သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် သို့ ရောက်ရှိနေ၍ အထူးသတိပေးချက် ထုတ်ပြန်ထား
Credit : Pyi Myanmar
UNICODE
လက်ရှိတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အရေးပေါ်ကူညီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ပေး နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်းလည်း သိရသည်။ဩဂုတ်လ ၂၂ ရက် နံနက် ၇ နာရီခွဲအချိန်တိုင်းတာချက် အရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအောက် ၇၃၇ စင်တီမီတာသို့ရောက်ရှိနေပါတယ်။
အဆိုပါမြစ်ရေမှာ မကြာမီအချိန် အတွင်း စိုးရိမ် ရေမှတ်သို့ ရောက်ရှိ ကျော်လွန်လာနိုင်သည်။ မြစ်ချောင်းဘေးနေထိုင်သူများနှင့် အနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် သတိပြုနေ ထိုင်ကြရန် လိုအပ်ခြင်း ဖြစ်ကြောင်း သတိပေးထားခြင်း ဖြစ်သည်။ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိကျော်လွန်နိုင်သော အခြေအနေတွင် ရှိနေသည်။
မြစ်ချောင်းဘေးနေထိုင်သူများနှင့် အနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့က သတိ ပေး ထားသည်။
Credit : Pyi Myanmar