ေဒါက္တာေဒၚခင္ခင္ႀကီး ရွင္းျပထားတဲ့ ဗီဇေျပာင္း ကိုဗစ္ပိုးသစ္ အေၾကာင္း သိမွတ္ဖြယ္

(၂၂-၈-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL ) မွ (ပထမအသုတ္) ဓာတ္ခြဲနမူနာ (၃၄၀) ခု၊ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၁၂၇) ခု ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈ ဆိုင္ရာဌာန (မႏၲေလး) (PHL, Mandalay) မွ ဓာတ္ခြဲနမူနာ (၂၇၆) ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ေမာ္လၿမိဳင္) (PHL, Mawlamyine) မွ ဓာတ္ခြဲနမူနာ (၁၀၉) ခုႏွင့္ ျပည္သူ႔ေဆး႐ုံႀကီး၊ စစ္ေတြၿမိဳ႕ မွ ဓာတ္ခြဲနမူနာ (၃၉) ခု၊ စုစုေပါင္း (၈၉၁)ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၆) ဦး ေတြ႕ရွိရပါသည္။

(၂၂-၈-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၄၄၁) ဦး ရွိၿပီ ျဖစ္ပါသည္။ ေဒါက္တာေဒၚခင္ခင္ႀကီး ေရးတဲ့ ဗီဇေျပာင္း ကိုဗစ္ပိုးသစ္ဟာ နဂိုမူလ ပထမလက္ေဟာင္းဝူဟန္မွာ စျဖစ္တဲ့ဗိုင္းရပ္စ္ထက္ ေရာဂါကူး စက္ႏိုင္စြမ္း ဆယ္ဆရွိႏိုင္တယ္လို႔ ေပပါေတြက ဆိုပါတယ္။ ဗီဇေျပာင္းပိုးေတြ႕ရွိတဲ့ လူနာေတြမွာ ဗိုင္းရပ္စ္ပမာဏ အမ်ားအျပားရွိတာ ကိုလည္း သတိျပဳမိေစခ်င္ပါတယ္ ဒါ့ေၾကာင့္ကူးစက္ႏိုင္စြမ္းမ်ားတာပါ။ဒီသေႏၶေျပာင္းမ်ိဳးကြဲက လူနာရဲ႕ ေရာဂါလကၡဏာေတြ ပိုၿပီးဆိုး လာႏိုင္လား ဆိုတာနဲ႔ပတ္သက္ၿပီး သိသာထင္ရွားတဲ့ ေတြ႕ရွိမႈ မေတြ႕ရေသးပါ။

ဗိုင္းရပ္စ္ပိုး ခႏၶာကိုယ္ က ထုတ္ႏိုင္တဲ့ရက္ေတာ့ တိုသြားတယ္လို႔ ေပပါေတြမွာ ဖတ္ရပါတယ္။ ျမန္မာႏိုင္ငံမွာ ေမလ အတြင္းက ေရာဂါ ပိုးေတြ႕ရွိမႈ မ်ားတဲ့ ဓာတ္ခြဲနမူနာ ၁၀ ခုမွာ ၆ ခု သေႏၶေျပာင္းပိုး ရွိေနတာကို ေတြ႕ရမွာျဖစ္ပါတယ္ ဒီအထဲမွာ တ႐ုတ္က ၁ ခုနဲ႔ က်န္တာ အိႏၵိယျဖစ္ပါတယ္။ယခုအေျခအေနဟာ ကိုဗစ္လႈိင္း အစဦးကာလလို စိုးရိမ္ပူပန္မႈ မ်ားေနမယ္ဆိုတာ သိပါတယ္ စာနာ နားလည္ပါတယ္ ေၾကာက္ခ်င္းေၾကာက္ရင္ လူနာေတြကို ေရွ႕တန္းကေန လက္ေတြ႕က်က် ကုသမႈေပးေနတဲ့ ဆရာဝန္ သူနာျပဳ က်န္းမာေရးဝန္ထမ္းေတြ ေၾကာက္ရမွာပါ လက္ရွိမွာလည္း က်န္းမာေရးဝန္ထမ္း မိသားစုဝင္ေတြပါ ထိခိုက္မႈေတြ ရွိေနပါၿပီ။

သူတို႔ယိုင္လဲ သြားလို႔ မျဖစ္ပါဘူး သူတို႔ ေတြဟာ ေရွ႕တန္းခံတပ္ေတြပါ ဒါ့ေၾကာင့္မို႔ ျပည္သူလူထုအေနနဲ႔ အထူးပင္ စာနာမႈထားၿပီး မိမိ ကိုယ္ကို မကူးစက္ေအာင္ ေနထိုင္ရမွာ ျဖစ္ပါတယ္ ဒါဟာ မိမိကိုယ္ကို ေစာင့္ေရွာက္ရာေရာက္သလို အမ်ားအက်ိဳးေဆာင္ရာလဲ မည္ပါ တယ္။ဒီေတာ့ကာ … Mask တပ္ပါလက္ေဆးပါလူစုလူေဝးေရွာင္ပါတစ္ေယာက္နဲ႔တစ္ေယာက္ ၆ ေပခြာပါ။ ဒါ့ေၾကာင့္ အရာရာမွာ အပၸမာ ေဒန သမၼာေဒဌ မေမ့မေလွ်ာ့ မေပါ့မဆေသာ သတိတရားျဖင့္ ေနထိုင္ၾကရမွာျဖစ္ပါတယ္။ ျပင္ပပုဂၢလိကေဆး႐ုံကလဲ တခ်ိဳ႕စစ္ၿပီးပါၿပီ ပိုးမေတြ႕ပါ လက္ရွိလဲ Quarantine ဝင္ေနပါတယ္ မစိုးရိမ္ပါနဲ႔ အစိုးရကသူဘာလုပ္သင့္သည္ကို ေကာင္းစြာသိပါတယ္။

Fighting all,

we must win with our strong desire!

@Dr Khin Khin Gyi

UNICODE

(၂၂-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL ) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၄၀) ခု၊ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၂၇) ခု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၇၆) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၀၉) ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ မှ ဓာတ်ခွဲနမူနာ (၃၉) ခု၊ စုစုပေါင်း (၈၉၁)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိရပါသည်။

(၂၂-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၄၄၁) ဦး ရှိပြီ ဖြစ်ပါသည်။ ဒေါက်တာဒေါ်ခင်ခင်ကြီး ရေးတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်ဟာ နဂိုမူလ ပထမလက်ဟောင်းဝူဟန်မှာ စဖြစ်တဲ့ဗိုင်းရပ်စ်ထက် ရောဂါကူး စက်နိုင်စွမ်း ဆယ်ဆရှိနိုင်တယ်လို့ ပေပါတွေက ဆိုပါတယ်။ ဗီဇပြောင်းပိုးတွေ့ရှိတဲ့ လူနာတွေမှာ ဗိုင်းရပ်စ်ပမာဏ အများအပြားရှိတာ ကိုလည်း သတိပြုမိစေချင်ပါတယ် ဒါ့ကြောင့်ကူးစက်နိုင်စွမ်းများတာပါ။ဒီသန္ဓေပြောင်းမျိုးကွဲက လူနာရဲ့ ရောဂါလက္ခဏာတွေ ပိုပြီးဆိုး လာနိုင်လား ဆိုတာနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ တွေ့ရှိမှု မတွေ့ရသေးပါ။

ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ် က ထုတ်နိုင်တဲ့ရက်တော့ တိုသွားတယ်လို့ ပေပါတွေမှာ ဖတ်ရပါတယ်။ မြန်မာနိုင်ငံမှာ မေလ အတွင်းက ရောဂါ ပိုးတွေ့ရှိမှု များတဲ့ ဓာတ်ခွဲနမူနာ ၁၀ ခုမှာ ၆ ခု သန္ဓေပြောင်းပိုး ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ် ဒီအထဲမှာ တရုတ်က ၁ ခုနဲ့ ကျန်တာ အိန္ဒိယဖြစ်ပါတယ်။ယခုအခြေအနေဟာ ကိုဗစ်လှိုင်း အစဦးကာလလို စိုးရိမ်ပူပန်မှု များနေမယ်ဆိုတာ သိပါတယ် စာနာ နားလည်ပါတယ် ကြောက်ချင်းကြောက်ရင် လူနာတွေကို ရှေ့တန်းကနေ လက်တွေ့ကျကျ ကုသမှုပေးနေတဲ့ ဆရာဝန် သူနာပြု ကျန်းမာရေးဝန်ထမ်းတွေ ကြောက်ရမှာပါ လက်ရှိမှာလည်း ကျန်းမာရေးဝန်ထမ်း မိသားစုဝင်တွေပါ ထိခိုက်မှုတွေ ရှိနေပါပြီ။

သူတို့ယိုင်လဲ သွားလို့ မဖြစ်ပါဘူး သူတို့ တွေဟာ ရှေ့တန်းခံတပ်တွေပါ ဒါ့ကြောင့်မို့ ပြည်သူလူထုအနေနဲ့ အထူးပင် စာနာမှုထားပြီး မိမိ ကိုယ်ကို မကူးစက်အောင် နေထိုင်ရမှာ ဖြစ်ပါတယ် ဒါဟာ မိမိကိုယ်ကို စောင့်ရှောက်ရာရောက်သလို အများအကျိုးဆောင်ရာလဲ မည်ပါ တယ်။ဒီတော့ကာ … Mask တပ်ပါလက်ဆေးပါလူစုလူဝေးရှောင်ပါတစ်ယောက်နဲ့တစ်ယောက် ၆ ပေခွာပါ။ ဒါ့ကြောင့် အရာရာမှာ အပ္ပမာ ဒေန သမ္မာဒေဌ မမေ့မလျှော့ မပေါ့မဆသော သတိတရားဖြင့် နေထိုင်ကြရမှာဖြစ်ပါတယ်။ ပြင်ပပုဂ္ဂလိကဆေးရုံကလဲ တချို့စစ်ပြီးပါပြီ ပိုးမတွေ့ပါ လက်ရှိလဲ Quarantine ဝင်နေပါတယ် မစိုးရိမ်ပါနဲ့ အစိုးရကသူဘာလုပ်သင့်သည်ကို ကောင်းစွာသိပါတယ်။

Fighting all,

we must win with our strong desire!

@Dr Khin Khin Gyi

Add a Comment

Your email address will not be published. Required fields are marked *