အွန်လိုင်းပေါ် မှာ ဂယက်ထလောက်အောင် လူကြည့်များနေတဲ့ စုလှိုင်ဝင်း ရဲ့ အက ဗီဒီယိုအသစ်
CRD: LET PAN
UNICODE
ဟာခနဲဖြစ်သွားစေမယ့် စုလှိုင်ဝင်း ရဲ့အမိုက်စား အကဗီဒီယိုထူးခြားတဲ့ အကဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားထားနိုင်တဲ့ စုလှိုင်ဝင်းကတော့ အခုဆိုရင် အားပေးတဲ့ပရိသတ် အခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ စုလှိုင်ဝင်း ရဲ့ အချစ်ရေးကတော့ အခုချိန်ထိကို အေးဆေး ငြိမ်သက်နေဆဲပါပဲ။
အကပိုင်းမှာ ထူးချွန်လွန်းသူလေး တစ်ဦးဖြစ်တဲ့ စုလှိုင်ဝင်းကတော့ ထူးခြားတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပုရိသကိုကိုတို့ ရဲ့ နှလုံးသားကို အပိုင်သိမ်းထားနိုင်သူလေး တစ်ဦးဆိုရင်လည်း မမှားပါဘူး။ အမြဲလိုလို Cover Dance ဗီဒီယိုလေးတွေကို ပုံစံအမျိုးမျိုးနဲ့ က ပြလေ့ရှိတဲ့ စုလှိုင်ဝင်းကတော့ အလန်းစားကကွက်တွေ နဲ့ ပရိသတ်တွေကို ဖမ်းစားလေ့ ရှိပါတယ်။
လတ်တလောမှာလည်း ကိုရီးယားအဆိုတော်မလေး Sunmiရဲ့ နာမည်ကြီး သီချင်းတွေဖြစ်တဲ့ Gashina နဲ့ Siren သီချင်း ၂ပုဒ်ကို အလန်း စား ကပြခဲ့တာကြောင့် ပရိသတ်တွေအားလုံးက သဘောကျနေကြတာပါ။ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေကို ပါးပါးလျလျလေး လှစ်ဟာပြသွားတဲ့ သူမရဲ့ကကွက်တွေကတော့ ရင်ဖိုစရာကောင်းလှပါတယ်နော်။
CRD: LET PAN