ျမန္မာတစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ားကို အကန႔္အသတ္မရွိ ယာယီပိတ္သိမ္းေၾကာင္း အေျခခံပညာဒုၫႊန္ခ်ဳပ္ ေျပာၿပီ

မနက္ျဖန္ကစၿပီး တစ္ႏိုင္ငံလုံးက ေက်ာင္းေတြ ပိတ္သိမ္းမွာျဖစ္တယ္။ အကန႔္အသတ္ကေတာ့ မရွိေသးဘူး။ ယာယီပိတ္သိမ္းတာ ျဖစ္ ပါတယ္။ အေျခခံ ဦးစီးဌာနက ဆက္သြယ္လာတာျဖစ္တယ္။ ဇူလိုင္ ၂၁ ရက္က ဖြင့္လွစ္ခဲ့တဲ့ အစိုးရ၊ ကိုယ္ပိုင္ေက်ာင္းေတြကို ယာယီပိတ္ မယ္။ အဲဒါၿပီးရင္ စာထြက္လာ လိမ့္မယ္” ဟု ရန္ကုန္တိုင္းေဒသႀကီး လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာၾကားသည္။

ျမန္မာ တစ္ႏိုင္ငံလုံးတြင္ ဖြင့္လွစ္ထားသည့္ အေျခခံပညာေက်ာင္းမ်ားကို အကန႔္အသတ္မရွိ ပိတ္သိမ္းထားၿပီး မည္သည့္ရက္တြင္ ျပန္ လည္ဖြင့္လွစ္မည္ မသိရေသးေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရး မႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာၾကား သည္။COVID-19 ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရး ေကာ္မတီ (ဗဟို) ၏ လမ္းၫႊန္ခ်က္ျဖင့္ ပိတ္သိမ္းရျခင္းျဖစ္ၿပီး တစ္ႏိုင္ငံလုံးရွိ ေက်ာင္းမ်ားပါဝင္ေၾကာင္း ေဒါက္တာတင္ေမာင္ဝင္းက ေျပာၾကားသည္။

ကိုဗစ္ဗဟိုေကာ္မတီက တိုင္းေဒသႀကီး ျပည္နယ္အစိုးရအဖြဲ႕နဲ႔ ပညာေရးဝန္ႀကီးဌာနကို ေက်ာင္းေတြပိတ္ဖို႔ ၫႊန္ၾကားလာပါတယ္။ ဘာ ေၾကာင့္ပိတ္တယ္ ဆိုတာေတာ့ ကြၽန္ေတာ္တို႔ မသိေသးပါဘူး။ ကြၽန္ေတာ္တို႔ဆီ စာလည္း မေရာက္ေသးပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ပညာေရး ဝန္ႀကီးဌာနက သက္ဆိုင္ရာ ပညာေရးမႉး႐ုံးေတြကို မနက္ျဖန္ကစၿပီး လက္ရွိဖြင့္ေနတဲ့ စာသင္ေက်ာင္းေတြနဲ႔ ဘကေက်ာင္း စုစုေပါင္း ၆၅၂၆ ေက်ာင္းကို မနက္ျဖန္ပိတ္ဖို႔ ၫႊန္ၾကားထားပါတယ္” ဟု ေဒါက္တာတင္ေမာင္ဝင္းက ေျပာၾကားသည္။

ရန္ကုန္တိုင္းအတြင္း အေျခခံပညာ အထက္တန္းေက်ာင္း ၄၀၈ ေက်ာင္းႏွင့္ ကိုယ္ပိုင္ေက်ာင္း ၁၈၉ ေက်ာင္းတို႔ကို ၾသဂုတ္ ၂၇ ရက္မွ စ တင္ကာ ပိတ္သိမ္းမည္ ျဖစ္သည္ဟု ဦးႏိုင္ငံလင္းက ေျပာၾကားသည္။

CRD: ELEVEN MEDIA

UNICODE

မနက်ဖြန်ကစပြီး တစ်နိုင်ငံလုံးက ကျောင်းတွေ ပိတ်သိမ်းမှာဖြစ်တယ်။ အကန့်အသတ်ကတော့ မရှိသေးဘူး။ ယာယီပိတ်သိမ်းတာ ဖြစ် ပါတယ်။ အခြေခံ ဦးစီးဌာနက ဆက်သွယ်လာတာဖြစ်တယ်။ ဇူလိုင် ၂၁ ရက်က ဖွင့်လှစ်ခဲ့တဲ့ အစိုးရ၊ ကိုယ်ပိုင်ကျောင်းတွေကို ယာယီပိတ် မယ်။ အဲဒါပြီးရင် စာထွက်လာ လိမ့်မယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများကို အကန့်အသတ်မရှိ ပိတ်သိမ်းထားပြီး မည်သည့်ရက်တွင် ပြန် လည်ဖွင့်လှစ်မည် မသိရသေးကြောင်း အခြေခံပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြား သည်။COVID-19 ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီ (ဗဟို) ၏ လမ်းညွှန်ချက်ဖြင့် ပိတ်သိမ်းရခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ကျောင်းများပါဝင်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

ကိုဗစ်ဗဟိုကော်မတီက တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနကို ကျောင်းတွေပိတ်ဖို့ ညွှန်ကြားလာပါတယ်။ ဘာ ကြောင့်ပိတ်တယ် ဆိုတာတော့ ကျွန်တော်တို့ မသိသေးပါဘူး။ ကျွန်တော်တို့ဆီ စာလည်း မရောက်သေးပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ပညာရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ ပညာရေးမှူးရုံးတွေကို မနက်ဖြန်ကစပြီး လက်ရှိဖွင့်နေတဲ့ စာသင်ကျောင်းတွေနဲ့ ဘကကျောင်း စုစုပေါင်း ၆၅၂၆ ကျောင်းကို မနက်ဖြန်ပိတ်ဖို့ ညွှန်ကြားထားပါတယ်” ဟု ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း အခြေခံပညာ အထက်တန်းကျောင်း ၄၀၈ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်းတို့ကို သြဂုတ် ၂၇ ရက်မှ စ တင်ကာ ပိတ်သိမ်းမည် ဖြစ်သည်ဟု ဦးနိုင်ငံလင်းက ပြောကြားသည်။

CRD:  ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *