ေရာဂါ ဆိုး ဒုကၡ မေပးႏိုင္ ေအာင္ မဟာသမယသုတ္ ကို ပူေဇာ္ျခင္းျဖင့္ ကာကြယ္နည္း

ဒီလိုမ်ိဳး နတ္ျမတ္ နတ္ေကာင္း နတ္အေပါင္းတို႔ကကိုယ့္နီး ပတ္ဝန္းက်င္မွာ ဝန္းရံေစာင့္ေရွာက္ၾကမယ္-ဆိုရင္၊ ေဘးဆိုး ၊ အႏၲရာယ္ဆိုး ၊ေရာဂါဆိုးအပါဝင္မေကာင္းတဲ့အရာ အားလုံး ကိုယ့္ကို ဒုကၡေပးႏိုင္ေတာ့မွာ မဟုတ္ေပ ။အခုလို ( ကိုဗစ္ – ၁၉ ) ေရာဂါဆန္းဆန္း ျပား ျပားေတြဒုကၡေပးေနတဲ့အခ်ိန္မွာ ” မဟာသမယသုတ္”ေတာ္” ရတနသုတ္”ေတာ္။ “ေမတၱသုတ္”ေတာ္တို႔ကို ႐ြတ္ဆို ပြားမ်ားကာသစၥာ , ေမတၱာတို႔၏ တန္ခိုးေတာ္ ၊ အစြမ္းသတၱိတို႔ကိုခံယူေတာ္မူၾကကုန္ေလာ့ ။

ကမာၻေျမ ႀကီးျမန္ျမန္ေနေကာင္းေစရန္သစၥာဓိ႒ာန္ျပဳၾကပါရန္ “ဓမၼမိတ္ေဆြ”မ်ားကိုအေလးအနက္ တိုက္တြန္းအပ္ပါတယ္။ မဟာ သမယသုတ္ ကို ႐ြတ္ဖတ္ ပူေဇာ္ ပါက”ေဒဝတာနံံ = နတ္တို႔သည္ ၊ ပီယံ = ခ်စ္အပ္၏ ။မနာပံ = စိတ္ကိုပြားေစတတ္ ၏(ဝါ)စိတ္ျဖင့္ ေရာက္အပ္၏။ဤကဲ့ သို႔ အ႒ကထာဆရာ မိန႔္ဆိုထား ေသာေၾကာင့္ ေကာင္းျမတ္ေသာ မဂၤလာတရား မ်ား ျဖစ္ေပၚေစရန္” မဟာသမ ယသုတ္”ကို ႐ြတ္ဆို ရမည္။

နတ္ တို႔သည္ =ခ်စ္အပ္သည္၏အျဖစ္ ၊စိတ္ကိုပြားေစတတ္သည္၏အျဖစ္ကို ရေစႏိုင္ေသာ”မဟာသမယသုတ္ေတာ္”ကို႐ြတ္ဆို ပူေဇာ္ ၾကကုန္ေလာ့“မဟာသမယသုတ္ေတာ္ႀကီး ကို နာယူခြင့္ႀကဳံခဲ့ရတဲ့နတ္ေတြ ျဗဟၼာေတြက အဲ့ဒီတုံးက “ဘုရား ရဟႏၲာေတြကို ရွိခိုးၾကရ တာကို ျပန္သတိရၿပီး ဝမ္းေျမာက္ ဝမ္းသာျဖစ္ၾကလိမ့္မည္ “သူတို႔ေတြ ဝမ္းေျမာက္ ဝမ္းသာျဖစ္ၾကတာနဲ႔အမွ် ဒီလိုကုသိုလ္ေတြကို ျပန္ လည္သတိရေစတဲ့ …

ဗုဒၶဘုရားရွင္ရဲ႕”မဟာသမယသုတ္”ေတာ္ႀကီးကို ႐ြတ္ဆိုပြားမ်ားၾကတဲ့ ပုဂၢိဳလ္အားလုံးကိုလည္း ေက်းဇူးတတင္နဲ႔ ကူညီၾကမည္မွာ ေသခ်ာလွပါသည္ ။(ကမာၻေျမႀကီးျမန္ျမန္ေနေကာင္းပါေစ)

26.8.2020.ဗုဒၶဟူးေန႔Thi Lar Nanda

UNICODE

ဒီလိုမျိုး နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့ကကိုယ့်နီး ပတ်ဝန်းကျင်မှာ ဝန်းရံစောင့်ရှောက်ကြမယ်-ဆိုရင်၊ ဘေးဆိုး ၊ အန္တရာယ်ဆိုး ၊ရောဂါဆိုးအပါဝင်မကောင်းတဲ့အရာ အားလုံး ကိုယ့်ကို ဒုက္ခပေးနိုင်တော့မှာ မဟုတ်ပေ ။အခုလို ( ကိုဗစ် – ၁၉ ) ရောဂါဆန်းဆန်း ပြား ပြားတွေဒုက္ခပေးနေတဲ့အချိန်မှာ ” မဟာသမယသုတ်”တော်” ရတနသုတ်”တော်။ “မေတ္တသုတ်”တော်တို့ကို ရွတ်ဆို ပွားများကာသစ္စာ , မေတ္တာတို့၏ တန်ခိုးတော် ၊ အစွမ်းသတ္တိတို့ကိုခံယူတော်မူကြကုန်လော့ ။

ကမ္ဘာမြေ ကြီးမြန်မြန်နေကောင်းစေရန်သစ္စာဓိဋ္ဌာန်ပြုကြပါရန် “ဓမ္မမိတ်ဆွေ”များကိုအလေးအနက် တိုက်တွန်းအပ်ပါတယ်။ မဟာ သမယသုတ် ကို ရွတ်ဖတ် ပူဇော် ပါက”ဒေဝတာနံံ = နတ်တို့သည် ၊ ပီယံ = ချစ်အပ်၏ ။မနာပံ = စိတ်ကိုပွားစေတတ် ၏(ဝါ)စိတ်ဖြင့် ရောက်အပ်၏။ဤကဲ့ သို့ အဋ္ဌကထာဆရာ မိန့်ဆိုထား သောကြောင့် ကောင်းမြတ်သော မင်္ဂလာတရား များ ဖြစ်ပေါ်စေရန်” မဟာသမ ယသုတ်”ကို ရွတ်ဆို ရမည်။

နတ် တို့သည် =ချစ်အပ်သည်၏အဖြစ် ၊စိတ်ကိုပွားစေတတ်သည်၏အဖြစ်ကို ရစေနိုင်သော”မဟာသမယသုတ်တော်”ကိုရွတ်ဆို ပူဇော် ကြကုန်လော့“မဟာသမယသုတ်တော်ကြီး ကို နာယူခွင့်ကြုံခဲ့ရတဲ့နတ်တွေ ဗြဟ္မာတွေက အဲ့ဒီတုံးက “ဘုရား ရဟန္တာတွေကို ရှိခိုးကြရ တာကို ပြန်သတိရပြီး ဝမ်းမြောက် ဝမ်းသာဖြစ်ကြလိမ့်မည် “သူတို့တွေ ဝမ်းမြောက် ဝမ်းသာဖြစ်ကြတာနဲ့အမျှ ဒီလိုကုသိုလ်တွေကို ပြန် လည်သတိရစေတဲ့ …

ဗုဒ္ဓဘုရားရှင်ရဲ့”မဟာသမယသုတ်”တော်ကြီးကို ရွတ်ဆိုပွားများကြတဲ့ ပုဂ္ဂိုလ်အားလုံးကိုလည်း ကျေးဇူးတတင်နဲ့ ကူညီကြမည်မှာ သေချာလှပါသည် ။(ကမ္ဘာမြေကြီးမြန်မြန်နေကောင်းပါစေ)

26.8.2020.ဗုဒ္ဓဟူးနေ့Thi Lar Nanda

Add a Comment

Your email address will not be published. Required fields are marked *