(၁)ရက် အတွင်း ကြည့်ရှု နားဆင်သူ သိန်းချီ ရှိနေသည့် အိုက်ဒေါတေးသံရှင်လေး အေးမြဖြူရဲ့ သီချင်း သစ်-“နော်”(ရုပ် သံ)






REF: SHWE WIKI

UNICODE

မြူးကြွတဲ့ ဆန်းသစ် သီဆိုဟန်နဲ့ ဖန်တီးပုံဖော်ထားတဲ့ “နော်” သီချင်းရုပ်သံထဲမှာ တော့ အေးမြဖြူနဲ့အတူ နှုတ်ခမ်းနီမလေးတွေ အသည်း စွဲ Project K အဖွဲ့က ရဲရင့်သော် တို့က စုံတွဲအနေနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာပါ။V7 Entertainment က တင်ဆက်လိုက်တဲ့ ဒီသီ ချင်းရုပ်သံကိုတော့ တရက်အတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၆ သိန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။“ဆန္ဒနဲ့ဘဝက ထပ် တူ ကျဖို့တော့… တယောက်နဲ့တယောက် လက်ချင်းမဖြုတ်… တွဲထားနော်… နင်ကငါ့ အတွက် ငါဟာနင့်အတွက်… လက်တွဲဖော်..နော်… ။

မင်းအတွက် လိုအပ်တဲ့ နံရိုးလေးတချောင်းသာ… အသွေးအသားနဲ့ တည်ဆောက်ထားတဲ့… သစ္စာ တရားကြောင့်သာ… ဘယ်သူခွဲခွဲ ဘယ် လိုဖြတ်ဖြတ်… မပြတ်ဘူး..နော်… I love you… I need you… I’m with you… Never let me go… away… away… away” ဆယ် ကျော် သက် အဆိုတော် ကောင်မလေး အေးမြဖြူ သီဆိုထားတဲ့ မြူးမြူးကြွ ကြွ အချစ်သီချင်းသစ် တပုဒ်ဟာ ထွက်ရှိပြီး တရက်အတွင်းမှာ ပဲ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် ပေါ်မှာ ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့ပါတယ်။

“နော်”လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ တေးရေး မှူးသဲထက်ဇော်က ရေး စပ်ပေးထားခဲ့တာဖြစ်ပြီး သပ်ရပ်လှပတဲ့ အေးမြဖြူရဲ့ သီဆိုဟန်နဲ့ ပရိသတ်တွေက ခံစား နားဆင်ကြရမှာ ဖြစ်ပါတယ်။“ငါ့ဘဝရဲ့ ပဲ့ကိုင်ရှင်လေးပါ… ငါ့ဘဝရဲ့ ဖြစ်တည်မှုလေးပါ အချစ်ရေ… I love you … I need you… I’m with you… Never let me go… away… away… away”အသက် ၉ နှစ်အရွယ်က Starlet’s Sky – ကြယ်ကလေး တွေရဲ့ ဂီတမိုးကောင်းကင် သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူပါ။

ပြိုင်ပွဲဝင်ချိန်မှာ အသက် ၁၆ နှစ်အရွယ် ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့တာပါ။အေးမြဖြူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol Season 4 မှာတော့ တနိုင်ငံ လုံးက ရွက်ပုန်းသီး မျက်နှာသစ်လူငယ်တွေ အများအပြား ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ ဒီနောက် မှာတော့ သီတင်းပတ် တပတ်ပြီးတပတ် အဆင့်ဆင့် အစွမ်းပြယှဉ်ပြိုင် မှုတွေနဲ့ နောက်ဆုံး Grand Final အဆင့်ထိ ရောက်ရှိခဲ့ တာ ဖြစ်ပါတယ်။“အတ္တကြီးခွင့်လေးတော့ ပေးဦးနော်… မင်းကလွဲပြီး ဘယ်သူမှ အရေးမကြီး ဘူးနော်… ။

မင်းလေးတို့ကို သဲသဲလှုပ်ပြီး ချစ်နော်… နော်… မင်းအတွက်လိုအပ်တဲ့ နံရိုး လေး တချောင်းသာ… အသွေးအသားနဲ့ တည်ဆောက်ထား တဲ့… သစ္စာတရားကြောင့် သာ… ဘယ်သူခွဲခွဲ ဘယ်လိုဖြတ်ဖြတ်… မပြတ်ဘူး..နော်… I love you… I need you… I’m with you… Never let me go away… away… away”

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *