အထူးသတိပြုကြပါ ခရီးသွားရာဇဝင်မရှိ ထိတွေ့မှုမရှိပဲ ကိုဗစ်အတည်ပြုလူနာ(၁၀) ဦး ထပ်တွေ့





REF: MINISTRY OF HEALTH

UNICODE

(၂၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာမှုများ အနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန် ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁,၀၉၆) ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၆၀) ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၇၉) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာ ဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၇၆) ခု၊ စုစုပေါင်း (၁,၆၁၁) ခုအား စစ်ဆေးခဲ့ပါသည်။

(၂၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL ) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၈၁၁) ခုအား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦး တွေ့ ရှိပါသည်။

(၂၁-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၀၉) ဦးရှိပြီ ဖြစ်ပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *