ရစရာရွိတဲ့ အေႂကြး(၄)ေထာင္ ရရာမွ က်ပ္သိန္း(၂)ေထာင္ထိ ကံထူး ခဲ့တဲ့ အံ့ဖြယ္ကံထူးရွင္ ေဈးသည္လင္မယား

လြန္ခဲ့တဲ့ ၁၀ ႏွစ္က အျဖစ္ပ်က္တစ္ခုပါ။ ဒီအျဖစ္အပ်က္ေလးဟာအမွန္တကယ္ ျဖစ္ခဲ့ေသာ ျဖစ္ရပ္မွန္တစ္ခု ျဖစ္ၿပီး ယခုအခ်ိန္ထိ ျပန္ ေျပာင္းေျပာဆိုလို႔ မဆုံးႏိုင္ျဖစ္ေနၾကတာပဲ။ စိတ္ေစတနာအက်ိဳးေပးနဲ႔ ႐ိုးသားမႈဟာ တစ္ခ်ိန္ခ်ိန္မွာေတာ့ အက်ိဳးေပးရစၿမဲပါေနာ္။ အ ေႂကြးေလးေထာင္ရရာမွ က်ပ္သိန္းႏွစ္ေထာင္ ထိ ကံထူးခဲ့တဲ့ ေစတနာရွင္ ေဈးသည္လင္မယား(၂)ေယာက္ အေၾကာင္းပါ။ လုံးခင္း႐ြာေလး ကို လင္မယား၂ေယာက္တက္လာၿပီး အလုပ္လာလုပ္ၾကသတဲ့။ အသက္ကေတာ့ ၅၀ ေက်ာ္ေနပါၿပီ။

ေယာက္်ားျဖစ္သူဟာ လက္သမားအလုပ္ကို လုပ္ကိုင္ပါတယ္။ မယားျဖစ္သူကေတာ့ ေကာက္ညႇင္းထုပ္ မုန႔္ဖက္ထုပ္ တိုဟူးသုပ္ စတာ ေတြ ကို ေရာင္းပါတယ္။ ေယာက်ာ္း ျဖစ္သူကလည္း ဝင္ေငြပုံမွန္ရတဲ့ လက္သမား အလုပ္ကိုသာလုပ္ကိုင္ၿပီး မိန္းမျဖစ္သူကလည္း မုန႔္ လွည့္လည္ေရာင္းရင္း ဝင္ေငြရွာၾကပါတယ္။ မိန္းမျဖစ္သူဟာ စိတ္ရင္းေစတနာေကာင္းပါတယ္။ အယုတ္အလတ္ အျမတ္မပဲ ဖိုးသမား ဘိန္းသမားကစ အဆင္မေျပသူမ်ားကို ေကြၽးေမြးတတ္တဲ့ အက်င့္ရွိပါတယ္။

မုန႔္လွည့္လည္ ေရာင္းတဲ့ မိန္းမျဖစ္သူဆီမွာ အေႂကြးဝယ္စားေနရတဲ့ ေရမေဆးသမားေလး တစ္ေယာက္ရွိပါတယ္။ တစ္ေန႔မွာ ေရမေဆး သမားေလးကလည္း ေက်ာက္ရလာပါတယ္။ ေက်ာက္က ၄ေထာင္ ၅ေထာင္ ေလာက္တန္မယ္လို႔ ခန႔္မွန္းၿပီး ျပန္လာခဲ့တာေပါ့။ လမ္းတစ္ ေနရာမွာေတာ့ မုန႔္သည္အမ်ိဳးသမီးနဲ႔ ေတြ႕ပါတယ္။ မုန႔္သည္ျဖစ္သူမိန္းမဟာလည္း သေဘာေကာင္း စိတ္ရင္းေစတနာေကာင္းသူမို႔ ေရမ ေဆးသမားေလးကို မုန႔္ေကြၽးပါတယ္။ ရစရာရွိတဲ့ အေႂကြးကိုလည္း မေတာင္းပါဘူး။

ေရမေဆးသမားေလးကလည္း အန္တီ သားဒီေန႔ ေက်ာက္ရလာပါတယ္။ ၄ေထာင္၅ေထာင္ ေလာက္ေတာ့ တန္မယ္ အန္တီ ယူသြားလိုက္ ပါလို႔ ေပးပါတယ္။ မိန္းမျဖစ္သူမုန႔္သည္က ျငင္းပါတယ္။ အန္တီတို႔က ေမွာ္ထဲေရာက္တာ ၂ႏွစ္ေလာက္ရွိေပမယ့္ ေက်ာက္ကိုနားမလည္ ပါဘူး။ အန္တီေယာက္်ားကလည္း လက္သမားပဲလုပ္တာမို႔ ေက်ာက္အေၾကာင္း နားမလည္ပါဘူး။ ဒါေၾကာင့္ သားပဲျပန္ယူထားလိုက္ပါလို႔ ေျပာေပမယ့္ ေရမေဆးသမားေလးက အန္တီလည္း ကံစမ္းရေအာင္ယူသြားလိုက္ပါလို႔ အတင္း ထည့္ေပးလိုက္ပါတယ္။

အဲ့တာ မုန႔္သည္ မိန္းမျဖစ္သူကလည္း ယူလာခဲ့ရပါေတာ့တယ္။ အိမ္ေရာက္တဲ့အခါ ေရခ်ိဳးထမင္းစားၿပီးတဲ့အခါမွ ေက်ာက္ေလးကို သတိ ရၿပီး ေယာက္်ား ျဖစ္သူကို အက်ိဳးေၾကာင္း ေျပာျပၿပီး အိမ္ေဘးနားက ျဖတ္ခုံမွာ ေက်ာက္ကို ျဖတ္လိုက္ပါတယ္။ ၂၀သား ေလာက္ရွိတဲ့ ေက်ာက္ေလးက ေအာင္ပါၿပီ။ ေက်ာက္ကိုေရာင္းတဲ့ အခ်ိန္မွာေတာ့ ေငြသား သိန္း ၂၀၀၀ ရပါတယ္။ သူတို႔လင္မယားဟာလည္း ေက်ာက္ ေရာင္း ေငြ သိန္း ၂၀၀၀ ထဲမွ သိန္း ၁၀၀၀ကို ေရမေဆးသမားေလးကို ျပန္လည္ခြဲေဝေပးပါတယ္။

REF: LET PAN

UNICODE

လွန်ခဲ့တဲ့ ၁၀ နှစ်က အဖြစ်ပျက်တစ်ခုပါ။ ဒီအဖြစ်အပျက်လေးဟာအမှန်တကယ် ဖြစ်ခဲ့သော ဖြစ်ရပ်မှန်တစ်ခု ဖြစ်ပြီး ယခုအချိန်ထိ ပြန် ပြောင်းပြောဆိုလို့ မဆုံးနိုင်ဖြစ်နေကြတာပဲ။ စိတ်စေတနာအကျိုးပေးနဲ့ ရိုးသားမှုဟာ တစ်ချိန်ချိန်မှာတော့ အကျိုးပေးရစမြဲပါနော်။ အ ကြွေးလေးထောင်ရရာမှ ကျပ်သိန်းနှစ်ထောင် ထိ ကံထူးခဲ့တဲ့ စေတနာရှင် ဈေးသည်လင်မယား(၂)ယောက် အကြောင်းပါ။ လုံးခင်းရွာလေး ကို လင်မယား၂ယောက်တက်လာပြီး အလုပ်လာလုပ်ကြသတဲ့။ အသက်ကတော့ ၅၀ ကျော်နေပါပြီ။

ယောက်ျားဖြစ်သူဟာ လက်သမားအလုပ်ကို လုပ်ကိုင်ပါတယ်။ မယားဖြစ်သူကတော့ ကောက်ညှင်းထုပ် မုန့်ဖက်ထုပ် တိုဟူးသုပ် စတာ တွေ ကို ရောင်းပါတယ်။ ယောကျာ်း ဖြစ်သူကလည်း ဝင်ငွေပုံမှန်ရတဲ့ လက်သမား အလုပ်ကိုသာလုပ်ကိုင်ပြီး မိန်းမဖြစ်သူကလည်း မုန့် လှည့်လည်ရောင်းရင်း ဝင်ငွေရှာကြပါတယ်။ မိန်းမဖြစ်သူဟာ စိတ်ရင်းစေတနာကောင်းပါတယ်။ အယုတ်အလတ် အမြတ်မပဲ ဖိုးသမား ဘိန်းသမားကစ အဆင်မပြေသူများကို ကျွေးမွေးတတ်တဲ့ အကျင့်ရှိပါတယ်။

မုန့်လှည့်လည် ရောင်းတဲ့ မိန်းမဖြစ်သူဆီမှာ အကြွေးဝယ်စားနေရတဲ့ ရေမဆေးသမားလေး တစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရေမဆေး သမားလေးကလည်း ကျောက်ရလာပါတယ်။ ကျောက်က ၄ထောင် ၅ထောင် လောက်တန်မယ်လို့ ခန့်မှန်းပြီး ပြန်လာခဲ့တာပေါ့။ လမ်းတစ် နေရာမှာတော့ မုန့်သည်အမျိုးသမီးနဲ့ တွေ့ပါတယ်။ မုန့်သည်ဖြစ်သူမိန်းမဟာလည်း သဘောကောင်း စိတ်ရင်းစေတနာကောင်းသူမို့ ရေမ ဆေးသမားလေးကို မုန့်ကျွေးပါတယ်။ ရစရာရှိတဲ့ အကြွေးကိုလည်း မတောင်းပါဘူး။

ရေမဆေးသမားလေးကလည်း အန်တီ သားဒီနေ့ ကျောက်ရလာပါတယ်။ ၄ထောင်၅ထောင် လောက်တော့ တန်မယ် အန်တီ ယူသွားလိုက် ပါလို့ ပေးပါတယ်။ မိန်းမဖြစ်သူမုန့်သည်က ငြင်းပါတယ်။ အန်တီတို့က မှော်ထဲရောက်တာ ၂နှစ်လောက်ရှိပေမယ့် ကျောက်ကိုနားမလည် ပါဘူး။ အန်တီယောက်ျားကလည်း လက်သမားပဲလုပ်တာမို့ ကျောက်အကြောင်း နားမလည်ပါဘူး။ ဒါကြောင့် သားပဲပြန်ယူထားလိုက်ပါလို့ ပြောပေမယ့် ရေမဆေးသမားလေးက အန်တီလည်း ကံစမ်းရအောင်ယူသွားလိုက်ပါလို့ အတင်း ထည့်ပေးလိုက်ပါတယ်။

အဲ့တာ မုန့်သည် မိန်းမဖြစ်သူကလည်း ယူလာခဲ့ရပါတော့တယ်။ အိမ်ရောက်တဲ့အခါ ရေချိုးထမင်းစားပြီးတဲ့အခါမှ ကျောက်လေးကို သတိ ရပြီး ယောက်ျား ဖြစ်သူကို အကျိုးကြောင်း ပြောပြပြီး အိမ်ဘေးနားက ဖြတ်ခုံမှာ ကျောက်ကို ဖြတ်လိုက်ပါတယ်။ ၂၀သား လောက်ရှိတဲ့ ကျောက်လေးက အောင်ပါပြီ။ ကျောက်ကိုရောင်းတဲ့ အချိန်မှာတော့ ငွေသား သိန်း ၂၀၀၀ ရပါတယ်။ သူတို့လင်မယားဟာလည်း ကျောက် ရောင်း ငွေ သိန်း ၂၀၀၀ ထဲမှ သိန်း ၁၀၀၀ကို ရေမဆေးသမားလေးကို ပြန်လည်ခွဲဝေပေးပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *