲ့ မနက်ဖြန် ပြန် ထွက်လာနိုင် … လက်နက်ကို အားကိုးမှ၊ အင်အားသုံး မှ ထိရောက်မှုရှိမယ်၊

အရာဝင်မယ်ဆိုတဲ့ ဓလေ့ဆိုးနဲ့ အရင်းခံစိတ်ဓာတ်ကို ဖယ်ရှားပစ်နိုင်ဖို့ လို .. အပေးအယူ၊ အလျှော့အတင်း နိုင်ငံရေး ယဉ်ကျေးမှု တည် ဆောက်ပြီး ဗီဇဆိုး၊ ဓလေ့ဆိုးကို ဖယ်ရှားရမယ်။အပေးအယူ၊ အလျှော့အတင်းနဲ့ ကျင့်သား ရအောင် ထပ်ဖန်တလဲလဲ လုပ်ရမယ် … အပေး အယူလုပ်မှု လျော့နည်းတာ သမိုင်း တစ်လျှောက်လုံး မြင်တွေ့ရမှာပါ …အပေးအယူ၊ အလျှော့အတင်းလုပ်တဲ့ အကျိုး တရားတွေကို သိမြင် လာလေလေ ယုံကြည်မှု ပိုရှိလာလေလေ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စီးပွားရေး အခြေအနေ၊ ကပ်ရောဂါအခြေအနေ၊ ကိုဗစ်အလွန် နေထိုင်မှုပုံစံအသစ် အခြေအနေ၊ အားပြိုင်မှု မြင့်မားလာတဲ့ နိုင်ငံတကာအခြေအနေ၊ ပထဝီနိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်ချိတ်ဆက်နေတာကို သတိပြုရမယ်လို့ ပြောကြားသွားပါ တယ်။

Crd : ဓန

Add a Comment

Your email address will not be published. Required fields are marked *