အခက်အခဲဖြစ်လို့ အကူ အညီလာ တောင်းတဲ့ ဇာတ်ပို့ ဇာတ်ရံ တစ်ဦးကို ချက်ချင်း လှူဒါန်းပေး ခဲ့တဲ့ ဖြူဖြူထွေး
Source – Phyu Phyu Htwe
Rainbow- Cele Gabar
UNICODE
ဖြူဖြူထွေး ကတော့ တကယ်ခက်ခဲ နေသူတိုင်းကို မညာဘဲနဲ့ ဖြစ်နေတဲ့ အခြေအနေကို အမှန်အတိုင်းပြောရင် ကူညီဖို့ အသင့်ပါပဲလို့ အင် တာဗျူးတွေမှာ ဖြေကြား လေ့ရှိသူပါ။ မနေ့ကတော့ ရှူတင်က ပြန်ရောက်ရောက်ချင်း ယုံယုံကြည်ကြည်နဲ့ အကူအညီလာ တောင်းခဲ့တဲ့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ကို သူတတ်နိုင်သလောက် ကန်တော့ခဲ့တဲ့ ဖြူဖြူထွေးရဲ့ အလှူလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
ကိုယ်ကိုယ်တိုင် အောင်မြင်မှုရရှိလာတာနဲ့အမျှ အခြားသူတွေကိုပါ လက်တွဲခေါ်ယူဖို့ ဝန်မလေးသူလေး ကတော့ ဖြူဖြူထွေးပါ။ ခက်ခဲ နေတဲ့ ဇာတ်ပို့ဇာတ်ရံ အနုပညာရှင် တွေကို သူရထားတဲ့ ကြော်ငြာတွေမှာ ထည့်သုံးပေးပြီး တစ်ဖက် တစ်လမ်းက ကူညီနေသလို ကြော် ငြာရိုက်ကူးပြီးချိန်မှာလည်း ဂါဝရတရား ရှေ့ထားပြီး ကန်တော့လေ့ရှိသူပါ။
မွန်မြတ်တဲ့ စိတ်ထားလေးနဲ့ ဖြူဖြူထွေးကတော့ မနေ့ကတော့ ဇာတ်ပို့ ဇာတ်ရံအနုပညာရှင် တစ်ယောက်ကို နိုင်သလောက် လှူဒါန်းပေး ဖြစ်ခဲ့တဲ့ သူ့ရဲ့ အလှူလေးကို ရေးသားမျှဝေခဲ့ပါတယ်။ ” ရိုက်ကူးရေးက ပြန်ရောက်ရောက်ချင်း….. လေးလေးကအိမ်ထဲထိဝင်လာတယ်…. လေးလေး ဘာများ ပြောစရာရှိလို့လဲဆိုတော့? ကဒ်လေးပြပြီးအခက်အခဲ ဖြစ်နေကြောင်းပြောတယ်…..။
ဖြူဖြူလည်း တတ်နိုင်သလောက် ကန်တော့ခဲ့ပါတယ်” ဆိုပြီး သူ့ရဲ့အလှူလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…။တကယ့်ကို ဝမ်း မြောက်ကြည်နူးစရာလေးပါ။
Source – Phyu Phyu Htwe
Rainbow- Cele Gabar