ကိုဗစ္လူနာ မ်ားထားရန္ ေမာင္ေတာၿမိဳ႕ ၌ အေရးေပၚ ယာယီေဆး႐ုံ ျပင္ဆင္ေနၿပီဟု ေျပာဆို

ရခိုင္ျပည္နယ္မွာ အမွန္တကယ္ လက္လုပ္လက္စားေတြကိုေတာ့ စားနပ္ရိကၡာေထာက္ပံ့ေပးမယ္။ အဲဒီလိုစီစဥ္ထားတယ္။”ေရာဂါပိုးေတြ႕ လူနာေတြနဲ႔ ထိေတြခဲ့သူေတြရဲ႕ ႏွာေခါင္းနဲ႔ အာေခါင္ တို႔ဖတ္ ဓာတ္ခြဲနမူနာေတြ ရယူစစ္ေဆးေနတယ္လို႔လည္း သိရပါတယ္။ က်န္းမာေရး နဲ႔အားကစားဝန္ႀကီးဌာနက ဒီေန႔မနက္ထုတ္ျပန္တဲ့ ကိုဗစ္-၁၉ လူနာသစ္ ၂၆ ဦး ထဲမွာ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္က လူနာသစ္ ၆ ဦးပါဝင္ပါတယ္။

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕မွာ ကိုဗစ္-၁၉ ေရာဂါပိုး ေတြရွိတဲ့ လူနာေတြ ထားရွိႏိုင္ဖို႔ သီရိမဂၤလာခန္းမႀကီးကို ယာယီေဆး႐ုံအျဖစ္ ႀကိဳ တင္ျပင္ဆင္ထားပါတယ္။အဆိုပါ ယာယီေဆး႐ုံမွာ လူနာ ၃၁ ဦးတက္ေရာက္ကုသႏိုင္ဖို႔ အခန္းေနရာ ၃၁ ခန္းျပင္ဆင္ထားတယ္လို႔ သိရ ပါတယ္။လက္ရွိ ေမာင္ေတာခ႐ိုင္ျပည္သူေဆး႐ုံမွာ ကိုဗစ္-၁၉ လူနာ ၂၄ ဦးသာ ကုသႏိုင္တဲ့ အတြက္ ယာယီေဆး႐ုံကို ႀကိဳတင္ျပဳလုပ္ ထားတာျဖစ္တယ္လို႔ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။“

ေဆး႐ုံမွာက လူနာ ၂၄ ဦးသာ ကုသႏိုင္တယ္။ ဒါ့ေၾကာင့္ စည္ပင္သာယာပိုင္ ၿမိဳ႕ေတာ္ခန္းမမွာ ယာယီေဆး႐ုံအျဖစ္ ႀကိဳတင္ ျပဳလုပ္ထား တာျဖစ္တယ္။”လို႔ ဦးေအာင္စိုးက ေျပာပါတယ္။က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ၾသဂုတ္ ၂၆ ရက္က ထုတ္ျပန္တဲ့ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၇ဝ ဦးရဲ႕ အမည္စာရင္းမွာ ေမာင္ေတာၿမိဳ႕မွ ပိုးေတြ႕လူနာ ၁၃ ဦး ပါဝင္ပါတယ္။

အဆိုပါပိုးေတြ႕လူနာေတြကေတာ့ မင္းခေမာင္း႐ြာ ကို တာဝန္နဲ႔ စစ္ေတြၿမိဳ႕မွ ျပန္လာသူ ေက်ာင္းဆရာမ ၁ ဦး၊ ေညာင္ပင္လွေက်း႐ြာမွ အသက္ ၄၅ ႏွစ္အ႐ြယ္အမ်ိဳးသား ၁ ဦး၊ ႀကိမ္ေခ်ာင္းေက်း႐ြာမွ အသက္၃၂ ႏွစ္အ႐ြယ္အမ်ိဳးသား ၁ ဦး၊ ေမာင္ေတာၿမိဳ႕ အိမ္တြင္းမႈေက်ာင္း Quarantine စင္တာက အမ်ိဳးသမီး၂ ဦးနဲ႔ အမ်ိဳးသား ၁ ဦး၊ စစ္ေတြျပန္ ေဝသာလီေက်း႐ြာမွ မိသားစု ၅ ဦး၊ ၄ မိုင္ရပ္ကြက္မွ အသက္၁၇ ႏွစ္အ႐ြယ္အမ်ိဳး သမီး ၁ ဦး၊ ေက်ာက္ပန္းဒူေက်း႐ြာက အမ်ိဳးသား ၁ ဦးတို႔ျဖစ္ပါတယ္။

အဆိုပါေရာဂါပိုးေတြ႕ရွိသူ ၁၃ ဦးနဲ႔ ထိေတြခဲ့သူ အားလုံးကို ေနအိမ္မွာသာ ေနထိုင္ေစၿပီး သူတို႔ရဲ႕ ေနအိမ္ေတြကို Locked down လုပ္ထား မယ္လို႔ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉးဦးစိုးေအာင္က ေျပာပါတယ္။“ပိုးေတြ႕လူနာ ၁၃ ဦးနဲ႔ ထိေတြ႕ခဲ့သူေတြကို Facility Quarantine မထားေတာဘူးဗ်။ Home Quarantine ထားၿပီး ေနအိမ္ကို ေလာ့ေဒါင္း ခ်ထားမယ္။ အိမ္ေရွ႕မွာစာကပ္ထားမယ္။ ဒီလူေတြ အျပင္ကို မ ထြက္ရေအာင္ ရပ္ကြက္၊ ေက်း႐ြာေတြမွာ ေကာ္မတီဖြဲ႕ ေစာင့္ၾကည့္မယ္။

Credit : DVB

UNICODE

ရခိုင်ပြည်နယ်မှာ အမှန်တကယ် လက်လုပ်လက်စားတွေကိုတော့ စားနပ်ရိက္ခာထောက်ပံ့ပေးမယ်။ အဲဒီလိုစီစဉ်ထားတယ်။”ရောဂါပိုးတွေ့ လူနာတွေနဲ့ ထိတွေခဲ့သူတွေရဲ့ နှာခေါင်းနဲ့ အာခေါင် တို့ဖတ် ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက်ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ လူနာသစ် ၂၆ ဦး ထဲမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က လူနာသစ် ၆ ဦးပါဝင်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေရှိတဲ့ လူနာတွေ ထားရှိနိုင်ဖို့ သီရိမင်္ဂလာခန်းမကြီးကို ယာယီဆေးရုံအဖြစ် ကြို တင်ပြင်ဆင်ထားပါတယ်။အဆိုပါ ယာယီဆေးရုံမှာ လူနာ ၃၁ ဦးတက်ရောက်ကုသနိုင်ဖို့ အခန်းနေရာ ၃၁ ခန်းပြင်ဆင်ထားတယ်လို့ သိရ ပါတယ်။လက်ရှိ မောင်တောခရိုင်ပြည်သူဆေးရုံမှာ ကိုဗစ်-၁၉ လူနာ ၂၄ ဦးသာ ကုသနိုင်တဲ့ အတွက် ယာယီဆေးရုံကို ကြိုတင်ပြုလုပ် ထားတာဖြစ်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။“

ဆေးရုံမှာက လူနာ ၂၄ ဦးသာ ကုသနိုင်တယ်။ ဒါ့ကြောင့် စည်ပင်သာယာပိုင် မြို့တော်ခန်းမမှာ ယာယီဆေးရုံအဖြစ် ကြိုတင် ပြုလုပ်ထား တာဖြစ်တယ်။”လို့ ဦးအောင်စိုးက ပြောပါတယ်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သြဂုတ် ၂၆ ရက်က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ဝ ဦးရဲ့ အမည်စာရင်းမှာ မောင်တောမြို့မှ ပိုးတွေ့လူနာ ၁၃ ဦး ပါဝင်ပါတယ်။

အဆိုပါပိုးတွေ့လူနာတွေကတော့ မင်းခမောင်းရွာ ကို တာဝန်နဲ့ စစ်တွေမြို့မှ ပြန်လာသူ ကျောင်းဆရာမ ၁ ဦး၊ ညောင်ပင်လှကျေးရွာမှ အသက် ၄၅ နှစ်အရွယ်အမျိုးသား ၁ ဦး၊ ကြိမ်ချောင်းကျေးရွာမှ အသက်၃၂ နှစ်အရွယ်အမျိုးသား ၁ ဦး၊ မောင်တောမြို့ အိမ်တွင်းမှုကျောင်း Quarantine စင်တာက အမျိုးသမီး၂ ဦးနဲ့ အမျိုးသား ၁ ဦး၊ စစ်တွေပြန် ဝေသာလီကျေးရွာမှ မိသားစု ၅ ဦး၊ ၄ မိုင်ရပ်ကွက်မှ အသက်၁၇ နှစ်အရွယ်အမျိုး သမီး ၁ ဦး၊ ကျောက်ပန်းဒူကျေးရွာက အမျိုးသား ၁ ဦးတို့ဖြစ်ပါတယ်။

အဆိုပါရောဂါပိုးတွေ့ရှိသူ ၁၃ ဦးနဲ့ ထိတွေခဲ့သူ အားလုံးကို နေအိမ်မှာသာ နေထိုင်စေပြီး သူတို့ရဲ့ နေအိမ်တွေကို Locked down လုပ်ထား မယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးဦးစိုးအောင်က ပြောပါတယ်။“ပိုးတွေ့လူနာ ၁၃ ဦးနဲ့ ထိတွေ့ခဲ့သူတွေကို Facility Quarantine မထားတောဘူးဗျ။ Home Quarantine ထားပြီး နေအိမ်ကို လော့ဒေါင်း ချထားမယ်။ အိမ်ရှေ့မှာစာကပ်ထားမယ်။ ဒီလူတွေ အပြင်ကို မ ထွက်ရအောင် ရပ်ကွက်၊ ကျေးရွာတွေမှာ ကော်မတီဖွဲ့ စောင့်ကြည့်မယ်။

Credit : DVB

Add a Comment

Your email address will not be published. Required fields are marked *