(၂၇-၈-၂၀၂၀)ည(၈:၀၀)နာရီ COVID-19အတည်ပြုလူနာသစ် (၁၆)ဦးထပ်တွေ့ပြီး ရန်ကုန်၊မန္တလေး၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်းမှ ပါဝင်နေ





REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး (Case- 362,363,368,369) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၄၉) ဦး ရှိပါသည်။ ၎င်းတို့ အနက် (၃၃၉) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများ တွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက် ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ (၂၆-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၇-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၇) ဦးရှိပါသည်။(၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၆၃) ခု၊

ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၂၆) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၈၇) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ မှ ဓာတ်ခွဲနမူနာ (၇) ခုနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ကုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၆) ခု

စုစုပေါင်း (၁,၃၅၅)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး တွေ့ရှိရပါ သည်။(၂၇-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ (၆၀၂) ဦးရှိပြီပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *