ကိုဗစ္-၁၉ ထိန္းခ်ဳပ္ ေရး ေဆာင္႐ြက္ ေနစဥ္ အတြင္း မေႏွာင့္ယွက္ ရန္ ေအေအ ကို တပ္မေတာ္ သတိေပး ေျပာဆို

ရခိုင္ျပည္နယ္ အတြင္း ၿပီးခဲ့တဲ့ သီတင္းပတ္က စလို႔ ကိုဗစ္-၁၉ အတည္ျပဳ လူနာေတြ႕ရွိမႈ မ်ားျပားလာတဲ့ အတြက္ ေရာဂါကာကြယ္၊ ထိန္း ခ်ဳပ္၊ ကုသႏိုင္ေရး အတြက္ တပ္မေတာ္ေဆးကုသေရး အဖြဲ႕နဲ႔အတူ ေဆးဝါး၊ Oxygen Plant စက္ပစၥည္း ၁ စုံ၊ ေဆး အေထာက္အကူျပဳ စက္၊ ေဆးပစၥည္း ၁၃၄ မ်ိဳး၊ အသုံးအေဆာင္ ပစၥည္းနဲ႔ စားေသာက္ကုန္မ်ိဳးစုံကို မေန႔က တပ္မေတာ္ ေလယာဥ္ႏွစ္စီးနဲ႔ ဒုတိယအႀကိမ္ ပို႔ေဆာင္ခဲ့တယ္လို႔ တပ္မေတာ္က သတင္း ထုတ္ထားပါတယ္။

ရခိုင္ျပည္နယ္ထဲမွာ ဩဂုတ္ ၁၆ ရက္ကေန ဒီေန႔မနက္ အထိ ကိုဗစ္-၁၉ လူနာ ၁၈၄ ဦး ေတြ႕ရွိထားၿပီး ရခိုင္ျပည္နယ္ တခုလုံးမွာ ဒီကေန႔မ နက္ စတင္ၿပီး Stay at Home အစီအစဥ္လိုက္နာၾကဖို႔ အမိန႔္ထုတ္ျပန္ထားပါတယ္။လက္ရွိ အခ်ိန္ ရခိုင္ျပည္နယ္မွာ ကိုဗစ္-၁၉ ေရာဂါ ထိန္းခ်ဳပ္ ႏိုင္ေရး အတြက္ အေရးတႀကီး လုပ္ေဆာင္ရမယ့္ အခ်ိန္ျဖစ္တဲ့အတြက္ ေအေအအဖြဲ႕က မေႏွာင့္ယွက္ ဖို႔ အေရးႀကီးတယ္လို႔ တပ္ မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က သတိေပး ေျပာၾကားလိုက္ပါတယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္-၁၉ မျပန႔္ပြားေအာင္ ေဆာင္႐ြက္ေနတဲ့ အခ်ိန္မွာ တပ္မေတာ္ အေနနဲ႔ ျပည္သူေတြရဲ႕ အသက္အိုးအိမ္နဲ႔ လမ္းပမ္း ဆက္သြယ္မႈလုံၿခဳံေရးကို ေဆာင္႐ြက္ေနတာကို ေအေအအဖြဲ႕အေနနဲ႔ ေႏွာင့္ယွက္ လာခဲ့ရင္ တပ္မေတာ္က တန္ျပန္ လုံၿခဳံေရးအရေဆာင္ ႐ြက္ရ လိမ့္မယ္ လို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။တပ္မေတာ္ အေနနဲ႔ ရခိုင္ျပည္နယ္မွာ ကိုဗစ္-၁၉ ကူးစက္ခံရသူ ေတြ ကို ထားရွိဖို႔အတြက္ စစ္ေတြမွာရွိတဲ့ အမွတ္ ၈ စစ္ေျမျပင္ေဆး တပ္ရင္းမွာ ကုတင္ ၄၀ နဲ႔ အမွတ္ ၁၇ တပ္မေတာ္ ေဆး႐ုံ ကုတင္ ၁၀၀ မွာ ကုတင္ ၈၀ စုစုေပါင္း ကုတင္ ၁၂၀ အဆင္သင့္ျပင္ဆင္ေဆာင္႐ြက္ေပးထား တယ္လို႔လည္း ဆိုပါတယ္။

CRD: ဒီဗြီဘီ

UNICODE

ရခိုင်ပြည်နယ် အတွင်း ပြီးခဲ့တဲ့ သီတင်းပတ်က စလို့ ကိုဗစ်-၁၉ အတည်ပြု လူနာတွေ့ရှိမှု များပြားလာတဲ့ အတွက် ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသနိုင်ရေး အတွက် တပ်မတော်ဆေးကုသရေး အဖွဲ့နဲ့အတူ ဆေးဝါး၊ Oxygen Plant စက်ပစ္စည်း ၁ စုံ၊ ဆေး အထောက်အကူပြု စက်၊ ဆေးပစ္စည်း ၁၃၄ မျိုး၊ အသုံးအဆောင် ပစ္စည်းနဲ့ စားသောက်ကုန်မျိုးစုံကို မနေ့က တပ်မတော် လေယာဉ်နှစ်စီးနဲ့ ဒုတိယအကြိမ် ပို့ဆောင်ခဲ့တယ်လို့ တပ်မတော်က သတင်း ထုတ်ထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဩဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက် အထိ ကိုဗစ်-၁၉ လူနာ ၁၈၄ ဦး တွေ့ရှိထားပြီး ရခိုင်ပြည်နယ် တခုလုံးမှာ ဒီကနေ့မ နက် စတင်ပြီး Stay at Home အစီအစဉ်လိုက်နာကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။လက်ရှိ အချိန် ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် နိုင်ရေး အတွက် အရေးတကြီး လုပ်ဆောင်ရမယ့် အချိန်ဖြစ်တဲ့အတွက် အေအေအဖွဲ့က မနှောင့်ယှက် ဖို့ အရေးကြီးတယ်လို့ တပ် မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က သတိပေး ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ မပြန့်ပွားအောင် ဆောင်ရွက်နေတဲ့ အချိန်မှာ တပ်မတော် အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ လမ်းပမ်း ဆက်သွယ်မှုလုံခြုံရေးကို ဆောင်ရွက်နေတာကို အေအေအဖွဲ့အနေနဲ့ နှောင့်ယှက် လာခဲ့ရင် တပ်မတော်က တန်ပြန် လုံခြုံရေးအရဆောင် ရွက်ရ လိမ့်မယ် လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။တပ်မတော် အနေနဲ့ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ တွေ ကို ထားရှိဖို့အတွက် စစ်တွေမှာရှိတဲ့ အမှတ် ၈ စစ်မြေပြင်ဆေး တပ်ရင်းမှာ ကုတင် ၄၀ နဲ့ အမှတ် ၁၇ တပ်မတော် ဆေးရုံ ကုတင် ၁၀၀ မှာ ကုတင် ၈၀ စုစုပေါင်း ကုတင် ၁၂၀ အဆင်သင့်ပြင်ဆင်ဆောင်ရွက်ပေးထား တယ်လို့လည်း ဆိုပါတယ်။

CRD:  ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *