ကို ဗစ္-19နဲ႔ ပတ္သက္ၿပီး ျမန္မာအစိုးရ၏ လိုအပ္ခ်က္မ်ားျဖည့္ဆည္းရန္ ဂ်ပန္အစိုးရက ယန္း(၃၀) ဘီလီယံ ကူညီမည္

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာမိုတီဂီ၏ ေနျပည္ေတာ္ ခရီးစဥ္တြင္ နားလည္မႈစာခြၽန္လႊာ ႏွင့္ သေဘာတူညီခ်က္မ်ား လက္ မွတ္ေရးထိုး ရန္ စီစဥ္ထားျခင္းမရွိ ေၾကာင္းႏွင့္ အထက္ပါ ယန္း ၃၀ ဘီလီယံကိစၥသည္ ေဆာင္႐ြက္ ေနဆဲလုပ္ငန္းစဥ္ (Ongoing process) ျဖစ္ႏိုင္ ေၾကာင္း ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အ ဆင့္ျမင့္အရာရွိတစ္ဦးက ေျပာ သည္။ အထက္ပါ ဂ်ပန္ႏိုင္ငံျခား ေရးဝန္ႀကီးသည္ ဩဂုတ္ ၂၄ မွ ၂၅ ရက္အထိ ေနျပည္ေတာ္သို႔ လာေရာက္မည္ျဖစ္ၿပီး ၎၏ ခရီးစဥ္အတြင္း ႏိုင္ငံေတာ္၏အ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္၊ တပ္မေတာ္ထိပ္ပိုင္း ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံရန္ စီစဥ္ထားသည္။

ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံခရီးသြားလာေရးကိစၥရပ္မ်ားအေပၚ ေျဖေလွ်ာ့ေရးႏွင့္ ကိုဗစ္-၁၉ ေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ား ကို ျပန္လည္ကု စားေရးတို႔ႏွင့္ပတ္သက္၍ေခါင္းေဆာင္မ်ားအၾကား ေဆြးေႏြးရန္ စီစဥ္ထားေၾကာင္း ႏိုင္ငံျခားေရးအဆင့္ျမင့္အရာရွိ ကဆိုသည္။ထို႔အျပင္ ဂ်ပန္သံအမတ္ ႀကီးက ၎တို႔အစိုးရအေနျဖင့္ ျမန္မာအစိုးရ ရင္ဆိုင္ေနရသည့္ စိန္ေခၚမႈမ်ား၊ အထူးသျဖင့္ ၿငိမ္း ခ်မ္းေရး၊ ရခိုင္ျပည္နယ္ အေရး တို႔ႏွင့္ပတ္သက္၍ ျမန္မာျပည္ သူလူထု၊ ျမန္မာႏိုင္ငံႏွင့္အတူ ရပ္တည္ကာ ပူးေပါင္းေဆာင္ ႐ြက္မႈႏွင့္ လိုအပ္သည့္အကူအ ညီမ်ား ေပးမည္ဟု ထည့္သြင္း ေျပာၾကားခဲ့သည္။

ကိုဗစ္-၁၉ ေၾကာင့္ ျမန္မာအစိုးရ၏ လိုအပ္ခ်က္မ်ား ျဖည့္ဆည္းႏိုင္ရန္ ဂ်ပန္အစိုးရက ယန္း ၃၀ ဘီလီယံ အကူအညီေပး ရန္ ေဆာင္႐ြက္ ေနေၾကာင္း ျမန္ မာႏိုင္ငံဆိုင္ရာဂ်ပန္သံအမတ္ ႀကီးက ထုတ္ေဖာ္ေျပာဆိုသည္။ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး၏ ျမန္မာႏိုင္ငံခရီးစဥ္မတိုင္မီ ဂ်ပန္ သံအမတ္ႀကီး မစၥတာမာ႐ုယာမ က ႏိုင္ငံပိုင္သတင္းစာႏွင့္ေတြ႕ ဆုံစဥ္ ယင္းသို႔ ထည့္သြင္းေျဖ ၾကားသည္။ဒီတစ္ေခါက္ ဂ်ပန္ႏိုင္ငံ ျခားေရးဝန္ႀကီး မစၥတာမိုတီဂီ ခရီးစဥ္မွာ ႏွစ္ႏိုင္ငံအၾကား ခရီး သြားလာမႈ ျပန္လည္စတင္ႏိုင္ဖို႔ အတြက္ ပူးေပါင္းေဆာင္႐ြက္ေရး နဲ႔ လတ္ တေလာ အသက္ရႉလမ္း ေၾကာင္းဆိုင္ရာေရာဂါစီမံခ်က္ အပါအဝင္ အမ်ိဳးမ်ိဳးေသာပူး ေပါင္းေဆာင္႐ြက္မႈေတြကို ျမႇင့္ တင္ေဆာင္႐ြက္ေရး နဲ႔ပတ္သက္ ၿပီး ေဆြးေႏြးေႏြးသြားမွာျဖစ္ပါ တယ္’’ ဟု ဂ်ပန္သံအမတ္ႀကီးက ႏိုင္ငံပိုင္သတင္းစာအား ေျပာ သည္။

Credit to 7Day

UNICODE

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုတီဂီ၏ နေပြည်တော် ခရီးစဉ်တွင် နားလည်မှုစာချွန်လွှာ နှင့် သဘောတူညီချက်များ လက် မှတ်ရေးထိုး ရန် စီစဉ်ထားခြင်းမရှိ ကြောင်းနှင့် အထက်ပါ ယန်း ၃၀ ဘီလီယံကိစ္စသည် ဆောင်ရွက် နေဆဲလုပ်ငန်းစဉ် (Ongoing process) ဖြစ်နိုင် ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အ ဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။ အထက်ပါ ဂျပန်နိုင်ငံခြား ရေးဝန်ကြီးသည် ဩဂုတ် ၂၄ မှ ၂၅ ရက်အထိ နေပြည်တော်သို့ လာရောက်မည်ဖြစ်ပြီး ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံခရီးသွားလာရေးကိစ္စရပ်များအပေါ် ဖြေလျှော့ရေးနှင့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများ ကို ပြန်လည်ကု စားရေးတို့နှင့်ပတ်သက်၍ခေါင်းဆောင်များအကြား ဆွေးနွေးရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးအဆင့်မြင့်အရာရှိ ကဆိုသည်။ထို့အပြင် ဂျပန်သံအမတ် ကြီးက ၎င်းတို့အစိုးရအနေဖြင့် မြန်မာအစိုးရ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် ငြိမ်း ချမ်းရေး၊ ရခိုင်ပြည်နယ် အရေး တို့နှင့်ပတ်သက်၍ မြန်မာပြည် သူလူထု၊ မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ကာ ပူးပေါင်းဆောင် ရွက်မှုနှင့် လိုအပ်သည့်အကူအ ညီများ ပေးမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် မြန်မာအစိုးရ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ဂျပန်အစိုးရက ယန်း ၃၀ ဘီလီယံ အကူအညီပေး ရန် ဆောင်ရွက် နေကြောင်း မြန် မာနိုင်ငံဆိုင်ရာဂျပန်သံအမတ် ကြီးက ထုတ်ဖော်ပြောဆိုသည်။ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ဂျပန် သံအမတ်ကြီး မစ္စတာမာရုယာမ က နိုင်ငံပိုင်သတင်းစာနှင့်တွေ့ ဆုံစဉ် ယင်းသို့ ထည့်သွင်းဖြေ ကြားသည်။ဒီတစ်ခေါက် ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာမိုတီဂီ ခရီးစဉ်မှာ နှစ်နိုင်ငံအကြား ခရီး သွားလာမှု ပြန်လည်စတင်နိုင်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်ရေး နဲ့ လတ် တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါစီမံချက် အပါအဝင် အမျိုးမျိုးသောပူး ပေါင်းဆောင်ရွက်မှုတွေကို မြှင့် တင်ဆောင်ရွက်ရေး နဲ့ပတ်သက် ပြီး ဆွေးနွေးနွေးသွားမှာဖြစ်ပါ တယ်’’ ဟု ဂျပန်သံအမတ်ကြီးက နိုင်ငံပိုင်သတင်းစာအား ပြော သည်။

Credit to 7Day

Add a Comment

Your email address will not be published. Required fields are marked *