ေလဖိအားနည္းရပ္ဝန္းသည္ အိႏၵိယႏိုင္ငံသို႔ ဝင္ေရာက္ခဲ့ေသာ္လည္း မုတ္သုံေလအားေကာင္းေနေၾကာင္း မိုး/ဇလထုတ္ျပန္

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၃:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္ လ်က္ရွိေသာ အိႏၵိယႏိုင္ငံ၊ ဩရိႆျပည္နယ္ေျမာက္ပိုင္းကမ္းေျခႏွင့္ အေနာက္ဘဂၤလားျပည္နယ္ကမ္းေျခတို႔တြင္ ျဖစ္ေပၚခဲ့ေသာ ေလဖိ အားနည္းရပ္ဝန္းသည္ အိႏၵိယႏိုင္ငံ၊ ဩရိႆျပည္နယ္ေျမာက္ပိုင္းကမ္းေျခကို ဝင္ေရာက္ခဲ့ၿပီး ျဖစ္ပါသည္။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤ လားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားနည္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားေကာင္းေနပါသည္။

ယေန႔နံနက္(၀၉:၃၀)နာရီအခ်ိန္ထိမိုးေလဝသတိုင္းထြာခ်က္အက်ဥ္းခ်ဳပ္။ လြန္ခဲ့ေသာ(၂၄)နာရီအတြင္းက တနသၤာရီတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တို႔တြင္ ေနရာကြက္က်ား၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္းႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔တြင္ ေနရာက်ဲက်ဲ၊ မေကြးတိုင္းေဒသႀကီးႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာခဲ့ၿပီး၊ ရခိုင္ျပည္နယ္တြင္ ေဒသအလိုက္ မိုးႀကီးခဲ့ပါသည္။

မွတ္သားဖြယ္ရာ မိုးေရခ်ိန္မ်ားမွာ ေမာင္ေတာၿမိဳ႕တြင္ (၆.၁၀)လက္မ၊ စစ္ေတြၿမိဳ႕တြင္ (၅.၂၈) လက္မ၊ ေက်ာက္ေတာ္ၿမိဳ႕တြင္ (၃.၉၀) လက္မ၊ ေက်ာက္ျဖဴၿမိဳ႕တြင္ (၃.၀၄)လက္မ၊ ေျမာက္ဦးၿမိဳ႕တြင္ (၂.၉၅)လက္မ၊ ငါးသိုင္းေခ်ာင္းၿမိဳ႕တြင္ (၂.၆၄)လက္မ၊ တမူးၿမိဳ႕တြင္ (၂.၅၂)လက္မ၊ မာန္ေအာင္ၿမိဳ႕တြင္ (၂.၄၈)လက္မ၊ ဟားခါးၿမိဳ႕ႏွင့္ ပလက္ဝၿမိဳ႕တို႔တြင္ (၂.၄၀)လက္မစီ၊ လပြတၱာၿမိဳ႕ တြင္ (၂.၁၇)လက္မ၊ ပုသိမ္ၿမိဳ႕တြင္ (၂.၁၃)လက္မ၊ တီးတိန္ၿမိဳ႕တြင္ (၂.၀၉)လက္မႏွင့္ သံတြဲၿမိဳ႕တြင္ (၂.၀၅)လက္မတို႔ ျဖစ္ၾကပါသည္။

မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္း ေဒသႀကီးႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တို႔တြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေနရာ စိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ရခိုင္ျပည္နယ္တြင္ ေဒသအလိုက္ႏွင့္ ခ်င္းျပည္ နယ္တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၃၅)မိုင္မွ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္း လြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၂)ေပခန္႔ႏွင့္ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္ လယ္ျပင္တို႔တြင္ (၅)ေပမွ (၇)ေပခန္႔ ရွိႏိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္မွာ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုးပိုလာႏိုင္ပါသည္။

REF: မိုး/ဇလ

UNICODE

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိ အားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေကို ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂ လားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခဲ့ပါသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မောင်တောမြို့တွင် (၆.၁၀)လက်မ၊ စစ်တွေမြို့တွင် (၅.၂၈) လက်မ၊ ကျောက်တော်မြို့တွင် (၃.၉၀) လက်မ၊ ကျောက်ဖြူမြို့တွင် (၃.၀၄)လက်မ၊ မြောက်ဦးမြို့တွင် (၂.၉၅)လက်မ၊ ငါးသိုင်းချောင်းမြို့တွင် (၂.၆၄)လက်မ၊ တမူးမြို့တွင် (၂.၅၂)လက်မ၊ မာန်အောင်မြို့တွင် (၂.၄၈)လက်မ၊ ဟားခါးမြို့နှင့် ပလက်ဝမြို့တို့တွင် (၂.၄၀)လက်မစီ၊ လပွတ္တာမြို့ တွင် (၂.၁၇)လက်မ၊ ပုသိမ်မြို့တွင် (၂.၁၃)လက်မ၊ တီးတိန်မြို့တွင် (၂.၀၉)လက်မနှင့် သံတွဲမြို့တွင် (၂.၀၅)လက်မတို့ ဖြစ်ကြပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် ချင်းပြည် နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

REF:  မိုး/ဇလ

Add a Comment

Your email address will not be published. Required fields are marked *