YBS ေပၚမွာ ေက်ာင္းသူေလးကို ကိုယ္/ႏႈတ္ ျဖင့္ ထိပါးေစာ္ကားတဲ့ အမ်ိဳးသား (၄) ေယာက္၏ ႐ုပ္သံႏွင့္ ဓာတ္ပုံေဖာ္ျပ၍ အသိေပးၿပီ( ဗီဒီယို )

အဆိုျဖစ္ရပ္မ်ိဳး အလားတူ တကၠသိုလ္ေက်ာင္းသူမ်ားအေပၚ က်ဴးလြန္သည့္ ျဖစ္စဥ္ မ်ားသည္ ေက်ာင္းတက္ရစဥ္ ကာလမ်ား၌လည္း မ ၾကာခဏျဖစ္‌‌ေပၚလ်က္ရွိသည္ ။ ဘတ္စ္ကားျဖင့္ ခရီးသြားလာရသူ ေက်ာင္းသူမ်ား၊ အမ်ိဳးသမီးမ်ားအေနျဖင့္ အဆိုပါကဲ့သို႔ ကိစၥမ်ိဳးေပၚ ေပါက္လာပါက

(၁) တစုံတရာ ျပန္လည္တုံ႔ျပန္ရန္(၂) ကားဆရာႏွင့္ပတ္ဝန္းက်င္သို႔ အကူအညီေတာင္းရန္(၃) ဓာတ္ပုံ (သို႔) ဗီဒီယို မွတ္တမ္းရယူ ထားရန္ (၄) မိဘျပည္သူမ်ားအေနျဖင့္ ဝိုင္းဝန္းေဖးမကူညီေပးၾကရန္ မိမိတို႔ သမဂၢမွ ႏႈိးေဆာ္အပ္ရပါသည္ ။

ရန္ကုန္အေရွ႕ပိုင္းတကၠသိူလ္ေက်ာင္း သူမ်ားအေပၚ ကိုယ္၊ ႏႈတ္ျဖင့္ ကာယိေျႏၵပ်က္ျပား‌ေစရန္ ထိပါးေစာ္ကားျခင္းမ်ိဳး ထပ္မံ‌ေပၚ‌ေပါက္ လာပါက ကာယကံရွင္၏ ဆႏၵအေလ်ာက္ တရားဥပေဒအရ ဖမ္းဆီးအျပစ္ေပးျခင္း (သို႔) တရားရင္ဆိုင္လိုျခင္းမျပဳလိုပါက သမဂၢ၏ လူမႈေရးျပစ္ဒဏ္ေပးျခင္းတို႔အား ဆက္လက္ျပဳလုပ္သြားမည္ ျဖစ္သည္ ။

ယမန္‌ေန႔ ၁၉.၈.၂၀၂၀ တြင္ YBS ၃၁ ယာဥ္တစင္းေပၚ၌ ရန္ကုန္ အေရွ႕ပိုင္း တကၠသိုလ္ေက်ာင္းသူတစ္ဦးအားလူတစ္စုမွ ကိုယ္၊ႏႈတ္ျဖင့္ လမ္းတေလ်ာက္လုံး ထိကပါးရိကပါး ကာယိေျႏၵပ်က္ျပားေစရန္ က်ဴးလြန္ေျပာဆိုေစာ္ကားခဲ့သည့္ ကိစၥျဖစ္ေပၚခဲ့သည္ ။ အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ယေန႔ ၂၁.၈.၂၀၂၀ တြင္ ရန္ကုန္အေရွ႕ပိုင္း တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(ဗကသ)မွ ။

လူမႈေရးျပစ္ဒဏ္ခ်မွတ္အျပစ္ေပးသည့္ အေနျဖင့္ က်ဴးလြန္သူတရားခံမ်ား၏ ပုံစံမ်ားႏွင့္လူမႈေရးျပစ္ဒဏ္ စာ႐ြက္မ်ားအား YBS ၃၁ ဂိတ္စ ပန္းဆိုးတန္းကားမွတ္တိုင္ ၊ သန္လ်င္ၿမိဳ႕တြင္း လူစည္ရာ ကားမွတ္တိုင္မ်ား ၊ EYU ေရွ႕ႏွင့္ ၃၁ ယာၪၼ်ားေပၚတြင္ လိုက္လံကပ္သည့္ လႈပ္ရွားမႈ ျပဳလုပ္ခဲ့သည္ ။

သမဂၢမွ ၃၁ ယာဥ္ဂိတ္မႉးမ်ားႏွင့္ တိုင္ပင္ ေဆြ‌းေႏြး၍ ယာဥ္ေပၚ၌တစုံတရာ က်ဴးလြန္မႈေပၚလာ၍ ေက်ာင္းသူ (သို႔) အမ်ိဳးသမီးတစ္ဦးဦးမွ အကူအညီေတာင္းခံလာပါက ရဲစခန္းသို႔ ေမာင္းပို႔ေပးျခင္းျဖင့္ ကူညီေပးရန္ ေျပာၾကားခဲ့သည္ ။

သတင္းႏွင့္ျပန္ၾက‌ားေရး(ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ)

UNICODE

YBS ပေါ်မှာ ကျောင်းသူလေးကို ကိုယ်/နှုတ် ဖြင့် ထိပါးစော်ကားတဲ့ အမျိုးသား (၄) ယောက်၏ ရုပ်သံနှင့် ဓာတ်ပုံဖော်ပြ၍ အသိပေးပြီ( ဗီဒီယို )

အဆိုဖြစ်ရပ်မျိုး အလားတူ တက္ကသိုလ်ကျောင်းသူများအပေါ် ကျူးလွန်သည့် ဖြစ်စဉ် များသည် ကျောင်းတက်ရစဉ် ကာလများ၌လည်း မ ကြာခဏဖြစ်‌‌ပေါ်လျက်ရှိသည် ။ ဘတ်စ်ကားဖြင့် ခရီးသွားလာရသူ ကျောင်းသူများ၊ အမျိုးသမီးများအနေဖြင့် အဆိုပါကဲ့သို့ ကိစ္စမျိုးပေါ် ပေါက်လာပါက

(၁) တစုံတရာ ပြန်လည်တုံ့ပြန်ရန်(၂) ကားဆရာနှင့်ပတ်ဝန်းကျင်သို့ အကူအညီတောင်းရန်(၃) ဓာတ်ပုံ (သို့) ဗီဒီယို မှတ်တမ်းရယူထားရန် (၄) မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းဖေးမကူညီပေးကြရန် မိမိတို့ သမဂ္ဂမှ နှိုးဆော်အပ်ရပါသည် ။

ရန်ကုန်အရှေ့ပိုင်းတက္ကသိူလ်ကျောင်း သူများအပေါ် ကိုယ်၊ နှုတ်ဖြင့် ကာယိန္ဒြေပျက်ပြား‌စေရန် ထိပါးစော်ကားခြင်းမျိုး ထပ်မံ‌ပေါ်‌ပေါက် လာပါက ကာယကံရှင်၏ ဆန္ဒအလျောက် တရားဥပဒေအရ ဖမ်းဆီးအပြစ်ပေးခြင်း (သို့) တရားရင်ဆိုင်လိုခြင်းမပြုလိုပါက သမဂ္ဂ၏ လူမှုရေးပြစ်ဒဏ်ပေးခြင်းတို့အား ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည် ။

ယမန်‌နေ့ ၁၉.၈.၂၀၂၀ တွင် YBS ၃၁ ယာဉ်တစင်းပေါ်၌ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသူတစ်ဦးအားလူတစ်စုမှ ကိုယ်၊နှုတ်ဖြင့် လမ်းတလျောက်လုံး ထိကပါးရိကပါး ကာယိန္ဒြေပျက်ပြားစေရန် ကျူးလွန်ပြောဆိုစော်ကားခဲ့သည့် ကိစ္စဖြစ်ပေါ်ခဲ့သည် ။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယနေ့ ၂၁.၈.၂၀၂၀ တွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)မှ ။

လူမှုရေးပြစ်ဒဏ်ချမှတ်အပြစ်ပေးသည့် အနေဖြင့် ကျူးလွန်သူတရားခံများ၏ ပုံစံများနှင့်လူမှုရေးပြစ်ဒဏ် စာရွက်များအား YBS ၃၁ ဂိတ်စ ပန်းဆိုးတန်းကားမှတ်တိုင် ၊ သန်လျင်မြို့တွင်း လူစည်ရာ ကားမှတ်တိုင်များ ၊ EYU ရှေ့နှင့် ၃၁ ယာဉ္များပေါ်တွင် လိုက်လံကပ်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့သည် ။

သမဂ္ဂမှ ၃၁ ယာဉ်ဂိတ်မှူးများနှင့် တိုင်ပင် ဆွေ‌းနွေး၍ ယာဉ်ပေါ်၌တစုံတရာ ကျူးလွန်မှုပေါ်လာ၍ ကျောင်းသူ (သို့) အမျိုးသမီးတစ်ဦးဦးမှ အကူအညီတောင်းခံလာပါက ရဲစခန်းသို့ မောင်းပို့ပေးခြင်းဖြင့် ကူညီပေးရန် ပြောကြားခဲ့သည် ။

သတင်းနှင့်ပြန်ကြ‌ားရေး(ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ)

Add a Comment

Your email address will not be published. Required fields are marked *