ကျွန်တော့် ဖန်တွေက မရိုင်းကြတဲ့ အတွက် ဖြူဖြူထွေး ကို မဆဲ ကြတာလို့ ဒဲ့ပြော လာတဲ့ မင်းခန့်ကျော်(ရုပ်သံ)




CRD: Min Khant Kyaw

UNICODE

အမှန်တရားအတွက် အမြဲတမ်း တိုက်ခိုက်နေအုံးမှာ၊စေတနာကို နားမလည်တဲ့ တစ်ချို့ သူတွေကိုပြောပြန်ရင်လဲ ရိုင်းတယ်လို့ ကျွန်တော့် ကို ပြောကြအုံးမှာ တကယ်တော့ ဦးနှောက်မရှိတာ….သူနဲ့ကျွန်တော် တစ်ရက်မှာတွေ့ပြီး နှစ်ယောက်လုံး ရဲ့ ကြေအေးမှု့နဲ့ အား လုံးရဲ့ ရှေ့ ကို အမှားအမှန်ချပြ ပေးသွားမှာပါလို့ ရုပ်ရှင်အစည်းအရုံးမှာ ဖြူဖြူထွေးတိုင်ထားတဲ့ ကိစ္စနဲ့ ပက်သတ်ပြီး မင်းခန့်ကျော် ပြော လာပါတယ်။

မင်းခန့်ကျော် ကတော့ ပရိသတ် တွေရဲ့ချစ်ခင်အားပေးမှုကို ပိုင်ဆိုင် ရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူကတော့ အမှန်တရားကို မြတ်နိုးသူ တစ်ယောက်ဖြစ်ပြီး ပွင့်ပွင်လင်းလင်းပဲပြောဆိုတတ်သူ တစ်ယောက်ပါ။လက်ရှိမှာတော့မင်းခန့်ကျော်ဟာ ဖြူဖြူထွေးအပေါ် ဝေဖန်ပြောဆိုမှုတွေကြောင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးသို့တိုင်ကြားခြင်းခံခဲ့ရပါတယ်။

ဒီတိုင်ကြားမှုတွေကြောင့်လည်း မင်းခန့် ကျော်က ဒီကနေ့မနက်ပိုင်းမှာ ပဲမြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ လာရောက်ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးသို့လာရောက် ဖြေရှင်းခဲ့မင်းခန့်ကျော်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည် ဖော်ပြပေး လိုက်ပါတယ်နော်။

CRD:  Min Khant Kyaw

Add a Comment

Your email address will not be published. Required fields are marked *