ကိုဗစ်အတည်ပြု သူနာပြုဆရာမထံမှ ဖုန်းခိုးယူခဲ့သူ အမြန်ဆုံးကျန်းမာရေးစစ်ဆေးရန် စစ်တွေဆေးရုံက သတိပေးချက်ထုတ်ပြန်





UNICODE

ဖုန်းခိုးယူမှု ဖြစ်ပွားခဲ့မှုသည် အထက်ပါ သူနာပြုဆရာမနှစ်ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည်ဟု မထုတ် ပြန်မီအချိန်မှာ ဖြစ်ပွား ခဲ့ခြင်းဖြစ်ကာ ထိုအဆောင်အား ကိုဗစ်လူနာများထားသည့် အဆောင်ဖြစ်ကြောင်း ဖုန်းခိုးယူသူအနေ နဲ့ မသိရှိနိုင်ဟုလည်း ထည့်သွင်းရေး သား ထားတာလည်းဖြစ်ပါတယ်။စစ်တွေပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ နှစ်ဦးထံမှ ဖုန်းခိုးယူ သွားသူအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရေးအတွက်သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အမြန်ဆုံးဆက်သွယ်ရန် စစ်တွေဆေးရုံကြီးမှ လက်ထောက်ခွဲစိတ်ဆရာဝန်တစ်ဦးက လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အကြံပြုရေး သားထားချက်အရ သိရပါတယ်။ စစ်တွေပြည်သူ့ဆေးရုံကြီးမှ ဖုန်းခိုးယူခံရသူနှစ်ဦးသည် Covid-19 ကူးစက်ခံရသော လူနာများထားရှိ ရာအဆောင်မှ သူနာပြု ဆရာမနှစ်ယောက်ဖြစ်ကာ ထိုသူနာပြုဆရာမှ နှစ်ယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ ရှိကြောင်း ပြီးခဲ့သည့် ရက် အတွင်းက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဖုန်းခိုးယူသွားသူအနေနဲ့ ထိုသူနာပြုဆရာမ နှစ်ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိသူဖြစ်ကြောင်း သိရှိမှု ရှိမရှိ မသိသော် လည်း ၎င်းသည် ရော ဂါကူးစက်နိုင်ခြေ တော်တော်များနေတယ်လို့ ခွဲစိတ်ဆရာဝန် ဦးမြတ်ကျော်ခိုင်က သူ့ရဲ့လူမှု ကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ထို့ အတွက်ကြောင့် ဖုန်းခိုးယူခဲ့သူအပါအဝင် မိသားစုမှာလည်း စိတ်မချ ရသော အခြေအနေကို ရောက်နေကာ ဖုန်း ပြန်မပေးရင်တောင် Quarantine ဝင်ဖို့/ Swabယူဖို့ လိုအပ်ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများနဲ့ အမြန်ဆုံး ဆက်သွယ်ရန် အကြံပြုထားတာပါ။

source : MyanmarPlatform

Add a Comment

Your email address will not be published. Required fields are marked *