စစ္ေတြၿမိဳ႕ ႐ိုးမဘဏ္မွ ဝန္ထမ္း(၁)ဦး COVID-19 ကူးစက္ခံထားရၿပီး ဘဏ္ကိုယာယီပိတ္သိမ္း

က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္သည့္ ကိုဗစ္-၁၉ လူနာအမွတ္ ၄၁၁ သည္ စစ္ေတြ႐ိုးမဘဏ္မွျဖစ္ၿပီး ပိုးေတြ႕လူနာအျဖစ္ အတည္ျပဳ ခဲ့ၿပီးျဖစ္သည့္အတြက္ ယခု အခါ ေဆးကုသမႈခံယူေနၿပီး ၎ႏွင့္ထိေတြ႕ခဲ့သည့္ ဝန္ထမ္း ၂၈ ေယာက္ကိုလည္း အသြားအလာ ကန႔္သတ္မႈ မ်ား ျပဳလုပ္ထားသည္။ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ ႐ိုးမဘဏ္ခြဲတစ္ခုမွ ဝန္ထမ္း(၁)ဦးသည္ COVID-19 ေရာဂါကူးစက္ခံထားရေၾကာင္း ႐ိုးမဘဏ္က ထုတ္ျပန္ေၾကျငာ လိုက္သည္။

စစ္ေတြဘဏ္ခြဲကို ပိတ္ထားစဥ္မွာ Customers ေတြကို အေကာင္းဆုံးဝန္ေဆာင္မႈေပးႏိုင္ဖို႔ ေဆာင္႐ြက္လ်က္ရွိပါတယ္။ Customers ေတြနဲ႔ ႐ိုးမဘဏ္ဝန္ထမ္းေတြ ေဘးကင္းလုံၿခဳံေစဖို႔ လုံၿခဳံေရးဆိုင္ရာ လမ္းၫႊန္ခ်က္ေတြနဲ႔အညီ ေရာဂါကာကြယ္တားဆီးေရး လုပ္ငန္းစဥ္ မ်ားကို ေဆာင္႐ြက္လ်က္ရွိပါတယ္”ဟု ႐ိုးမဘဏ္၏ CEO ျဖစ္သူ Mr. Dean Cleland က ေျပာဆိုသည္။စစ္ေတြၿမိဳ႕တြင္ COVID-19 ေရာ ဂါကူးစက္ခံရသူ ၁၀ ဦးရွိေၾကာင္း ဩဂုတ္လ ၂၁ ရက္ေန႔ ည ၈ နာရီအခ်ိန္က က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့သည္။

ယင္းတို႔အထဲတြင္ ႐ိုးမဘဏ္ဝန္ထမ္းဦး ပါဝင္ခဲ့ျခင္းျဖစ္သည္။၎သည္လူနာအမွတ္ ၄၁၁ ျဖစ္ၿပီး ျပည္ပခရီးသြားရာဇဝင္မရွိသကဲ့သို႔ အ တည္ျပဳလူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူလည္းမဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိခဲ့ၿပီး ၎မွာ စစ္ေတြၿမိဳ႕ ေျမာက္႐ူပါရပ္ကြက္ရွိ ႐ိုးဘဏ္ ခြဲတြင္ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းတစ္ဦးျဖစ္သည့္အတြက္ အဆိုပါဝန္ထမ္းတာဝန္ထမ္းေဆာင္ေနသည့္ စစ္ေတြဘဏ္ခြဲကို ပိုးသတ္သန႔္စင္မႈမ်ားျပဳလုပ္ရန္ ယာယီပိတ္ထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

စစ္ေတြဘဏ္ခြဲမွအပ ျမန္မာတစ္ႏိုင္ငံလုံးရွိ ႐ိုးမဘဏ္ခြဲအားလုံးကို ပုံမွန္ဘဏ္ဖြင့္ခ်ိန္အတိုင္း ဖြင့္လွစ္မည္ျဖစ္ၿပီး Customers မ်ား၊ ဝန္ ထမ္းမ်ား၊ မိတ္ဖက္မ်ား၏ လုံၿခဳံေရးကို ေသခ်ာေစရန္ ႐ိုးမဘဏ္အေနႏွင့္ လက္ရွိအေျခအေနကို အနီးကပ္ေစာင့္ၾကည့္လ်က္ရွိသည္ဟု ထုတ္ျပန္ထားသည္။

REF: THE VOICE

UNICODE

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုဗစ်-၁၉ လူနာအမှတ် ၄၁၁ သည် စစ်တွေရိုးမဘဏ်မှဖြစ်ပြီး ပိုးတွေ့လူနာအဖြစ် အတည်ပြု ခဲ့ပြီးဖြစ်သည့်အတွက် ယခု အခါ ဆေးကုသမှုခံယူနေပြီး ၎င်းနှင့်ထိတွေ့ခဲ့သည့် ဝန်ထမ်း ၂၈ ယောက်ကိုလည်း အသွားအလာ ကန့်သတ်မှု များ ပြုလုပ်ထားသည်။ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရိုးမဘဏ်ခွဲတစ်ခုမှ ဝန်ထမ်း(၁)ဦးသည် COVID-19 ရောဂါကူးစက်ခံထားရကြောင်း ရိုးမဘဏ်က ထုတ်ပြန်ကြေငြာ လိုက်သည်။

စစ်တွေဘဏ်ခွဲကို ပိတ်ထားစဉ်မှာ Customers တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ Customers တွေနဲ့ ရိုးမဘဏ်ဝန်ထမ်းတွေ ဘေးကင်းလုံခြုံစေဖို့ လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းစဉ် များကို ဆောင်ရွက်လျက်ရှိပါတယ်”ဟု ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland က ပြောဆိုသည်။စစ်တွေမြို့တွင် COVID-19 ရော ဂါကူးစက်ခံရသူ ၁၀ ဦးရှိကြောင်း ဩဂုတ်လ ၂၁ ရက်နေ့ ည ၈ နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းတို့အထဲတွင် ရိုးမဘဏ်ဝန်ထမ်းဦး ပါဝင်ခဲ့ခြင်းဖြစ်သည်။၎င်းသည်လူနာအမှတ် ၄၁၁ ဖြစ်ပြီး ပြည်ပခရီးသွားရာဇဝင်မရှိသကဲ့သို့  အ တည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူလည်းမဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိခဲ့ပြီး ၎င်းမှာ စစ်တွေမြို့ မြောက်ရူပါရပ်ကွက်ရှိ ရိုးဘဏ် ခွဲတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် အဆိုပါဝန်ထမ်းတာဝန်ထမ်းဆောင်နေသည့် စစ်တွေဘဏ်ခွဲကို ပိုးသတ်သန့်စင်မှုများပြုလုပ်ရန် ယာယီပိတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တွေဘဏ်ခွဲမှအပ မြန်မာတစ်နိုင်ငံလုံးရှိ ရိုးမဘဏ်ခွဲအားလုံးကို ပုံမှန်ဘဏ်ဖွင့်ချိန်အတိုင်း ဖွင့်လှစ်မည်ဖြစ်ပြီး Customers များ၊ ဝန် ထမ်းများ၊ မိတ်ဖက်များ၏ လုံခြုံရေးကို သေချာစေရန် ရိုးမဘဏ်အနေနှင့် လက်ရှိအခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

REF:   THE  VOICE

Add a Comment

Your email address will not be published. Required fields are marked *