စစ္ေတြၿမိဳ႕အား အိမ္မွာေနထိုင္ျခင္း Stay Homeနဲ႔ မရရင္ Lockdownျပဳလုပ္မည္ဟု က်န္းမာေရးဝန္ႀကီးက ေျပာၿပီ

ရခိုင္ျပည္နယ္အတြင္းမွ ကိုဗစ္-၁၉ သံသယလူနာမ်ား ဓာတ္ခြဲ စစ္ေဆးျခင္းကို စစ္ေတြ၌ပင္ စစ္ေဆးႏိုင္ရန္ ဓာတ္ခြဲ ပညာရွင္မ်ား၊ ေမ့ ေဆး ဆရာဝန္မ်ား ပို႔လႊတ္ျခင္း၊ အသက္ရႈစက္မ်ား ပို႔ေဆာင္ျခင္းတို႔ကို လုပ္ေဆာင္ၿပီး ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ဆက္လက္ ေျပာဆိုသည္။

လက္ရွိအခ်ိန္တြင္ စစ္ေတြၿမိဳ႕သို႔ ကယ္ဆယ္ေရး ေလယာဥ္မ်ား ပ်ံသန္းမည္ ျဖစ္ေသာ္လည္း ခရီးသည္တင္ ေလေၾကာင္းလိုင္းမ်ား ရပ္ နားျခင္း၊ စစ္ေတြၿမိဳ႕မွ ျပန္လာသူမ်ားအား အသြားအလာ ကန္႔သတ္ျခင္း၊ ႏွာေခါင္းတို႔ဖတ္၊ အာေခါင္တို႔ဖတ္ ရယူကာ ဓာတ္ခြဲ စစ္ေဆး ျခင္းမ်ားကို လုပ္ေဆာင္လ်က္ ရွိေၾကာင္း သိရွိရသည္။

ရခိုင္မွာလည္း စစ္လို႔ရေအာင္ GeneXpert စက္တစ္လုံး ရွိတာကေန ေနာက္တစ္လုံး ထည့္လိုက္တယ္ စက္ (၂) လုံးျဖစ္ၿပီ။ ေနာက္ၿပီး Microbiologist (အဏုဇီဝေဗဒပညာရွင္) ေတြကိုလည္း အဲဒီကို ပို႔လိုက္တယ္ေလ။ ေနာက္ဒီေန႔ပဲ ေမ့ေဆးဆရာဝန္ (၃) ေယာက္ကို ပို႔လိုက္တယ္ သူတို႔က Volunteer (ေစတနာ့ဝန္ထမ္း) လုပ္တာ ၊ ကိုယ္တိုင္သြားမယ္တဲ့။

အကယ္၍ မေတာ္လို႔ Ventilator (အသက္႐ူစက္) သုံးဖို႔လိုတယ္ဆိုရင္လည္း Ventilator သုံးလို႔ရေအာင္ေပါ့” ဟု ေဒါက္တာ ျမင့္ေထြး က ေျပာၾကားခဲ့သည္။တစ္ပတ္အတြင္း အတည္ျပဳလူနာ (၄၅) ဦးအထိ ရွိလာေသာ စစ္ေတြၿမိဳ႕အား လက္ရွိ မိမိအိမ္တြင္ ေနထိုင္ျခင္း (Stay Home) ျဖင့္ ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိပါက Lockdown ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ေဒါက္တာ ျမင့္ေထြးက ေျပာဆိုသည္။

အခု Stay Home (အိမ္မွာ အဓိက ေနတာ) နဲ႔ ႏိုင္ရင္ႏိုင္၊ မရရင္ က်ေနာ္တို႔ လုပ္ရမယ္၊ Second Stage (ဒုတိယအဆင့္)ေပါ့။ ဒါေပမယ့္ ဒီအခ်ိန္မွာ က်ေနာ္တို႔ မေလွ်ာ့ဘူး ခင္ဗ်” ဟု ျပည္ေထာင္စု ဝန္ႀကီးက ေျပာဆိုသည္။

CRD: THE LIFESTYLE MYANMAR

UNICODE

ရခိုင်ပြည်နယ်အတွင်းမှ ကိုဗစ်-၁၉ သံသယလူနာများ ဓာတ်ခွဲ စစ်ဆေးခြင်းကို စစ်တွေ၌ပင် စစ်ဆေးနိုင်ရန် ဓာတ်ခွဲ ပညာရှင်များ၊ မေ့ ဆေး ဆရာဝန်များ ပို့လွှတ်ခြင်း၊ အသက်ရှုစက်များ ပို့ဆောင်ခြင်းတို့ကို လုပ်ဆောင်ပြီး ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဆက်လက် ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်တွေမြို့သို့ ကယ်ဆယ်ရေး လေယာဉ်များ ပျံသန်းမည် ဖြစ်သော်လည်း ခရီးသည်တင် လေကြောင်းလိုင်းများ ရပ် နားခြင်း၊ စစ်တွေမြို့မှ ပြန်လာသူများအား အသွားအလာ ကန့်သတ်ခြင်း၊ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူကာ ဓာတ်ခွဲ စစ်ဆေး ခြင်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

ရခိုင်မှာလည်း စစ်လို့ရအောင် GeneXpert စက်တစ်လုံး ရှိတာကနေ နောက်တစ်လုံး ထည့်လိုက်တယ် စက် (၂) လုံးဖြစ်ပြီ။ နောက်ပြီး Microbiologist (အဏုဇီဝဗေဒပညာရှင်) တွေကိုလည်း အဲဒီကို ပို့လိုက်တယ်လေ။ နောက်ဒီနေ့ပဲ မေ့ဆေးဆရာဝန် (၃) ယောက်ကို ပို့လိုက်တယ် သူတို့က Volunteer (စေတနာ့ဝန်ထမ်း) လုပ်တာ ၊ ကိုယ်တိုင်သွားမယ်တဲ့။

အကယ်၍ မတော်လို့ Ventilator (အသက်ရူစက်) သုံးဖို့လိုတယ်ဆိုရင်လည်း Ventilator သုံးလို့ရအောင်ပေါ့” ဟု ဒေါက်တာ မြင့်ထွေး က ပြောကြားခဲ့သည်။တစ်ပတ်အတွင်း အတည်ပြုလူနာ (၄၅) ဦးအထိ ရှိလာသော စစ်တွေမြို့အား လက်ရှိ မိမိအိမ်တွင် နေထိုင်ခြင်း (Stay Home) ဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိပါက Lockdown ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မြင့်ထွေးက ပြောဆိုသည်။

အခု Stay Home (အိမ်မှာ အဓိက နေတာ) နဲ့ နိုင်ရင်နိုင်၊ မရရင် ကျနော်တို့ လုပ်ရမယ်၊ Second Stage (ဒုတိယအဆင့်)ပေါ့။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တို့ မလျှော့ဘူး ခင်ဗျ” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောဆိုသည်။

CRD:   THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *