တ႐ုတ္၏ စိုးရိမ္ေရမွတ္ေရာက္ေနေသာ THREE GORGES ဆည္ က်ိဳးေပါက္ ပါက လူေပါင္း သန္း (၄၀၀) ေဘးေတြ႕ႏိုင္ေၾကာင္း သိရ

ၿပီးခဲ့သည့္လ တ႐ုတ္ႏိုင္ငံက ေရႀကီးမႈအတြင္း Three Gorges ဆည္ႀကီး ဆည္ေရ ျမင့္တက္ခ်ိန္က ဆည္သည္ ႐ႊဲ႕ေစာင္းသြားရျခင္း သို႔မ ဟုတ္ က်ိဳးေပါက္ျခင္းမ်ား ျဖစ္မည့္ ေဘးမရွိေၾကာင္း ဆည္ကို စီမံခန႔္ခြဲေနသူမ်ားက တ႐ုတ္ကြန္ျမဴနစ္ပါတီ အာေဘာ္ Global Times သ တင္းသို႔ ေျပာသည္။သို႔ေသာ္ ယင္း ဆည္ႀကီးသာ က်ိဳးေပါက္ခဲ့ပါက ရွန္ဟိုင္းႏွင့္ အျခားေသာ ၿမိဳ႕မ်ား ေရလႊမ္းမိုး သြားမည္ ျဖစ္ၿပီး ေရစုန္ တြင္ ေနထိုငေသာ လူေပါင္း သန္း ၄၀၀ ေက်ာ္ ေဘးေတြ႕မည္ ျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံ၏ Three Gorges ဆည္ႀကီး သို႔ ေရစီးဝင္မႈ တျဖည္းျဖည္း က်ဆင္းေသာ္ လည္း ေသာၾကာေန႔တြင္ ဆည္ေရမ်က္ႏွာျပင္က စံခ်ိန္တင္ ျမင့္တက္ေနသည္။ထို႔အတြက္ေၾကာင့္ ေဒသခံေပါင္း သန္း ၄၀၀ အတြက္ ေဘးအႏၲရာယ္ က်ေရာက္ေစမည့္ ဆည္က်ိဳးက်မည့္ ျဖစ္ေပၚႏိုင္ေျခအေပၚ စိုးရိမ္ပူပန္မႈမ်ားအား ေျဖသိမ့္ေပးမႈမွာ အနည္း ငယ္သာ ထိေရာက္မႈ ရွိေနေတာ့သည္။ကမာၻ႔အႀကီးဆုံး ေရသိုေလွာင္ ထိန္းခ်ဳပ္မႈမ်ားမွ တစ္ခု ျဖစ္ေသာ ယင္း ဆည္ႀကီး အတြင္း ေရစီးဝင္မႈသည္ ေသာၾကာေန႔က ၅ ရာခိုင္ႏႈန္း က်ဆင္းသြားသည္။

သို႔ရာတြင္ ဆည္ႀကီးအတြင္းမွ ေရေဖာက္ခ်ျခင္းသည္လည္း ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ အကန႔္အသတ္ ရွိေနရာ ဆည္ေရက ျမင့္တက္ လ်က္ ရွိေနဆဲ ျဖစ္သည္။ ယန္ဇီျမစ္ဝွမ္းလြင္ျပင္တစ္ေရာက္ ေနာက္ထပ္ မိုးသည္းထန္စြာ ႐ြာသြန္းမႈ ႏွင့္အတူ စေနေန႔တြင္ စိုးရိမ္ပူပန္မႈ မ်ား ျဖစ္ေပၚခဲ့ၾကရၿပီး အာဏာပိုင္မ်ားက အထူးသတိေပးခ်က္မ်ား ထုတ္ျပန္ထားဆဲပဲ ျဖစ္သည္။မိုး႐ြာသြန္းမႈ စဲသြားေသာ ေဆာင္းရာ သီတြင္ ခရီးေရာက္ေသာ သယ္ယူပို႔ေဆာင္ေရးႏွင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးတို႔အတြက္ ဆည္ႀကီးအတြင္း အမ်ားဆုံး ေရအမွတ္ ၁၇၅ မီတာအထိ သိုေလွာင္စုေဆာင္ႏိုင္ခြင့္ ရွိသည္။

ေႏြကာလမ်ား၌ မိုးဝင္ လာလွ်င္ ေရႀကီးမႈမ်ားကို ပိုမို ထိထိ ေရာက္ေရာက္ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ေရအမွတ္ ၁၄၅ မီတာအထိသာ ကန႔္ သတ္သိုေလွင္ခြင့္ ျပဳျခင္း ျဖစ္သည္။လက္ရွိ ေရအမွတ္မွာ ထိုထက္မ်ားၿပီး ၁၆၆ မီတာ ရွိေနသည္။ဆည္အေပၚ ႀကီးထြားလာေသာ ဖိအား မ်ားေၾကာင့္ က်ိဳးေပါက္လာႏိုင္သည္ ဆိုေသာ ေျပာဆိုမႈမ်ား ရွိလာ ခဲ့ကာ အကယ္၍ ဆည္က်ိဳးေပါက္ခဲ့ပါက အလြန္ဆိုးဝါးေသာ ေနာက္ ဆက္တြဲကို ရင္ဆိုင္ႀကဳံေတြ႕ရလိမ့္မည္ ျဖစ္သည္။

crd : mizzima news

UNICODE

ပြီးခဲ့သည့်လ တရုတ်နိုင်ငံက ရေကြီးမှုအတွင်း Three Gorges ဆည်ကြီး ဆည်ရေ မြင့်တက်ချိန်က ဆည်သည် ရွှဲ့စောင်းသွားရခြင်း သို့မ ဟုတ် ကျိုးပေါက်ခြင်းများ ဖြစ်မည့် ဘေးမရှိကြောင်း ဆည်ကို စီမံခန့်ခွဲနေသူများက တရုတ်ကွန်မြူနစ်ပါတီ အာဘော် Global Times သ တင်းသို့ ပြောသည်။သို့သော် ယင်း ဆည်ကြီးသာ ကျိုးပေါက်ခဲ့ပါက ရှန်ဟိုင်းနှင့် အခြားသော မြို့များ ရေလွှမ်းမိုး သွားမည် ဖြစ်ပြီး ရေစုန် တွင် နေထိုငသော လူပေါင်း သန်း ၄၀၀ ကျော် ဘေးတွေ့မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ Three Gorges ဆည်ကြီး သို့ ရေစီးဝင်မှု တဖြည်းဖြည်း ကျဆင်းသော် လည်း သောကြာနေ့တွင် ဆည်ရေမျက်နှာပြင်က စံချိန်တင် မြင့်တက်နေသည်။ထို့အတွက်ကြောင့် ဒေသခံပေါင်း သန်း ၄၀၀ အတွက် ဘေးအန္တရာယ် ကျရောက်စေမည့် ဆည်ကျိုးကျမည့် ဖြစ်ပေါ်နိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုများအား ဖြေသိမ့်ပေးမှုမှာ အနည်း ငယ်သာ ထိရောက်မှု ရှိနေတော့သည်။ကမ္ဘာ့အကြီးဆုံး ရေသိုလှောင် ထိန်းချုပ်မှုများမှ တစ်ခု ဖြစ်သော ယင်း ဆည်ကြီး အတွင်း ရေစီးဝင်မှုသည် သောကြာနေ့က ၅ ရာခိုင်နှုန်း ကျဆင်းသွားသည်။

သို့ရာတွင် ဆည်ကြီးအတွင်းမှ ရေဖောက်ချခြင်းသည်လည်း ရေကြီးရေလျှံမှုများကြောင့် အကန့်အသတ် ရှိနေရာ ဆည်ရေက မြင့်တက် လျက် ရှိနေဆဲ ဖြစ်သည်။ ယန်ဇီမြစ်ဝှမ်းလွင်ပြင်တစ်ရောက် နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်းမှု နှင့်အတူ စနေနေ့တွင် စိုးရိမ်ပူပန်မှု များ ဖြစ်ပေါ်ခဲ့ကြရပြီး အာဏာပိုင်များက အထူးသတိပေးချက်များ ထုတ်ပြန်ထားဆဲပဲ ဖြစ်သည်။မိုးရွာသွန်းမှု စဲသွားသော ဆောင်းရာ သီတွင် ခရီးရောက်သော သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတို့အတွက် ဆည်ကြီးအတွင်း အများဆုံး ရေအမှတ် ၁၇၅ မီတာအထိ သိုလှောင်စုဆောင်နိုင်ခွင့် ရှိသည်။

နွေကာလများ၌ မိုးဝင် လာလျှင် ရေကြီးမှုများကို ပိုမို ထိထိ ရောက်ရောက် ထိန်းချုပ်နိုင်ရေးအတွက် ရေအမှတ် ၁၄၅ မီတာအထိသာ ကန့် သတ်သိုလှေင်ခွင့် ပြုခြင်း ဖြစ်သည်။လက်ရှိ ရေအမှတ်မှာ ထိုထက်များပြီး ၁၆၆ မီတာ ရှိနေသည်။ဆည်အပေါ် ကြီးထွားလာသော ဖိအား များကြောင့် ကျိုးပေါက်လာနိုင်သည် ဆိုသော ပြောဆိုမှုများ ရှိလာ ခဲ့ကာ အကယ်၍ ဆည်ကျိုးပေါက်ခဲ့ပါက အလွန်ဆိုးဝါးသော နောက် ဆက်တွဲကို ရင်ဆိုင်ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။

crd : mizzima news

Add a Comment

Your email address will not be published. Required fields are marked *