ဝေဖန်တိုက်ခိုက်မှု တွေခံနေ ရတဲ့ ဖြူဖြူထွေး အပေါ် နေခြည်ဦးက သူမရဲ့အမြင် ကို ပွင့်ပွင့် လင်းလင်း ပြောပြီ





CRD: LET PAN

UNICODE

နေခြည်ဦး က “ဖြူဖြူထွေး နဲ့ အပြင်မှာ တစ်ခါမှ မဆုံဖူးပေမယ့် သူ့ရဲ့ Page ကို Follow လုပ်ထားပါတယ်။ စိတ်ထဲမှာ ငါလုပ်ချင်လိုက်တာ လို့ တွေးလိုက်တဲ့ အရာတိုင်းကို သူက လုပ်သွားနိုင်တယ်။ အရမ်း ပီတိဖြစ် ချီးကျူး မိပါတယ်။ Digital Platform ပေါ်က ဆရာမကြီးကို လည်း တွေ့ချင်ပါသေးတယ်” လို့ ဖြူဖြူထွေးအပေါ် သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီး နေခြည် ဦးက ” အခုချို့တဲ့နေတဲ့ ဗီဒီယို သရုပ်ဆောင် တွေကို တွေ့ရင် နေခြည်တို့ စိတ်မကောင်းဖြစ်တာပဲရှိတယ်။

ဘာမှလိုက် မလုပ်ပေးနိုင် ဘူးပေါ့ နောက်ဆုံး လုပ်ပေးနိုင်ရင် ပိုက်ဆံလှူပေးတာပဲတတ်နိုင်တယ် သူကတော့အဲ့လိုမဟုတ်ဘူး ကိုယ်တိုင် သွားလှူတယ် သူ့ရဲ့ Video လေးတွေမှာ ထည့်သုံးတယ် အဲ့ဒီလိုကိုလုပ်ပေးတာ အဲ့ဒါကိုအရမ်းသဘောကျမိတယ် ” လို့ဆိုလာခဲ့တာပါ။ နေခြည်ဦး ကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ အရူးအမူး အားပေး နေကြတဲ့ နာမည်ကျော် ဗျူးတီဘလော့ဂါ တစ်ယောက်ပဲ ဖြစ်ပါတယ် ။ လက်ရှိတော့မှာ ရုပ်ရှင်ကား တွေလည်း ရိုက်ကူးနေပြီး မင်းသမီးတစ်ယောက်အဖြစ်လည်းရပ်တည်နေပြီပဲဖြစ်ပါတယ် ။

ဝေဖန်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရင်းနဲ့ ဗျူးတီးဘလော့ဂါဘဝကနေ အခုလိုအောင်မြင်ကျော်ကြားလာတဲ့အနုပညာရှင်တစ်ယောက် ဖြစ် လာတယ် ဆိုလည်းမမှားပါဘူးနော်လက်တလော ဖေ့ဘုတ် စာမျက်နှာ ဖြူဖြူထွေးကို ဝေဖန်အကြံပြုသူ၊ ဝေဖန် သုံးသပ်သူ များနှင့် ဝေဖန် ရှုံ့ချသူ တစ်ချို့လည်း ရှိနေခဲ့တယ်ဆိုတာ ပရိသတ် တွေ သိပြီးဖြစ်မှာပါနော်။ ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခု မှာတော့ နေခြည်ဦးက ဖြူဖြူထွေးအပေါ် သူ့ရဲ့ အမြင် ကိုပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

နေခြည်ဦးကတော့ ဖြူဖြူထွေး အပေါ် သူမရဲ့ အမြင်ကို ပွင့်ပွင်လင်းလင်းချပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း ဖြူဖြူထွေး အပေါ် အမြင်လေးကို ပြောခဲ့ကြပါအုန်းနော်။

CRD:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *