အၿမဲအစာ ေကြၽးေနသူကို သတိ ရလို႔ အလုပ္ အထိ သြားရွာ ခဲ့တဲ့ ေက်းဇူးသိတတ္တဲ့ လမ္းေဘး ေခြးေလး (႐ုပ္သံ)

Ridhuan ရဲ႕ေျပာျပခ်က္ အရ ေခြးေလး ကို လြန္ခဲ့တဲ့ 3ပတ္က ကမ္းေျခအနားမွာ သူငယ္ခ်င္းေတြ နဲ႔ လမ္းေလွ်ာက္ရင္း ေတြ႕ခဲ့တာပါ ။ အ စပိုင္းမွာေတာ့ ေခြးက 4ေကာင္ေတာင္ရွိေနတဲ့အတြက္ Ridhuan ကေၾကာက္႐ြံေနခဲ့ေပမဲ့ ျမင္ဖန္မ်ားလာေတာ့ ေခြးေလးေတြက Ridh uan အနားသို႔အရင္ခ်ဥ္းကပ္လာၿပီး အစာေတာင္းခဲ့ပါေတာ့တယ္ ။

ထိုအခ်ိန္ကတည္း Ridhuan က ေခြးေလးေတြကိုအၿမဲ အစာေကြၽးခဲ့ၿပီး ၎တို႔ကိုပြတ္သပ္ေပးခဲ့ပါတယ္ ။ေနာက္ပိုင္း အလုပ္မ်ား လြန္းလို႔ Ridhuan ဟာ ေခြးေလးေတြ အနား မသြားႏိုင္ ေတာ့လို႔ ေခြးေလးေတြက ကမ္းေျခ ကေန 200 မီတာ အကြာအေဝးမွာ ရွိ Ridhuan ရဲ႕ အလုပ္ေနရာသို႔ေရာက္ရွိလာခဲ့ၿပီး Ridhuan ကိုအေတာ္ေလး လြမ္းေနတဲ့ပုံနဲ႔လာရွာခဲ့ပါေတာ့တယ္ ။

ေခြးေလး 4ေကာင္ထဲမွ 2ေကာင္ဟာ အဖမ္းခံခဲ့ရၿပီး ၊ က်န္ေနတဲ့ 2ေကာင္သာ Ridhuan ကို လာရွာႏိုင္ခဲ့တာျဖစ္ပါတယ္ ။မေလးရွားႏိုင္ငံ က အသက္ 22ႏွစ္အ႐ြယ္ ၊ Mohd Ridhuan အမည္ရွိတဲ့ အမ်ိဳးသားရဲ႕ Twitter ေပၚမွာ ေဝမွ်ခဲ့တဲ့ video ေလး တစ္ပုဒ္ဟာ အေတာ္ေလး ကို ေရပန္းစားေနလ်က္ရွိပါတယ္ ။ Video ထဲမွာေတာ့ ေခြးေလးဟာအေတာ္ေလးကိုဝမ္းနည္းေနပုံရၿပီး။

နား႐ြက္ႏွစ္ဖက္လုံးကိုခ်ထားၿပီး သူ၏ေခါင္းကိုပြတ္ေပးဖို႔ Ridhuan အနား ခ်ည္းကပ္လာပါေတာ့တယ္ ။ Ridhuan ဟာလည္း ေခြးေလး ရဲ႕ေခါင္းကိုပြတ္ေပးၿပီး ” ငါအခုအိမ္ျပန္ရေတာ့မယ္ ၊ ဝမ္းမနည္းနဲ႔ေနာ္ ၊ ငါမနက္ျဖန္ျပန္လာခဲ့မယ္ ” ဆိုၿပီး ေခြးကေလးကို ႏွစ္သိမ့္ေပးခဲ့ပါ တယ္ ။

Jasmine (Mckzone Daily)

UNICODE

Ridhuan ရဲ့ပြောပြချက် အရ ခွေးလေး ကို လွန်ခဲ့တဲ့ 3ပတ်က ကမ်းခြေအနားမှာ သူငယ်ချင်းတွေ နဲ့ လမ်းလျှောက်ရင်း တွေ့ခဲ့တာပါ ။ အ စပိုင်းမှာတော့ ခွေးက 4ကောင်တောင်ရှိနေတဲ့အတွက် Ridhuan ကကြောက်ရွံနေခဲ့ပေမဲ့ မြင်ဖန်များလာတော့ ခွေးလေးတွေက Ridh uan အနားသို့အရင်ချဉ်းကပ်လာပြီး အစာတောင်းခဲ့ပါတော့တယ် ။

ထိုအချိန်ကတည်း Ridhuan က ခွေးလေးတွေကိုအမြဲ အစာကျွေးခဲ့ပြီး ၎င်းတို့ကိုပွတ်သပ်ပေးခဲ့ပါတယ် ။နောက်ပိုင်း အလုပ်များ လွန်းလို့ Ridhuan ဟာ ခွေးလေးတွေ အနား မသွားနိုင် တော့လို့ ခွေးလေးတွေက ကမ်းခြေ ကနေ 200 မီတာ အကွာအဝေးမှာ ရှိ Ridhuan ရဲ့ အလုပ်နေရာသို့ရောက်ရှိလာခဲ့ပြီး Ridhuan ကိုအတော်လေး လွမ်းနေတဲ့ပုံနဲ့လာရှာခဲ့ပါတော့တယ် ။

ခွေးလေး 4ကောင်ထဲမှ 2ကောင်ဟာ အဖမ်းခံခဲ့ရပြီး ၊ ကျန်နေတဲ့ 2ကောင်သာ Ridhuan ကို လာရှာနိုင်ခဲ့တာဖြစ်ပါတယ် ။မလေးရှားနိုင်ငံ က အသက် 22နှစ်အရွယ် ၊ Mohd Ridhuan အမည်ရှိတဲ့ အမျိုးသားရဲ့ Twitter ပေါ်မှာ ဝေမျှခဲ့တဲ့ video လေး တစ်ပုဒ်ဟာ အတော်လေး ကို ရေပန်းစားနေလျက်ရှိပါတယ် ။ Video ထဲမှာတော့ ခွေးလေးဟာအတော်လေးကိုဝမ်းနည်းနေပုံရပြီး။

နားရွက်နှစ်ဖက်လုံးကိုချထားပြီး သူ၏ခေါင်းကိုပွတ်ပေးဖို့ Ridhuan အနား ချည်းကပ်လာပါတော့တယ် ။ Ridhuan ဟာလည်း ခွေးလေး ရဲ့ခေါင်းကိုပွတ်ပေးပြီး ” ငါအခုအိမ်ပြန်ရတော့မယ် ၊ ဝမ်းမနည်းနဲ့နော် ၊ ငါမနက်ဖြန်ပြန်လာခဲ့မယ် ” ဆိုပြီး ခွေးကလေးကို နှစ်သိမ့်ပေးခဲ့ပါ တယ် ။

Jasmine (Mckzone Daily)

Add a Comment

Your email address will not be published. Required fields are marked *