ကိုဗစ္အႏၲရာယ္ေၾကာင့္ ရခိုင္ျပည္နယ္မွ အျခားေဒသ မ်ားသို႔ ေျပးဆြဲ ေနတဲ့ ေရယာဥ္နဲ႔ ေမာ္ေတာ္ယာဥ္မ်ား ကို အကန႔္အသတ္ မရွိ ပိတ္သိမ္း

စစ္ေတြ-ရန္ကုန္ေျပးဆြဲ ေနတဲ့ ခရီးသည္တင္ယာဥ္ေတြက မနက္ျဖန္ကေနစၿပီး ေျပးဆြဲမႈကို ယာယီပိတ္လိုက္ပါၿပီ။ ဘယ္ေန႔ ျပန္ေျပး ဆြဲမလဲမသိရေသးဘူး။ ဒါေပမဲ့ ဒီေန႔မနက္မွာေတာ့ ကြၽန္ေတာ္တို႔ခရီးသည္တင္ယာဥ္ ထြက္သြားတယ္။ အျခားယာဥ္လိုင္းက ယာဥ္ေတြ လည္း ထြက္သြားတာ ေတြ႕ရတယ္” ဟု ေျမာက္ဦးၿမိဳ႕ေန ခရီးသည္တင္ယာဥ္လိုင္းတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ရခိုင္ ျပည္နယ္မွ အျခား ျပည္နယ္ႏွင့္ တိုင္းမ်ားသို႔ ေျပးဆြဲေနသည့္ ယာဥ္လိုင္းမ်ားႏွင့္ ျပည္နယ္တြင္း ေျပးဆြဲေနသည့္ ေရယာဥ္လိုင္းမ်ား အကန႔္အသတ္မရွိ ပိတ္သိမ္း ထားေၾကာင္း ေဒသခံမ်ားထံမွ သိရပါတယ္။ရခိုင္ျပည္နယ္ ေဒသတြင္း ေျပးဆြဲေနသည့္ ေရယာဥ္လိုင္း ႏွစ္ ခုရွိၿပီး COVID-19 ေတြ႕ရွိၿပီးေနာက္ပိုင္း တြင္ ယင္းေရယာဥ္လိုင္းႏွစ္ခု စလုံးေျပးဆြဲ ျခင္းကို ရပ္နားထားေၾကာင္း ေျမာက္ဦးၿမိဳ႕ေဒသခံ ကိုဖိုးခ်ိဳက ေျပာၾကားပါတယ္။

“အရင္ကေတာ့ ေျမာက္ဦး- စစ္ေတြ ေရယာဥ္လိုင္းႏွစ္ခုရွိတယ္။ ေအာင္ေက်ာ္မိုးနဲ႔ ေ႐ႊျပည္တန္ေပ့ါ။ ေ႐ႊျပည္တန ေကေတာ့ ရွပ္ေျပးအျမန္ေရယာဥ္ေပါ့။ ေအာင္ေက်ာ္မိုး ကေတာ့ ေျပးမဆြဲ တာၾကာၿပီ။ လက္ရွိမွာေတာ့ ေ႐ႊျပည္တန္ရွပ္ေျပး ယာဥ္တစ္ခုဘဲ ေျပးဆြဲေနတယ္။ အဲဒီေရယာဥ္ ကလည္း မနက္ျဖန္ ကေနစၿပီး ေျမာက္ဦး-စစ္ေတြေျပးဆြဲေနတာကို ယာယီရပ္လိုက္ၿပီးလိုသိရတယ္။ မေန႔ညေနက ေျမာက္ဦးကိုေရာက္တဲ့ ေ႐ႊျပည္တန္ ေရယာဥ္ကေတာ့ ဒီမနက္မွာျပန္ထြက္သြားပါတယ္။

ကိုဗစ္ေရာဂါေတြ႕တဲ့သူရဲ႕အိမ္နဲ႔ အိမ္ပတ္ဝန္းက်င္ကိုလည္း လက္ရွိမွာ ေလာ့ေဒါင္း ခ်ထားတယ္” ဟု ေျမာက္ဦးၿမိဳ႕ေန ေဒသခံကိုဖိုးခ်ိဳက ေျပာၾကားပါတယ္။ထို႔ျပင္ ရခိုင္ျပည္နယ္ စစ္ေတြမွ ရန္ကုန္ ၿမိဳ႕သို႔ ေျပးဆြဲေနသည့္ယာဥ္ လိုင္းအခ်ိဳ႕ကိုလည္း အကန႔္အသတ္မရွိ ရပ္နား ထားေၾကာင္း သိရပါတယ္။

REF: SHWE WIKI

UNICODE

စစ်တွေ-ရန်ကုန်ပြေးဆွဲ နေတဲ့ ခရီးသည်တင်ယာဉ်တွေက မနက်ဖြန်ကနေစပြီး ပြေးဆွဲမှုကို ယာယီပိတ်လိုက်ပါပြီ။ ဘယ်နေ့ ပြန်ပြေး ဆွဲမလဲမသိရသေးဘူး။ ဒါပေမဲ့ ဒီနေ့မနက်မှာတော့ ကျွန်တော်တို့ခရီးသည်တင်ယာဉ် ထွက်သွားတယ်။ အခြားယာဉ်လိုင်းက ယာဉ်တွေ လည်း ထွက်သွားတာ တွေ့ရတယ်” ဟု မြောက်ဦးမြို့နေ ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ရခိုင် ပြည်နယ်မှ အခြား ပြည်နယ်နှင့် တိုင်းများသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများနှင့် ပြည်နယ်တွင်း ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများ အကန့်အသတ်မရှိ ပိတ်သိမ်း ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ရခိုင်ပြည်နယ် ဒေသတွင်း ပြေးဆွဲနေသည့် ရေယာဉ်လိုင်း နှစ် ခုရှိပြီး COVID-19 တွေ့ရှိပြီးနောက်ပိုင်း တွင် ယင်းရေယာဉ်လိုင်းနှစ်ခု စလုံးပြေးဆွဲ ခြင်းကို ရပ်နားထားကြောင်း မြောက်ဦးမြို့ဒေသခံ ကိုဖိုးချိုက ပြောကြားပါတယ်။

“အရင်ကတော့ မြောက်ဦး- စစ်တွေ ရေယာဉ်လိုင်းနှစ်ခုရှိတယ်။ အောင်ကျော်မိုးနဲ့ ရွှေပြည်တန်ပေ့ါ။ ရွှေပြည်တန ကေတော့ ရှပ်ပြေးအမြန်ရေယာဉ်ပေါ့။ အောင်ကျော်မိုး ကတော့ ပြေးမဆွဲ တာကြာပြီ။ လက်ရှိမှာတော့ ရွှေပြည်တန်ရှပ်ပြေး ယာဉ်တစ်ခုဘဲ ပြေးဆွဲနေတယ်။ အဲဒီရေယာဉ် ကလည်း မနက်ဖြန် ကနေစပြီး မြောက်ဦး-စစ်တွေပြေးဆွဲနေတာကို ယာယီရပ်လိုက်ပြီးလိုသိရတယ်။ မနေ့ညနေက မြောက်ဦးကိုရောက်တဲ့ ရွှေပြည်တန် ရေယာဉ်ကတော့ ဒီမနက်မှာပြန်ထွက်သွားပါတယ်။

ကိုဗစ်ရောဂါတွေ့တဲ့သူရဲ့အိမ်နဲ့ အိမ်ပတ်ဝန်းကျင်ကိုလည်း လက်ရှိမှာ လော့ဒေါင်း ချထားတယ်” ဟု မြောက်ဦးမြို့နေ ဒေသခံကိုဖိုးချိုက ပြောကြားပါတယ်။ထို့ပြင် ရခိုင်ပြည်နယ် စစ်တွေမှ ရန်ကုန် မြို့သို့ ပြေးဆွဲနေသည့်ယာဉ် လိုင်းအချို့ကိုလည်း အကန့်အသတ်မရှိ ရပ်နား ထားကြောင်း သိရပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *