(၂၇-၈-၂၀၂၀)နံနက် (၈:၀၀)နာရီ အသက်(၆)လ(၂)နှစ်(၁၁)နှစ် အရွယ်အပါအဝင်COVID-19အတည်ပြု လူနာသစ်(၆)ဦးထပ်တွေ့





REF: MINISTRY OF HEALTH

UNICODE

(၂၆-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၁,၂၈၄) ခု၊ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲ နမူနာ (၃၁၈) ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၇၃) ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၄၃၂)ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေ မြို့မှ ဓာတ်ခွဲနမူနာ (၂၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၄) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၄၂) ခု၊ စုစုပေါင်း (၂,၂၉၆) ခုအား စစ်ဆေးခဲ့ပါသည်။

(၂၆-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL )မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၄၅)ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ထပ်မံစစ်ဆေးပြီးစီး ခဲ့ သော ဓာတ်ခွဲနမူနာ (၁၆၂) ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၂၄) ခုတို့တွင်-

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိခဲ့ရပါသည်။ (၂၇-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံ တွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၅၈၆)ဦး ရှိပြီ ဖြစ်ပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *