ထူးဆန္းအံ့ဩဖြယ္ရာ အုတ္ဂူဆီ အလည္ ျပန္လာတဲ့ သမီးေလးရဲ႕ ဝိဉာဥ္ကို ဗြီဒီယို မွတ္တမ္းတင္ႏိုင္ ခဲ့တဲ့ မိခင္ (႐ုပ္သံ)
|Saundra ရဲ႕ Facebook ပို႔စ္မွာ “ ကြၽန္မထင္တာ ကေတာ့ သမီးက သူ႔ကို ေကာင္းကင္ဘုံကို ေခၚသြားဖို႔ ရွိေနတာလို႔ ထင္ပါတယ္ … သူတို႔ ႏွစ္ေယာက္ စလုံးမွာ ေၾကာက္စရာဇာတ္လမ္းေတြ ကိုယ္စီရွိခဲ့ၾကၿပီး၊ လက္ရွိအခ်ိန္ထိ တရားမွ်တမႈ မရရွိေသးပါဘူး … ဒါေၾကာင့္ သမီး အေနနဲ႔ ဒီေကာင္ေလးကို ႏွစ္သိမ့္ေပးဖို႔ ဒီမွာရွိ ေနတာလို႔ ထင္ပါတယ္ … ေနာက္ၿပီး သူ႔ကို ေကာင္းကင္ဘုံကို ေခၚသြားမွာပါ ”လို႔ ေျပာပါ တယ္။Faviola ဟာ လြန္ခဲ့တဲ့(၂)ႏွစ္က မိခင္ျဖစ္သူရဲ႕ခ်စ္သူ Lalo Anthony Castrillo ရဲ႕ေစာင့္ေရွာက္မႈေအာက္မွာ ရွိေနစဥ္ ေသဆုံးခဲ့ရ တာပါ။ ေဆးစာအရ ဒဏ္ရာေတြ၊ ထိုးႀကိတ္ ကန္ေက်ာက္ထားတဲ့ အမွတ္ အသားေတြ ေတြ႕ရလို႔ Lalo ကို လူသတ္တရားခံအျဖစ္ စြဲခ်က္ တင္ခဲ့ပါတယ္။
Lalo ဟာ တစ္ႏွစ္အၾကာမွာ ခံဝန္ခ်ဳပ္ နဲ႔ ေခတၱေထာင္က လြတ္လာခဲ့ေပမယ့္၊ သတ္မွတ္ရက္အတိုင္း ေထာင္ကို ျပန္မသြားေတာ့ဘဲ ေျခ ရာေဖ်ာက္သြားခဲ့တာပါ။ေသလြန္ၿပီးသည့္ ေနာက္ ဘာေတြ ဆက္ျဖစ္ၾကသလဲဆိုတဲ့ ေမးခြန္းမွာ မတူညီတဲ့အျမင္ေတြ၊ မတူညီတဲ့ အေတြး အေခၚေတြနဲ႔ အေျဖမ်ိဳးစုံကို သင္ၾကားရႏိုင္ပါတယ္။ ဒီေမးခြန္းဟာ အခုမွ ေပၚေပါက္ခဲ့တာမဟုတ္ဘဲ ေရွးပေဝသဏီကတည္းက လူေတြ အခ်င္းခ်င္းၾကားမွာ ျငင္းခုန္ခဲ့ရတာပါ။ ဘာသာေရးအေျခခံ ေျဖရွင္းခ်က္ေတြ ရွိခဲ့သလို၊ သိပၸံနည္းက် သိပၸံနယ္လြန္ ေျဖရွင္းခ်က္ေတြလည္း ရွိခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္ထိ ဒီေမးခြန္းရဲ႕အေျဖအတြက္ အျငင္းအခုန္ေတြ ရွိေနဆဲပါ။
မိခင္တစ္ေယာက္ကေတာ့ သူမရဲ႕သမီးေလးဟာ ေသလြန္သည့္ေနာက္ ဝိဉာဥ္ဘဝနဲ႔ သူမရဲ႕ကိုယ္ပိုင္အုတ္ဂူဆီကို အလည္ျပန္လာခဲ့တာလို႔ ဗြီဒီယိုသက္ေသအရ တထစ္ခ် ယုံၾကည္ေနပါတယ္။ မွတ္တမ္းဗြီဒီယိုထဲမွာေတာ့ လူပုံစံေလးေတြဟာ တကယ္ကို ထင္ထင္ရွားရွား ျဖစ္ေန တာကို ေတြ႕ရေၾကာင္း Ladbible သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။မိခင္ရဲ႕အမည္ကေတာ့ Saundra Gonzales ျဖစ္ပါတယ္။ သမီးေလး ရဲ႕အမည္မွာ Faviola Rodriguez ျဖစ္ၿပီး၊ လြန္ခဲ့တဲ့ (၂၀၁၈)ခုႏွစ္ စက္တင္ဘာလ တုန္းက ေသဆုံးခဲ့တာပါ။ ေသဆုံးရျခင္းမွာ လူသတ္ခံ ရတဲ့သေဘာမ်ိဳး ျဖစ္ၿပီး၊ Saundra ရဲ႕ခ်စ္သူအသစ္က သတ္ပစ္ခဲ့တာလို႔ ယူဆရပါတယ္။
Faviola ဟာ ေသဆုံးခ်ိန္ မွာ အသက္(၂)ႏွစ္သာရွိပါေသးတယ္။ သူမရဲ႕အေလာင္းကို New Mexico ျပည္နယ္၊ Las Cruces မွာ တည္ရွိတဲ့ Mosanic Cemetery မွာ ျမႇဳပ္ႏွံခဲ့တာပါ။ ကာလအနည္းငယ္ၾကာေတာ့ သခ်ႋဳင္းလုံၿခဳံေရးဟာ မသမာသူေတြေၾကာင့္ စိုးရိမ္လာခဲ့ရပါတယ္ ။ အထူးသျဖင့္ေတာ့ ဂူေတြေရွ႕မွာထားရွိတဲ့ ပစၥည္းပစၥယေတြကို မသမာသူေတြက လာခိုးတာပါ။ဒါေၾကာင့္ CCTV တပ္ဆင္တာမ်ိဳးေတြ လုပ္ခဲ့ရပါတယ္။ Faviola ရဲ႕ အုတ္ဂူနဲ႔အနီးအနားမွာ အသတ္ခံရၿပီးေသဆုံးထားတဲ့ ေကာင္ေလးရဲ႕အုတ္ဂူလည္း တည္ရွိေနပါတယ္။ အဲဒီအုတ္ဂူေပၚမွာ သက္ဆိုင္ရာမိသားစုကလည္း CCTV တပ္ဆင္ ထားပါတယ္။
အဆိုပါေကာင္ေလးကို သတ္တဲ့တရားခံမွာလည္း လြတ္ေျမာက္ေနဆဲပါ။Faviola ရဲ႕ဝိဉာဥ္ကို မွတ္တမ္းတင္ႏိုင္ခဲ့တာ ကေတာ့ ေစာေစာက ေျပာတဲ့ ေကာင္ေလးရဲ႕အုတ္ဂူမွာ တပ္ဆင္ထားတဲ့ CCTV က လွမ္းၿပီး မွတ္တမ္းတင္ ႏိုင္ခဲ့တာပါ။ သခ်ႋဳင္းေစာင့္ အလုပ္သမားေတြက CCTV ေတြကို ျပန္လည္စစ္ေဆးတဲ့အခါ ဗြီဒီယိုထဲမွာေတြ႕တဲ့ ေကာင္မေလးနဲ႔ ေကာင္ေလးကို သိတယ္ဆိုၿပီး၊ ကာယကံရွင္ မိဘေတြကို ေခၚယူခဲ့ပါတယ္။ Faviola ရဲ႕ မိခင္ Saundra နဲ႔ အဖြားျဖစ္သူတို႔ သခ်ႋဳင္းကိုေရာက္လာၿပီး CCTV ကို စစ္ေဆးတဲ့အခါ Saundra က ဒီပုံရိပ္ဟာ သမီးေလးရဲ႕ပုံရိပ္ျဖစ္ေၾကာင္း တထစ္ခ်ေျပာခဲ့ပါတယ္။ ေကာင္မေလးမွာ ဝတ္ဆင္ထားတဲ့အဝတ္အစား၊ ဆံပင္ပုံစံ၊
ဖိနပ္ပုံစံေတြကအစ သူမရဲ႕သမီးဆိုတာ ခ်က္ခ်င္း မွတ္မိတယ္လို႔ ေျပာခဲ့ပါတယ္။ ေဘးမွာရွိတဲ့ ေကာင္ေလးကလည္း ဂူနီးနားခ်င္းက အ သတ္ခံရတဲ့ ေကာင္ေလး ျဖစ္ရမယ္လို႔ သူမက ေျပာပါတယ္။
credit – shwemom
UNICODE
Saundra ရဲ့ Facebook ပို့စ်မှာ “ ကျွန်မထင်တာ ကတော့ သမီးက သူ့ကို ကောင်းကင်ဘုံကို ခေါ်သွားဖို့ ရှိနေတာလို့ ထင်ပါတယ် … သူတို့ နှစ်ယောက် စလုံးမှာ ကြောက်စရာဇာတ်လမ်းတွေ ကိုယ်စီရှိခဲ့ကြပြီး၊ လက်ရှိအချိန်ထိ တရားမျှတမှု မရရှိသေးပါဘူး … ဒါကြောင့် သမီး အနေနဲ့ ဒီကောင်လေးကို နှစ်သိမ့်ပေးဖို့ ဒီမှာရှိ နေတာလို့ ထင်ပါတယ် … နောက်ပြီး သူ့ကို ကောင်းကင်ဘုံကို ခေါ်သွားမှာပါ ”လို့ ပြောပါ တယ်။Faviola ဟာ လွန်ခဲ့တဲ့(၂)နှစ်က မိခင်ဖြစ်သူရဲ့ချစ်သူ Lalo Anthony Castrillo ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေစဉ် သေဆုံးခဲ့ရ တာပါ။ ဆေးစာအရ ဒဏ်ရာတွေ၊ ထိုးကြိတ် ကန်ကျောက်ထားတဲ့ အမှတ် အသားတွေ တွေ့ရလို့ Lalo ကို လူသတ်တရားခံအဖြစ် စွဲချက် တင်ခဲ့ပါတယ်။
Lalo ဟာ တစ်နှစ်အကြာမှာ ခံဝန်ချုပ် နဲ့ ခေတ္တထောင်က လွတ်လာခဲ့ပေမယ့်၊ သတ်မှတ်ရက်အတိုင်း ထောင်ကို ပြန်မသွားတော့ဘဲ ခြေ ရာဖျောက်သွားခဲ့တာပါ။သေလွန်ပြီးသည့် နောက် ဘာတွေ ဆက်ဖြစ်ကြသလဲဆိုတဲ့ မေးခွန်းမှာ မတူညီတဲ့အမြင်တွေ၊ မတူညီတဲ့ အတွေး အခေါ်တွေနဲ့ အဖြေမျိုးစုံကို သင်ကြားရနိုင်ပါတယ်။ ဒီမေးခွန်းဟာ အခုမှ ပေါ်ပေါက်ခဲ့တာမဟုတ်ဘဲ ရှေးပဝေသဏီကတည်းက လူတွေ အချင်းချင်းကြားမှာ ငြင်းခုန်ခဲ့ရတာပါ။ ဘာသာရေးအခြေခံ ဖြေရှင်းချက်တွေ ရှိခဲ့သလို၊ သိပ္ပံနည်းကျ သိပ္ပံနယ်လွန် ဖြေရှင်းချက်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ဒီမေးခွန်းရဲ့အဖြေအတွက် အငြင်းအခုန်တွေ ရှိနေဆဲပါ။
မိခင်တစ်ယောက်ကတော့ သူမရဲ့သမီးလေးဟာ သေလွန်သည့်နောက် ဝိဉာဉ်ဘဝနဲ့ သူမရဲ့ကိုယ်ပိုင်အုတ်ဂူဆီကို အလည်ပြန်လာခဲ့တာလို့ ဗွီဒီယိုသက်သေအရ တထစ်ချ ယုံကြည်နေပါတယ်။ မှတ်တမ်းဗွီဒီယိုထဲမှာတော့ လူပုံစံလေးတွေဟာ တကယ်ကို ထင်ထင်ရှားရှား ဖြစ်နေ တာကို တွေ့ရကြောင်း Ladbible သတင်းဌာနက ဖော်ပြခဲ့ပါတယ်။မိခင်ရဲ့အမည်ကတော့ Saundra Gonzales ဖြစ်ပါတယ်။ သမီးလေး ရဲ့အမည်မှာ Faviola Rodriguez ဖြစ်ပြီး၊ လွန်ခဲ့တဲ့ (၂၀၁၈)ခုနှစ် စက်တင်ဘာလ တုန်းက သေဆုံးခဲ့တာပါ။ သေဆုံးရခြင်းမှာ လူသတ်ခံ ရတဲ့သဘောမျိုး ဖြစ်ပြီး၊ Saundra ရဲ့ချစ်သူအသစ်က သတ်ပစ်ခဲ့တာလို့ ယူဆရပါတယ်။
Faviola ဟာ သေဆုံးချိန် မှာ အသက်(၂)နှစ်သာရှိပါသေးတယ်။ သူမရဲ့အလောင်းကို New Mexico ပြည်နယ်၊ Las Cruces မှာ တည်ရှိတဲ့ Mosanic Cemetery မှာ မြှုပ်နှံခဲ့တာပါ။ ကာလအနည်းငယ်ကြာတော့ သင်္ချိုင်းလုံခြုံရေးဟာ မသမာသူတွေကြောင့် စိုးရိမ်လာခဲ့ရပါတယ် ။ အထူးသဖြင့်တော့ ဂူတွေရှေ့မှာထားရှိတဲ့ ပစ္စည်းပစ္စယတွေကို မသမာသူတွေက လာခိုးတာပါ။ဒါကြောင့် CCTV တပ်ဆင်တာမျိုးတွေ လုပ်ခဲ့ရပါတယ်။ Faviola ရဲ့ အုတ်ဂူနဲ့အနီးအနားမှာ အသတ်ခံရပြီးသေဆုံးထားတဲ့ ကောင်လေးရဲ့အုတ်ဂူလည်း တည်ရှိနေပါတယ်။ အဲဒီအုတ်ဂူပေါ်မှာ သက်ဆိုင်ရာမိသားစုကလည်း CCTV တပ်ဆင် ထားပါတယ်။
အဆိုပါကောင်လေးကို သတ်တဲ့တရားခံမှာလည်း လွတ်မြောက်နေဆဲပါ။Faviola ရဲ့ဝိဉာဉ်ကို မှတ်တမ်းတင်နိုင်ခဲ့တာ ကတော့ စောစောက ပြောတဲ့ ကောင်လေးရဲ့အုတ်ဂူမှာ တပ်ဆင်ထားတဲ့ CCTV က လှမ်းပြီး မှတ်တမ်းတင် နိုင်ခဲ့တာပါ။ သင်္ချိုင်းစောင့် အလုပ်သမားတွေက CCTV တွေကို ပြန်လည်စစ်ဆေးတဲ့အခါ ဗွီဒီယိုထဲမှာတွေ့တဲ့ ကောင်မလေးနဲ့ ကောင်လေးကို သိတယ်ဆိုပြီး၊ ကာယကံရှင် မိဘတွေကို ခေါ်ယူခဲ့ပါတယ်။ Faviola ရဲ့ မိခင် Saundra နဲ့ အဖွားဖြစ်သူတို့ သင်္ချိုင်းကိုရောက်လာပြီး CCTV ကို စစ်ဆေးတဲ့အခါ Saundra က ဒီပုံရိပ်ဟာ သမီးလေးရဲ့ပုံရိပ်ဖြစ်ကြောင်း တထစ်ချပြောခဲ့ပါတယ်။ ကောင်မလေးမှာ ဝတ်ဆင်ထားတဲ့အဝတ်အစား၊ ဆံပင်ပုံစံ၊
ဖိနပ်ပုံစံတွေကအစ သူမရဲ့သမီးဆိုတာ ချက်ချင်း မှတ်မိတယ်လို့ ပြောခဲ့ပါတယ်။ ဘေးမှာရှိတဲ့ ကောင်လေးကလည်း ဂူနီးနားချင်းက အ သတ်ခံရတဲ့ ကောင်လေး ဖြစ်ရမယ်လို့ သူမက ပြောပါတယ်။
credit – shwemom