ေ႐ြးေကာက္ပြဲတြင္ အမတ္ျဖစ္ေရးကိုသာ စဥ္းစားမေနပဲ တိုင္းျပည္ၿငိမ္းခ်မ္းေရးကိစၥ ျပည္သူထံတင္ျပေပးဖို႔ UPDJCဒု-ဥကၠဌေျပာၿပီ

ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ကို သမၼတဦးသိန္းစိန္ လက္ထက္က စတင္ခဲ့ေသာ္လည္း ယေန႔ အထိ တိုင္းျပည္ လူထုပါဝင္မႈ ႏိုင္ငံေရးပါတီမ်ား၏ အခန္းက႑ကိုၾကည့္မည္ဆိုပါက အားရသင့္သေလာက္ အားရမႈမရွိေၾကာင္းလည္း UPDJC ဒုတိယဥကၠဌ ျဖစ္သူ ေဒါက္တာဆလိုင္းလ်န္ မႈန္းဆာေခါင္းကေျပာဆိုခဲ့သည္။ေ႐ြးေကာက္ပြဲမ်ားသည္ တစ္ႀကိမ္တစ္ခါ က်င္းပ႐ုံမွ်ျဖင့္ ဒီမိုကေရစီစနစ္သည္ ရင့္က်က္ႏိုင္မည္ မဟုတ္ပဲ ေတာင္ကိုးရီးယား ႏိုင္ငံ၏ အေတြ႕အႀကဳံအရ ၾကည့္မည္ ဆိုပါက ၅ ႀကိမ္ေလာက္ ျပဳလုပ္ၿပီးမွသာ ဒီမိုကေရစီ စနစ္သည္ ခိုင္မာမည္ျဖစ္ ေၾကာင္း ေျပာၾကားခဲ့သည္။

ထိုသို႔ ဒီမိုကေရစီ စနစ္ခိုင္မာႏိုင္ေရးသည္ တိုင္းရင္းသားလက္နက္ကိုင္မ်ားအေနျဖင့္ ျပည္သူ လူထုႏွင့္ထိေတြ႕ မႈတြင္ တိုက္႐ိုက္ပါဝင္ေန ေၾကာင္း ေဒါက္တာဆလိုင္းလ်န္းမႈန္းဆာေခါင္း ကေျပာၾကားခဲ့သည္။ လာမည့္ အေထြေထြ ေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္ၿပီးပါကလည္း တက္လာသည့္ မည္သည့္ အစိုးရမဆို စတုတၳအႀကိမ္ေျမာက္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၂၁ ရာစုပင္လုံတြင္ ခ်ဳပ္ ဆိုသည့္ ျပည္ ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ ကို ၂၀၂၀ အလြန္တြင္ ၿငိမ္းခ်မ္းေရးကို ဆက္လက္ေဆာင္႐ြက္ရမည္ဆိုသည့္ က႑ပါဝင္ေန သည့္အတြက္ ဆက္လက္ အေကာင္အထည္ေဖာ္ႏိုင္ေရးကို ဝိုင္းဝန္းႀကိဳးစားၾကရန္ လည္း ေျပာၾကားခဲ့သည္။

ေ႐ြးေကာက္ပြဲတြင္ အမတ္ျဖစ္ေရး ကိုသာ စဥ္းစားမေနပဲ ၿငိမ္းခ်မ္းေရး သည္ အေရးႀကီးေၾကာင္းကို ျပည္သူလူထု ထံ တင္ျပေပးဖို႔ ေဒါက္ တာဆလိုင္းလ်န္မႈန္းဆာေခါင္းက ေမတၱာရပ္ခံ ေျပာၾကားလိုက္သည္။ၾသဂုတ္လ ၂၀ ရက္က ေနျပည္ေတာ္ရွိ MICC – 1 တြင္ က်င္းပျပဳ လုပ္ခဲ့သည့္ ၂၀ ႀကိမ္ေျမာက္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC) အေဝး နိဂုံးခ်ဳပ္ အမွာစကားေျပာၾကား ရာတြင္ ေဒါက္တာဆလိုင္းလ်န္းမႈန္းဆာေခါင္းက ထိုသို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

CRD: THE FIFTH WAVE NEWS

UNICODE

ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သမ္မတဦးသိန်းစိန် လက်ထက်က စတင်ခဲ့သော်လည်း ယနေ့ အထိ တိုင်းပြည် လူထုပါဝင်မှု နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကိုကြည့်မည်ဆိုပါက အားရသင့်သလောက် အားရမှုမရှိကြောင်းလည်း UPDJC ဒုတိယဥက္ကဌ ဖြစ်သူ ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းကပြောဆိုခဲ့သည်။ရွေးကောက်ပွဲများသည် တစ်ကြိမ်တစ်ခါ ကျင်းပရုံမျှဖြင့် ဒီမိုကရေစီစနစ်သည် ရင့်ကျက်နိုင်မည် မဟုတ်ပဲ တောင်ကိုးရီးယား နိုင်ငံ၏ အတွေ့အကြုံအရ ကြည့်မည် ဆိုပါက ၅ ကြိမ်လောက် ပြုလုပ်ပြီးမှသာ ဒီမိုကရေစီ စနစ်သည် ခိုင်မာမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ ဒီမိုကရေစီ စနစ်ခိုင်မာနိုင်ရေးသည် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ပြည်သူ လူထုနှင့်ထိတွေ့ မှုတွင် တိုက်ရိုက်ပါဝင်နေ ကြောင်း ဒေါက်တာဆလိုင်းလျန်းမှုန်းဆာခေါင်း ကပြောကြားခဲ့သည်။ လာမည့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးပါကလည်း တက်လာသည့် မည်သည့် အစိုးရမဆို စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံတွင် ချုပ် ဆိုသည့် ပြည် ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်ရမည်ဆိုသည့် ကဏ္ဍပါဝင်နေ သည့်အတွက် ဆက်လက် အကောင်အထည်ဖော်နိုင်ရေးကို ဝိုင်းဝန်းကြိုးစားကြရန် လည်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် အမတ်ဖြစ်ရေး ကိုသာ စဉ်းစားမနေပဲ ငြိမ်းချမ်းရေး သည် အရေးကြီးကြောင်းကို ပြည်သူလူထု ထံ တင်ပြပေးဖို့ ဒေါက် တာဆလိုင်းလျန်မှုန်းဆာခေါင်းက မေတ္တာရပ်ခံ ပြောကြားလိုက်သည်။သြဂုတ်လ ၂၀ ရက်က နေပြည်တော်ရှိ MICC – 1 တွင် ကျင်းပပြု လုပ်ခဲ့သည့် ၂၀ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဝေး နိဂုံးချုပ် အမှာစကားပြောကြား ရာတွင် ဒေါက်တာဆလိုင်းလျန်းမှုန်းဆာခေါင်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

CRD:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *