(၁၀)တန္းအမွတ္ စာရင္း ထုတ္ေပး မည့္ အစီအစဥ္ ကို ႀကိဳတင္ ေၾကညာမည္ျဖစ္ၿပီး လိုင္း‌ေပၚက လူလိမ္ မ်ားကို မယုံရန္ ေျပာၿပီ

(၁၀)တန္း အမွတ္စာရင္းက မေပး ေသးဘူး။ ကိုဗစ္ ကာကြယ္ ထိန္းခ်ဳပ္ကုသ ေရးအမ်ိဳးသားအ ဆင့္ဗဟိုေကာ္မတီကို တင္ဦး မယ္။ ေလာ ေလာဆယ္ မထုတ္ေပးေသးဘူး။ ဘယ္လို ထုတ္ေပးမလဲဆိုတာ ျပည္သူေတြ သိေအာင္ ႀကိဳၿပီးေၾကညာေပးပါ လိမ့္မယ္”ဟု ျမန္ မာ ႏိုင္ငံ စာစစ္ဦးစီးဌာန ၫႊန္ၾကား ေရးမႉး ဦးမိုးျမင့္ေက်ာ္က ေျပာသည္။ဝန္ႀကီးဌာနက အမွတ္စာ ရင္းထုတ္မေပးေသးေသာ္လည္း အ မွတ္စာရင္း ၾကည့္ေပးမည္ျဖစ္ ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေၾကာ္ျငာကာ ေငြေၾကး ေတာင္းခံမႈမ်ား ရွိေနသည္။

မႏၲေလးတိုင္းမွ ေက်ာင္းသား မိဘ ေဒၚေကခိုင္က “အမွတ္စာရင္းၾကည့္ေပး မယ္ဆို တာ ေဖ့စ္ဘြတ္ခ္မွာေတြ႕လို႔ ေမး ၾကည့္တာ။ ေဝ့မန္းနီး က ေငြတစ္ေသာင္းလႊဲေပးရ မယ္ေျပာလို႔။ ကိုယ္လည္း မိတ္ ေဆြေတြေမးၾကည့္ ေတာ့မွ လိမ္ ေတာင္းတာ မွန္းသိတာ” ဟု ဆို သည္။ ကိုဗစ္အႏၲရာယ္ေၾကာင့္ တကၠသိုလ္ဝင္ စာေမးပြဲေအာင္စာရင္းကို ၾသ ဂုတ္ ၉ ရက္က ပညာေရးဝန္ႀကီးဌာန ဝက္ဘ္ဆိုက္မ်ား တြင္ ေၾက ညာခဲ့ၿပီး ေအာင္စာရင္းေၾကညာ ၿပီး တစ္ရက္တြင္မွေက်ာင္း အလိုက္ ေအာင္စာရင္းကို အထက္တန္းေက်ာင္း မ်ား၌ ကပ္ထားခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္တကၠသိုလ္ ဝင္စာေမးပြဲကို ေက်ာင္းသား၊ ေက်ာင္းသူ ကိုးသိန္းတစ္ေသာင္း ေက်ာ္ေျဖဆိုခဲ့ရာ ႏွစ္သိန္းကိုး ေသာင္းေက်ာ္ ေအာင္ျမင္ခဲ့ၿပီး ေအာင္ခ်က္ရာခိုင္ႏႈန္း ၃၂ ဒသမ ၀၆ ရာခိုင္ႏႈန္းရွိခဲ့သည္။ယခုႏွစ္ တကၠသိုလ္ဝင္ စာေမး ပြဲ အမွတ္စာရင္း ထုတ္ေပး မည့္အ စီအစဥ္ ကို ႀကိဳတင္ အသိ ေပးမည္ဟု ပညာေရး ဝန္ႀကီးဌာန က ေၾကညာထား ၿပီး လတ္တ ေလာတြင္ အမွတ္ စာရင္းထုတ္ ေပးျခင္းမရွိ ေသးေၾကာင္း ျမန္မာ ႏိုင္ငံစာစစ္ဦးစီးဌာန ၫႊန္ၾကား ေရးမႉး ဦးမိုးျမင့္ေက်ာ္ကေျပာ သည္။

ယခင္ႏွစ္မ်ားက တကၠသိုလ္ဝင္ စာေမးပြဲအမွတ္ စာရင္းကို ေအာင္စာရင္းထြက္ၿပီး တစ္ပတ္ အတြင္း ရန္ကုန္ႏွင့္ ေနျပည္ေတာ္ ရွိ ျမန္မာႏိုင္ ငံ စာစစ္ဦးစီးဌာန႐ုံး မ်ားတြင္ ထုတ္ေပးေလ့ရွိသည္။ယခုႏွစ္တြင္ ကိုဗစ္ေၾကာင့္ အမွတ္ စာရင္းထုတ္ ေပးျခင္းကို က်န္းမာေရးႏွင့္ အားက စားဝန္ႀကီးဌာန၏ ကိုဗစ္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လမ္းၫႊန္ခ်က္မ်ားႏွင့္ အညီ ေဆာင္႐ြက္ႏိုင္ရန္ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ ကုသ ေရးအ မ်ိဳးသားအဆင့္ ဗဟိုေကာ္မတီထံ တင္ျပမည္ျဖစ္ၿပီး ခြင့္ျပဳမွသာ အမွတ္စာရင္း ထုတ္ ေပးျခင္း ကို ေဆာင္႐ြက္မည္ ျဖစ္သည္။

REF: LET PAN

UNICODE

(၁၀)တန်း အမှတ်စာရင်းက မပေး သေးဘူး။ ကိုဗစ် ကာကွယ် ထိန်းချုပ်ကုသ ရေးအမျိုးသားအ ဆင့်ဗဟိုကော်မတီကို တင်ဦး မယ်။ လော လောဆယ် မထုတ်ပေးသေးဘူး။ ဘယ်လို ထုတ်ပေးမလဲဆိုတာ ပြည်သူတွေ သိအောင် ကြိုပြီးကြေညာပေးပါ လိမ့်မယ်”ဟု မြန် မာ နိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမိုးမြင့်ကျော်က ပြောသည်။ဝန်ကြီးဌာနက အမှတ်စာ ရင်းထုတ်မပေးသေးသော်လည်း အ မှတ်စာရင်း ကြည့်ပေးမည်ဖြစ် ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ကြော်ငြာကာ ငွေကြေး တောင်းခံမှုများ ရှိနေသည်။

မန္တလေးတိုင်းမှ ကျောင်းသား မိဘ ဒေါ်ကေခိုင်က “အမှတ်စာရင်းကြည့်ပေး မယ်ဆို တာ ဖေ့စ်ဘွတ်ခ်မှာတွေ့လို့ မေး ကြည့်တာ။ ဝေ့မန်းနီး က ငွေတစ်သောင်းလွှဲပေးရ မယ်ပြောလို့။ ကိုယ်လည်း မိတ် ဆွေတွေမေးကြည့် တော့မှ လိမ် တောင်းတာ မှန်းသိတာ” ဟု ဆို သည်။ ကိုဗစ်အန္တရာယ်ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို သြ ဂုတ် ၉ ရက်က ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ တွင် ကြေ ညာခဲ့ပြီး အောင်စာရင်းကြေညာ ပြီး တစ်ရက်တွင်မှကျောင်း အလိုက် အောင်စာရင်းကို အထက်တန်းကျောင်း များ၌ ကပ်ထားခဲ့သည်။

၂၀၂၀ ပြည့်နှစ်တက္ကသိုလ် ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ကိုးသိန်းတစ်သောင်း ကျော်ဖြေဆိုခဲ့ရာ နှစ်သိန်းကိုး သောင်းကျော် အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့သည်။ယခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲ အမှတ်စာရင်း ထုတ်ပေး မည့်အ စီအစဉ် ကို ကြိုတင် အသိ ပေးမည်ဟု ပညာရေး ဝန်ကြီးဌာန က ကြေညာထား ပြီး လတ်တ လောတွင် အမှတ် စာရင်းထုတ် ပေးခြင်းမရှိ သေးကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမိုးမြင့်ကျော်ကပြော သည်။

ယခင်နှစ်များက တက္ကသိုလ်ဝင် စာမေးပွဲအမှတ် စာရင်းကို အောင်စာရင်းထွက်ပြီး တစ်ပတ် အတွင်း ရန်ကုန်နှင့် နေပြည်တော် ရှိ မြန်မာနိုင် ငံ စာစစ်ဦးစီးဌာနရုံး များတွင် ထုတ်ပေးလေ့ရှိသည်။ယခုနှစ်တွင် ကိုဗစ်ကြောင့် အမှတ် စာရင်းထုတ် ပေးခြင်းကို ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန၏ ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်နိုင်ရန် ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသ ရေးအ မျိုးသားအဆင့် ဗဟိုကော်မတီထံ တင်ပြမည်ဖြစ်ပြီး ခွင့်ပြုမှသာ အမှတ်စာရင်း ထုတ် ပေးခြင်း ကို ဆောင်ရွက်မည် ဖြစ်သည်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *