ေမ့ေျမာေနသည္ ဆိုေသာ သတင္းမွားမ်ားကို ေခ်ဖ်က္ကာ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း ကိုဗစ္နဲ႔ မုန္တိုင္း အစည္းအေဝးတက္

ၿပီးခဲ့တဲ့ လက ေျမာက္ကိုရီးယားမွာ ေတာင္ကိုရီးယားဘက္က ျပန္လာတဲ့ ျပည္ေျပးတစ္ေယာက္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံထား ရ တယ္လို႔ သံသယရွိၿပီးတဲ့ေနာက္ နယ္စပ္ေကေဆာင္ၿမိဳ႕မွာ ေလာ့ေဒါင္းေတြ ခ်မွတ္ခဲ့ပါတယ္။ ဒီလ အေစာပိုင္းမွာ ကန႔္သတ္မႈေတြ ေျဖ ေလွ်ာ့ေပးခဲ့ၿပီး ေရာဂါကူးစက္မႈ ကိုေတာ့ အတည္ျပဳခဲ့ျခင္း မရွိပါဘူး။ေျမာက္ကိုရီးယားမွာ အဂၤါေန႔က ကင္ဂ်ဳံအန္ ဦးေဆာင္တဲ့ အာဏာ ရအလုပ္သမားပါတီ အစည္းအေဝးက်င္းပခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္နဲ႔ တိုင္ဖြန္းမုန္တိုင္း သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။

ကင္ဂ်ဳံအန္ဟာ သူ႔ရဲ႕ညီမျဖစ္တဲ့ ကင္ယိုဂ်ဳံကို အာဏာတခ်ိဳ႕လႊဲေျပာင္းေပးခဲ့တယ္လို႔ ေတာင္ကိုရီးယား လွ်ိဳ႕ဝွက္ စုံစမ္းေရးေအဂ်င္စီက ေျပာဆိုခဲ့ၿပီး တဲ့ေနာက္ ကင္ဟာ အခုလို အစည္းအေဝးပြဲ ဦးေဆာင္က်င္းပတဲ့ ပုံရိပ္ေတြ ထြက္ေပၚ လာတာျဖစ္ပါတယ္။ ကင္ဟာ အစည္း အေဝးမွာ ကပ္ေရာဂါတိုက္ဖ်က္ေရး အေရးအေပၚအေျခအေနရဲ႕ ခြၽတ္ယြင္းခ်က္ေတြကို အကဲျဖတ္ခဲ့တယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံဌာနမွ ထုတ္ လႊင့္ခဲ့ပါတယ္။ေျမာက္ကိုရီးယားမွာ ယခုသီတင္းပတ္ အတြင္း တိုက္ခတ္မယ္လို႔ ခန႔္မွန္း ထားတဲ့ တိုင္ဖြန္းမုန္တိုင္း ဘာဗီေၾကာင့္။

သီးႏွံေတြ ပ်က္စီးဆုံးရႈံးမႈမရွိေအာင္နဲ႔ လူေတြအေသအေပ်ာက္မရွိေအာင္ အေရးေပၚစီမံခ်က္ေတြနဲ႔ ပတ္သက္ၿပီး အစည္းအေဝးမွာ ေဆြး ေႏြးခဲ့ၾကတယ္လို႔ သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ကင္ရဲ႕က်န္းမာေရး အေျခအေနဟာ ယိုယြင္းပ်က္စီးေနၿပီလို႔ ေလ့လာ သုံးသပ္သူေတြ က မွန္းဆေနခဲ့ၾကတာပါ။ ဒီႏွစ္အေစာပိုင္းကလည္း ကင္ဟာ သီတင္းပတ္သုံးပတ္ေလာက္ေပ်ာက္ေနခဲ့ၿပီး ေျမာက္ကိုရီးယား တည္ေထာင္ သူ အဖိုးျဖစ္သူရဲ႕ ေမြးေန႔ႏွစ္ပတ္လည္ အခမ္းအနားက်င္းပခဲ့တဲ့ ဧၿပီလကမွ အမ်ားျပည္သူျမင္ကြင္းေရွ႕ကို ျပန္လည္ေပၚထြက္ လာခဲ့တာ ျဖစ္ပါတယ္။

CRD: LET PAN

UNICODE

ပြီးခဲ့တဲ့ လက မြောက်ကိုရီးယားမှာ တောင်ကိုရီးယားဘက်က ပြန်လာတဲ့ ပြည်ပြေးတစ်ယောက်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထား ရ တယ်လို့ သံသယရှိပြီးတဲ့နောက် နယ်စပ်ကေဆောင်မြို့မှာ လော့ဒေါင်းတွေ ချမှတ်ခဲ့ပါတယ်။ ဒီလ အစောပိုင်းမှာ ကန့်သတ်မှုတွေ ဖြေ လျှော့ပေးခဲ့ပြီး ရောဂါကူးစက်မှု ကိုတော့ အတည်ပြုခဲ့ခြင်း မရှိပါဘူး။မြောက်ကိုရီးယားမှာ အင်္ဂါနေ့က ကင်ဂျုံအန် ဦးဆောင်တဲ့ အာဏာ ရအလုပ်သမားပါတီ အစည်းအဝေးကျင်းပခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ တိုင်ဖွန်းမုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ သူ့ရဲ့ညီမဖြစ်တဲ့ ကင်ယိုဂျုံကို အာဏာတချို့လွှဲပြောင်းပေးခဲ့တယ်လို့ တောင်ကိုရီးယား လျှို့ဝှက် စုံစမ်းရေးအေဂျင်စီက ပြောဆိုခဲ့ပြီး တဲ့နောက် ကင်ဟာ အခုလို အစည်းအဝေးပွဲ ဦးဆောင်ကျင်းပတဲ့ ပုံရိပ်တွေ ထွက်ပေါ် လာတာဖြစ်ပါတယ်။ ကင်ဟာ အစည်း အဝေးမှာ ကပ်ရောဂါတိုက်ဖျက်ရေး အရေးအပေါ်အခြေအနေရဲ့ ချွတ်ယွင်းချက်တွေကို အကဲဖြတ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာနမှ ထုတ် လွှင့်ခဲ့ပါတယ်။မြောက်ကိုရီးယားမှာ ယခုသီတင်းပတ် အတွင်း တိုက်ခတ်မယ်လို့ ခန့်မှန်း ထားတဲ့ တိုင်ဖွန်းမုန်တိုင်း ဘာဗီကြောင့်။

သီးနှံတွေ ပျက်စီးဆုံးရှုံးမှုမရှိအောင်နဲ့ လူတွေအသေအပျောက်မရှိအောင် အရေးပေါ်စီမံချက်တွေနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာ ဆွေး နွေးခဲ့ကြတယ်လို့ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ကင်ရဲ့ကျန်းမာရေး အခြေအနေဟာ ယိုယွင်းပျက်စီးနေပြီလို့ လေ့လာ သုံးသပ်သူတွေ က မှန်းဆနေခဲ့ကြတာပါ။ ဒီနှစ်အစောပိုင်းကလည်း ကင်ဟာ သီတင်းပတ်သုံးပတ်လောက်ပျောက်နေခဲ့ပြီး မြောက်ကိုရီးယား တည်ထောင် သူ အဖိုးဖြစ်သူရဲ့ မွေးနေ့နှစ်ပတ်လည် အခမ်းအနားကျင်းပခဲ့တဲ့ ဧပြီလကမှ အများပြည်သူမြင်ကွင်းရှေ့ကို ပြန်လည်ပေါ်ထွက် လာခဲ့တာ ဖြစ်ပါတယ်။

CRD:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *