COVID-19ပိုးေတြ႕လူနာ အမ်ားအျပားေတြ႕ရွိၿပီးေနာက္ စစ္ေတြၿမိဳ႕နယ္တြင္ ညမထြက္ရအမိန႔္ထုတ္

COVID-19 ေရာဂါျဖစ္ပြား မႈႏွင့္ပတ္သက္ၿပီး ယမန္ေန႔ကအ ထိ စစ္ေတြၿမိဳ႕နယ္တြင္ ေရာဂါပိုးေတြ႕ရွိသူ ကိုးဦးရွိၿပီး ယခုထပ္ တိုးလူနာ ကိုးဦးႏွင့္ဆိုလွ်င္ ၁၈ ဦးရွိၿပီျဖစ္သည္။က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွလည္း စစ္ေတြၿမိဳ႕နယ္အား ေနအိမ္၌သာ ေနထိုင္ ျခင္း Stay at Home အစီအစဥ္ ျဖင့္ ေနထိုင္ၾကရန္ ၾသဂုတ္ ၂၀ ရက္က ထုတ္ျပန္ခဲ့သည္။ ၂၀၁၄ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္ စာရင္းအရ စစ္ေတြၿမိဳ႕ နယ္တြင္ လူဦးေရတစ္သိန္းခြဲခန႔္ ေနထိုင္လ်က္ရွိသည္။

ဒီေန႔မနက္ပိုင္းကစၿပီး ၿမိဳ႕ထဲကလမ္းေတြေပၚမွာ လူေတာ့ နည္းသြားတယ္။ ဆိုင္တခ်ိဳ႕လည္း ပိတ္တယ္။ လမ္းေပၚ ထြက္လာ တဲ့သူ အ မ်ားစုကေတာ့ Mask ေတြ တပ္ထားၾကပါတယ္။ ခုလို ညမထြက္ရအမိန႔္ ထုတ္လိုက္ေတာ့ တခ်ိဳ႕ဟာေတြ အခက္အခဲရွိႏိုင္ေပမယ့္ ေရာဂါ ထိန္းခ်ဳပ္မႈအတြက္ ပိုေကာင္းသြားတယ္လို႔ စစ္ေတြၿမိဳ႕ခံတစ္ဦးက ထင္ျမင္ခ်က္ေပးသည္။ COVID-19 ေရာဂါ ကာ ကြယ္ ထိန္းခ်ဳပ္ႏိုင္ ေရးအ တြက္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ နယ္အား ညမထြက္ရအမိန႔္ ထုတ္ျပန္လိုက္ေၾကာင္း ျပည္နယ္ အစိုးရအဖြဲ႕က အတည္ျပဳသည္။

အဆိုပါအမိန႔္ကို အေထြ ေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ အမိန႔္ အမွတ္ ၁/၂၀၂၀ ျဖင့္ ထုတ္ျပန္ခဲ့ျခင္းျဖစ္ကာ သက္ဆိုင္ရာ၏ ခြင့္ျပဳခ်က္အရ မွအပ ၾသဂုတ္ ၂၁ ရက္ကစၿပီး ည ၉ နာရီမွ နံနက္ ၄ နာရီအထိ ညမထြက္ရဟု ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ ညမထြက္ရအမိန႔္ကို ဒီမနက္ (ၾသ ဂုတ္ ၂၁ ရက္)မွာပဲ ထုတ္ျပန္လိုက္တယ္။ ေရာဂါထိန္းခ်ဳပ္ေရး လိုအပ္လာတဲ့အတြက္ အဆင့္ဆင့္ ၫႊန္ၾကားၿပီးေတာ့မွ ထုတ္ျပန္လိုက္တာ ပါ’’ဟု စည္ပင္ဝန္ႀကီး ဦးဝင္းျမင့္က ေျပာၾကား သည္။

ညမထြက္ရအမိန႔္ကို အမ်ားျပည္သူအက်ိဳးငွာ ရည္႐ြယ္ထုတ္ ျပန္ျခင္းျဖစ္သည့္အတြက္ လိုက္နာရန္ပ်က္ကြက္ပါက တည္ဆဲ ဥပေဒအရ အေရးယူခံရမည္ဟု ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပသည္။ ထိုအမိန႔္ထုတ္ျပန္သည့္ေန႔ မွစ၍ ႏွစ္လအတည္ျဖစ္သည္ဟု ေဖာ္ျပပါ ရွိသည္။

REF: 7DAY DAILY

UNICODE

COVID-19 ရောဂါဖြစ်ပွား မှုနှင့်ပတ်သက်ပြီး ယမန်နေ့ကအ ထိ စစ်တွေမြို့နယ်တွင် ရောဂါပိုးတွေ့ရှိသူ ကိုးဦးရှိပြီး ယခုထပ် တိုးလူနာ ကိုးဦးနှင့်ဆိုလျှင် ၁၈ ဦးရှိပြီဖြစ်သည်။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလည်း စစ်တွေမြို့နယ်အား နေအိမ်၌သာ နေထိုင် ခြင်း Stay at Home အစီအစဉ် ဖြင့် နေထိုင်ကြရန် သြဂုတ် ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ စစ်တွေမြို့ နယ်တွင် လူဦးရေတစ်သိန်းခွဲခန့် နေထိုင်လျက်ရှိသည်။

ဒီနေ့မနက်ပိုင်းကစပြီး မြို့ထဲကလမ်းတွေပေါ်မှာ လူတော့ နည်းသွားတယ်။ ဆိုင်တချို့လည်း ပိတ်တယ်။ လမ်းပေါ် ထွက်လာ တဲ့သူ အ များစုကတော့ Mask တွေ တပ်ထားကြပါတယ်။ ခုလို ညမထွက်ရအမိန့် ထုတ်လိုက်တော့ တချို့ဟာတွေ အခက်အခဲရှိနိုင်ပေမယ့် ရောဂါ ထိန်းချုပ်မှုအတွက် ပိုကောင်းသွားတယ်လို့ စစ်တွေမြို့ခံတစ်ဦးက ထင်မြင်ချက်ပေးသည်။ COVID-19 ရောဂါ ကာ ကွယ် ထိန်းချုပ်နိုင် ရေးအ တွက် ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်အား ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း ပြည်နယ် အစိုးရအဖွဲ့က အတည်ပြုသည်။

အဆိုပါအမိန့်ကို အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အမိန့် အမှတ် ၁/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာ၏ ခွင့်ပြုချက်အရ မှအပ သြဂုတ် ၂၁ ရက်ကစပြီး ည ၉ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ညမထွက်ရအမိန့်ကို ဒီမနက် (သြ ဂုတ် ၂၁ ရက်)မှာပဲ ထုတ်ပြန်လိုက်တယ်။ ရောဂါထိန်းချုပ်ရေး လိုအပ်လာတဲ့အတွက် အဆင့်ဆင့် ညွှန်ကြားပြီးတော့မှ ထုတ်ပြန်လိုက်တာ ပါ’’ဟု စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောကြား သည်။

ညမထွက်ရအမိန့်ကို အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ် ပြန်ခြင်းဖြစ်သည့်အတွက် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲ ဥပဒေအရ အရေးယူခံရမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။ ထိုအမိန့်ထုတ်ပြန်သည့်နေ့ မှစ၍ နှစ်လအတည်ဖြစ်သည်ဟု ဖော်ပြပါ ရှိသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *